Knowledge

တစ်နေ့တစ်နေ့ စားရဖို့ မိမိကိုယ်တိုင် အသီးအရွက် ရောင်းပြီး အသက်ဆက်နေရရှာတဲ့ အသက် ၉၇ အရွယ် ဖွားဖွား

အသက်အရွယ်အိုမင်းလာပေမယ့် သားထောက်သမီးခံမရှိကြတဲ့ အဖိုးအဖွားတွေဟာ သူတို့ဝမ်းစာကို ကြိုးစားကာ ရှာဖွေစားသောက်ကြရရှာပါတယ်။စင်ကာပူနိုင်ငံက

အသက်၉၇နှစ်အရွယ် အဘွားအိုတစ်ဦးဟာ Sheng Shiong စူပါမတ်ကတ်က အသီးအနှံ အာလူး ဂျင်းတွေကိုဝယ်ယူကာ အမြတ်နည်းနည်းနဲ့ ပြန်လ်ရောင်းချရင်း ကိုယ့်ဝမ်းစာကိုယ် ရှာဖွေစားသောက်နေရသူဖြစ်ပါတယ်။

သို့ပေမယ့် အဘွားရဲ့သီးနှံတွေဟာ စူပါမတ်ကတ်ကဈေးထက် များတယ်ဆိုတဲ့အချက်ကြောင့် လူအများစုဟာ စူပါမတ်ကတ်မှာပဲ သွားရောက်ဝယ်ယူကြပါတယ်။

အသက်၁၀၀နီးပါးရှိပြီဖြစ်တဲ့ အဘွားအိုကာ အင်အားချိနဲ့ကာ နားလည်းထိုင်းနေပြီဖြစ်ပါတယ်။ ရှိသမျှခွန်အားလေးနဲ့ ဘဝကိုရုန်းကန်နေရှာတဲ့ အဘွားအိုဟာ အပတ်စဉ် ဈေးဝယ်ယူကာ လေးလံတဲ့ ပစ္စည်းတွေသယ်ပိုးခင်းကျင်းပြီး ဈေးဝယ်သူတွေကို မျှော်လင့်လျက်ရှိပါတယ်။

အဘွားကတော့ “သူဟာ မျက်လုံးရော နားရောမကောင်းတော့တဲ့အပြင် မှတ်ဉာဏ်လည်းမကောင်းတော့ကြောင်း သူ့အတွက် မုန့်ဝယ်ကျွေးတတ်တဲ့ ဈေးဝယ်သူတွေကို မမှတ်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အပြစ်တင်မိကြောင်း” ပြောပြရှာပါတယ်။

သနားဖွယ်ရာ အဘွားအကြောင်းကို FACEBOOK မှာမျှဝေခဲ့တဲ့ ပို့စ်ပိုင်ရှင်ကတော့ ဈေးလေးနည်းနည်းဝယ်ပေးခြင်းနဲ့ အဖွားရဲ့စားဝတ်နေရေးအတွက် ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Unicode