Knowledge

ရုတ်တရက် ဝမ်းအလွန်လျှောလျှင်၊ ကလေးဖြစ်စေ၊လူကြီးဖြစ်စေ ဝမ်းမရပ်မနားသွားပါလျှင်

၀မ်းအလွန်လျှောလျှင်

ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနားသွားပါလျှင် ဘာလုပ်ရမည်မသိဖြစ်တတ်ပါသည်။ အထူးသဖြင့် တောရပ်နေပြည် သူတို့ကြုံတတ်ကြလေသည်။

ထိုသို့ဖြစ်ပါလျှင် ဆူးပွတ်နေသောရေနွေးတစ်ခွက်ထဲသို့ လက်ဖက်ခြောက်လှော်ပြီးသား လက်တစ်ဆုပ်ကိုထည့်ပါ။

ပြီးလျှင်ဆားကော်ဖီဇွန်း(၁)ဇွန်းစာ ၊သကြား ကော်ဖီဇွန်း(၁)ဇွန်းစာနှင့် သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်၍ထည့်ပြီး နွေးနွေးလေးသောက်လိုက်ပေးလိုက်ပါ။

၀မ်းလည်းရပ်သွားပါလိမ့်မယ်။အားလည်းမယုတ်လျော့ပါဘူး။ သောက်နိုင်သမျှခဏခဏသာတိုက်ပေးလိုက်ပါ။ အင်ခိုင်ဘွန်တောင်တန်းမှာတောင်ယာလုပ်ကိုင်နေကြသူတိုင်းရင်းသားများရဲ့ ပွဲတွေ့ဆေးနည်းကျော်လည်းဖြစ်ပါတယ်။

၀မ်းလျောခြင်းဖြစ်ရပ်များနှင့်ကြုံတိုင်း နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရရှိသောဤဆေးလေးဖြင့် ကိုယ်တိုင်ရော၊ ပတ်သက်ဆက်နွယ် သူများအား ပြုလုပ်တိုက်ကျွေးပေးရာ ဝမ်းလျောခြင်းအတွက် အလွန်ထိရောက်ပါကြောင်း တင်ပြလိုက်ပါတယ်။

(ဆရာဝန်၊ဆေးရုံ၊ဆေးခန်းပြသကုသရန်ခက်သူတို့အတွက်သာ)လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ..။

ရဲမျိုးသူ(ဗောဓိမြိုင်)