လူသားတွေဟာအသက်အရွယ်လေးအတန်သင့်ရလာတာနဲ့အမျှသွေးသားတွေဟာလည်းတဖြေးဖြေးဆုတ်ယုတ်လာပြီးအလုပ်တွေပင်ပင်ပန်းပန်းလုပ်တဲ့ဒဏ်ကိုမိမိတို့ ခန္ဓာကိုယ် ကြီးကခံနိုင်ရည်စွမ်းကျဆင်းလာတတ်ပါတယ်။
အလုပ် တွေပင်ပင်ပန်းပန်းလုပ်ရတဲ့,လုပ်ခဲ့တဲ့ဒဏ်တွေကြောင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အကြောတွေကမကြာခဏညောင်းညာကိုက်ခဲနေတာမျိုး,အကြောတွေဆိုင်းချင်သလိုလိုဖြစ်သွားတာ,အကြောတွေလုံးဝဆိုင်သွားတာမျိုး,လေဖြန်းချင်သလိုလိုဖြစ်သွားတာ,လုံးဝလေ ဖြန်းသွားတာမျိုးတွေဖြစ်လာတတ်ပါတယ်။
အဲဒီလို ရောဂါ တွေခံစားနေရပြီဆိုရင်အခုဖော်ပြမဲ့ဆေးနည်းလေးကသက်သာပျောက်ကင်းစေမှာပါ။ဦးဇင်းကိုယ်လဲဦးဇင်းနဲ့ပက်သတ်ဆက်နွယ်နေတဲ့ဒကာကြီးတွေ,ဒကာမကြီးတွေကိုဆေးနည်းပြောပြပြီးသုံးစွဲဖို့တိုက်တွန်းသလိုကြုံတဲ့အခါမှာလည်းကိုယ်တိုင်ကိုယ်ကျဖော်စပ်ပေးခဲ့ပါတယ်။
အမြဲလိုလိုညောင်းညာကိုက်ခဲနေသူများဟာတစ်ပတ်လောက်ပုံမှန်စားလိုက်တဲ့အခါညောင်းညာကိုက်ခဲမှုတွေပျောက်ကင်းပြီးနောက်ထပ်ပေါ်မလာတော့ေ
ကြာင်းဝမ်းသာအားရလာပြီးပြောကြပါတယ်။
အကြောဆိုင်းနေသူများနဲ့လေဖြန်းနေသူများကကလည်းတစ်လ,နှစ်လစသည်အားဖြင့်ဖော်စားလိုက်,ခဏနားလိုက်နဲ့သုံးစွဲလိုက်လို့သက်သာပျောက်ကင်းကြောင်းဝမ်းသာအားရပြန်ပြောကြပါတယ်။
ဆေးနည်းလေးကတော
၁။ဖီးကြမ်းငှက်ပျောသီးမှည့်မှည့်ရယ်(မမှည့်ရင်ချောင်းဆိုးတတ်ပါသည်)
၂။သက်ရင်းကြီးရွက်ရယ်(၎င်းအပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်)
ဒီနှစ်မျိုးပဲလိုအပ်မှာပါ။
ဖော်စပ်ပုံကတော့
၁။ဖီးကြမ်းငှက်ပျောသီးကိုဟိုဘက်ထိပ်ဒီဘက်ထိပ်အတွင်းသားလေးတွေပေါ်ရုံလောက်လှီးဖြတ်ထားပါ။
၂။သက်ရင်းကြီးရွက်ကိုရေစင်အောင်ဆေးပြီးနှစ်ရွက်သုံးရွက်ထပ်ကာငှက်ပျောသီးကိုလုံအောင်ဖုံး၍လျော်နှင့်စည်းပြီးထုတ်ပါ။
၃။ပြီးလျှင်အိုးထဲထည့်ပြီးမီးဖိုပေါ်မှာ၆-နာရီကြာပြုတ်ရပါမည်။(၆-နာရီဆိုငြားလည်းဦးဇင်းကတောနှစ်ရေပွက်ပြီးဖိုပေါ်မှာမီးအေးအေးနဲ့ပစ်ထားလိုက်ပါသည်)
စားပုံစားနည်းကတော့
ပြုပ်ပြီးသားအထုပ်လေးကိုအပေါ်ကဖက်တွေပြန်ခွာ,ငှက်ပျောသီးကိုလည်းအခွံခွာပြီးအတွင်းသားကိုသာ–
မနက္တစ္လံုး
ညတစ္လံုး
တစ်နေ့နှစ်ကြိမ်စားရမှာဖြစ်ပါတယ်။
ငယ်ရွယ်တဲ့သူတွေအတွက်လည်းခရီးပင်ပန်းလို့
အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရလို့တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေရင် ၎င်းငှက်ပျောသီးလေးတစ်လုံးမျှစားလိုက်တာနဲ့ညောင်းညာကိုက်ခဲမှုများလျင်မြန်စွာသက်သာပါကြောင်းကိုယ်တွေ့မို့သတင်းကောင်းပါးလိုက်ပါရစေ။
ဖော်စပ်ပုံအဆင်ဆင့်ဓာတ်ပုံလေးတွေကိုလည်းတင်ပေးလိုက်ပါတယ်။
အထက်ပါဆေးနည်းကိုမိမိအားတစ်ဆင့်မျှဝေ
ပေးခဲ့ပါသောသူငယ်ချင်းဖြစ်သူ အရှင်ဝိစိတ္တ(ကျွန်ုပ်တို့အခေါ်”ဦးဝဲကျော်”)စစ်ကိုင်းတောင်ရိုး ပံ့သကူချောင်အားအထူးကျေးဇူးတင်ပါကြောင်း။
share from : xyznews