တစ်နေ့မှာ လူငယ်လေးနှစ်ယောက်ဟာ
ဟောင်းနွမ်းနေတဲ့ ရှုးဖိနပ်တစ်ရန်ကို
ယာတောအစပ်မှာ တွေ့လိုက်တယ်။
ဒီဖိနပ်ဟာ ယာလုပ်နေတဲ အဖိုးကြီးရဲ့
ဖိနပ်ဖြစ်မယ်ဆိုတာ သူတို့သိတယ်။
ပထမလူငယ္က –
” အကို၊ ကျွန်တော်တို့ သူ့ဖိနပ်ကို ခြုံပုတ်နောက်မှာ
ဝှက်ထားလိုက်ရအောင်။ ဒါမှ သူ ဖိနပ်ကို ရှာမတွေ့လို့
ဗျာများနေတာကို ကြည့်ပြီး ရယ်ကြတာပေါ့။ပျော်ချင်လို့ပါ ”
ဒုတိယလူငယ္က –
” ညီလေး၊ သူများဒုက္ခရောက်တာကိုကြည့်ပြီး
ပျော်တယ်ဆိုတာ မကောင်းဘူး။
မင်း တကယ်ပျော်ချင်သလား။ ဒီလိုလုပ်ကွာ ”
” ဘာလုပ်ရမလဲ အစ်ကို ”
” ငါတို့မှာပါတဲ့ ပိုက်ဆံတွေကို ရှုးဖိနပ်
၂ ဖက်မှာ ခွဲထည့်ထားကြမယ်။
အဖိုးကြီး ဖိနပ်စီးကြည့်လို့ အံ့အားသင့်ပြီး ဘာလုပ်ရမှန်း
မသိဖြစ်နေတာကို ကြည့်ပြီး ပျော်ကြတာပေါ့ ”
” အကိုပြောသလို တကယ်ပျော်ရမယ်ဆိုရင်
လုပ်ကြတာပေါ့ ”
သူတို့နှစ်ယောက်ဟာ ပိုက်ဆံတွေကို ဖိနပ်
၂ ဖက်မှာထည့်ပြီး နေရာမှာပြန်ချထားလိုက်တယ်။
ပြီးတော့ ခြုံနောက်မှာ ပုန်းပြီးစောင့်နေကြတယ်။
မကြာခင် အဖိုးကြီး ရောက်လာတယ်။
သူ့ဖိနပ် တစ်ဖက်ကို အရင်စီးတယ်။
ဖိနပ်ထဲမှာ တစ်ခုခုခံနေလို့ လက်နဲ့
နှိုက်ကြည့်လိုက်တော့ ပိုက်ဆံတွေ တွေ့တယ်။
သူဟာ အံ့သြသလိုဖြစ်သွားတယ်။
ဖိနပ်နောက်တစ်ဖက်ကို စီးပြန်တယ်။
ဖိနပ်ထဲက ပိုက်ဆံတွေ ထပ်တွေ့ပြန်တယ်။
အဖိုးကြီးဟာ မျက်ရည်တွေစီးကျလာတယ်။
ပြီးတော့ မြေကြီးပေါ်မှာ ဒူးထောက် လက်အုပ်ချီရင်း
ပါးစပ်က အခုလို အသံထွက်ပြောလိုက်တယ်။
” အို ဘုရားရှင် အခု ပိုက်ဆံပေးသူ
ဘယ်သူဆိုတာ ကျွန်တော်မသိပါဘူး။
ဒါမေပယ့် သူ့ကို အရမ်းကျေးဇူးတင်ပါတယ်ဘုရား ”
ဘာဖြစ်လို့လဲဆိုတော့ အိမ်ကမိန်းမ
နေမကောင်းတာ ၃ ရက်ရှိနေပြီ။
ဆေးဝယ်ဖို့ ပိုက်ဆံမရှိဘူး။ သမီးလေးလည်း အိမ်မှာ
စားစရာမရှိလို့ မနက်ကတည်းက ဘာမှ မစားရသေးဘူး။
အခုရတဲ့ပိုက်ဆံနဲ့ မိန်းမအတွက် ဆေးဝယ်သွားလို့ရပြီ။
သမီးလေးအတွက်လည်း စားစရာတွေ ဝယ်သွားလို့ရပြီ။
ဝမ်းသာလိုက်တာဗျာ။
ပထမလူငယ်ဟာ ဒီမြင်ကွင်းကိုကြည့်ပြီး
ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျနေတယ်။
ဒုတိယလူငယ်လည်း ပထမလူငယ်ကို
ကြည့်ရင်း ဝမ်းသာနေတယ်။ ပျော်ချင်သလား။
သူများကို ပျော်အောင်လုပ်ပေးရင် မိမိလည်း
ပျော်ရပါလိမ့်မယ်။
Credit to Original Writer