Love

ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားသူတွေကြောင့်ရလိုက်တဲ့ အဖိုးတန်သင်ခန်းစာ (၇)မျိုး

ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားသူတွေကြောင့်ရလိုက်တဲ့ အဖိုးတန်သင်ခန်းစာ (၇)မျိုး

လူတွေ ကိုယ့်ဘဝထဲကို ဝင်လာကြပြီး အချိန်တန်တော့လည်း ကိုယ့်ဘေးကနေပြန်ထွက်သွားကြတာ သဘာဝပါ။ ကိုယ့်ဘဝထဲဝင်ရောက်လာတဲ့သူတွေထဲမှာ ကိုယ့်အပေါ်ကောင်းတဲ့သူတွေလည်းပါလာသလို၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေလည်း ပါလာတာပါပဲ။ ကိုယ့်အပေါ်ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဆိုးတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ဘေးက သူတို့ ကိုယ့်ဘေးကထွက်သွားတဲ့အခါ ဒီလိုသင်ခန်းစာတွေကို ပေးသွားတတ်ကြပါတယ်။

( ၁ ) လူတိုင်းကို မယုံတတ်အောင် သင်ပေးတယ်

အခုခေတ်မှာ လူတော်တော်များများက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဟန်ဆောင်ကောင်းတတ်ကြပါတယ်။ ဒါကြောင့် ဟန်ဆောင်ကောင်းတဲ့ သူတွေနဲ့ တွေ့ကြုံရတဲ့အခါ လူတိုင်းကို မယုံသင့်ကြောင်း သင်ခန်းစာ ရသွားပါတယ်။

( ၂ ) သူတို့ကြောင့် ကိုယ် ပြောင်းလဲသွားတယ်

လူတစ်ယောက် ဘဝထဲကို ဝင်လာတဲ့အခါ သူတို့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေက ကိုယ့်အပေါ်သက်ရောက်မှုလေးတွေ ရှိလာပါတယ် ။ အဲ့ဒီအခါ ကိုယ်ကိုယ်တိုင်မှာလည်း ပြောင်းလဲမှုလေးတွေ အနည်းနဲ့ အများ ဖြစ်လာပါတယ် ။ သူတို့တွေနဲ့ အနီးကပ်နေတာများလေ သူတို့ရဲ့ အပြောအဆို၊ အပြုအမူလေးတွေက ကိုယ့်ကို ကူးစက်လေပါပဲ ။ ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့အချိန်မှာ ကိုယ်က ဖြည်းဖြည်းချင်းပြောင်းလဲနေတာမျိုးပါ။ ဒါကြောင့် အကောင်းမြင်စိတ်ရှိတဲ့သူ၊ စိတ်ကောင်းရှိတဲ့သူနဲ့ ပေါင်းပါလို့ ပြောကြတာပါ။

( ၃ ) ကိုယ်ဘယ်လောက် သန်မာတယ်ဆိုတာကို သိစေတယ်

သူမရှိရင် ကိုယ့်အတွက် အဆင်မပြေလောက်ဘူး၊ သူမရှိရင် ပြဿနာတွေကို ရင်မဆိုင်နိုင်လောက်ဘူး လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း သူထွက်သွားတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း ရပ်တည်နိုင်တယ်၊ ရင်ဆိုင်နိုင်တယ် ဆိုတာကို သိလိုက်ရတယ်။

သူငယ်ချင်းတွေကြားထဲ အရပ်ရှည်လွန်း/ပုလွန်းလို့ စိတ်ညစ်နေရင် ဒီအချက်တွေ တွေးကြည့်ပါ

( ၄ ) ကိုယ့်ကိုယ်ကို ဦးစားပေးတတ်ဖို့ သင်ပေးတယ်

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ထက်ပိုပြီး ဦးစားပေးခဲ့ပေမယ့်လည်း သူတို့ထွက်သွားချင်တယ်ဆိုရင် ကိုယ်က ဆွဲထားလို့မရပါဘူး ။ ကိုယ့်ဘက်က ဦးစားပေး၊အရှုံးပေးခဲ့တာတွေဟာလည်း အလကားဖြစ်သွားသလိုပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ ကိုယ့်ကိုယ်ကိုထက် ပိုပြီး ဦးစားမပေးသင့်ဘူးဆိုတာ သိခဲ့ရတယ်။

( ၅ ) တချို့လူတွေ ကိုယ့်ကို နာကျင်စေနိုင်တယ်ဆိုတာကို သိစေတယ်

လူတိုင်းက ကိုယ်ချင်းစာစိတ် ရှိတယ်၊ တစ်ဖက်သားနာကျင်အောင် လုပ်မှာ မဟုတ်ဘူးလို့ထင်နေတဲ့အတွေးတွေကို ပျောက်သွားစေတယ် ။ ကိုယ်ထင်ထားသလို လူတိုင်းက ကိုယ့်အပေါ်စာနာမှာ မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ တချို့လူတွေက သူတို့အဆင်ပြေဖို့ ကိုယ့်ကိုနာကျင်အောင်လုပ်တတ်တယ်ဆိုတာကို ကောင်းကောင်းသိသွားခဲ့တယ် ။

( ၆ ) ဘာအကြောင်းကြောင်းနဲ့မှ အရှုံးမပေးသင့်ဘူးဆိုတာ သင်ပေးတယ်

တစ်စုံတစ်ယောက်အတွက် ကိုယ့်ရဲ့အရာရာကို စွန့်လွှတ်ခဲ့ပေမယ့် သူက ကိုယ့်ကို ထားပြီး ထွက်သွားတဲ့အခါမျိုးမှာ ဘဝကို အရှုံးပေးချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝအတွက် ကိုယ်တိုင် တာဝန်ယူသင့်ကြောင်း ဘာအကြောင်းကြောင့်မှ အရှုံးမပေးသင့်ကြောင်း ဒီအချိန်မှ နားလည်သွားတာပါ။

( ၇ ) တခြားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို မပြောင်းလဲသင့်ဘူးဆိုတာ သိစေတယ်

သူ့ကိုချစ်လို့ ကိုယ့်ရဲ့မိသားစုတွေ၊ သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်ဖြတ်ပြီး နေခဲ့တာတွေ၊ ကိုယ့်ရဲ့ဝါသနာကို စွန့်လွှတ်လိုက်တာ၊ ကိုယ့်ကိုယ်ကိုပြောင်းလဲလိုက်တာတွေ လုပ်ခဲ့ပေမယ့် ထွက်သွားချင်တဲ့သူက ထွက်သွားတာပါပဲ။ ဒီတော့ ဘယ်သူ့အတွက်မှ ကိုယ့်ကိုယ်ကိုမပြောင်းလဲပစ်သင့်ဘူးဆိုတာ သိသွားပြီပေါ့ ။

Credit