Knowledge

ရွှေဝယ်စုတတ်သူများ ဒါတွေကို စစ်ဆေးပြီးမှ ဝယ်ကြပါဗျာ

ပစ္စည်းကြည့်လိုက်တော့ သိပ်မသင်္ကာဘူး။အစစ်နဲ့တော့ အတော်တူတယ်။ ဒါနဲ့ ပန်းတိမ်ဆရာကို ချိတ်လေးနားကို အဆိပ် ချခိုင်းလိုက်တာ့ အတုဖြစ်နေတယ်။ သေချာအောင် တံစဉ်းနဲ့တိုက်ချတော့ လုံးလုံးကိုအတုပဲ။

ဒါနဲ့ အဲ့အမျိုးသမီးကို ခင်ဗျားကြိုးက အတုဖြစ်နေတယ်ပြေတော့ မဟုတ်ဘူး ကျမဟာအစစ်တဲ့ဘောက်ချာပြလို့ရတယ်တဲ့။ ဘောက်ချာပြရရင် ယူခဲ့ မဟုတ်ရင် ရဲစခန်းအပ်မှာဆိုတော့။ ယူခဲ့မယ်ဆိုပြီး ပြန်သွားတယ်။ ကိုယ်ကတော့ ပြန်

မလာတော့ဘူးထင်နေတာ။ ခဏနေတော့ ဘောက်ချာယူလာတယ်။ ဒါနဲ့ ဘောက်ချာကြည့်လိုက်တော့ ၆ပဲသားကျော်ကိုတစ်သိန်းနဲ့ရောင်းထားတယ်။ ခင်ဗျား ဒီဈေးနဲ့ ဘယ်လိုဖြစ်နိုင်မှာလည်း ကြည့်အုံးဆိုတော့ စာတောင်မတက်

ဘူး။ မသိဘူး ကျမကို ဒင်္ဂါးရွှေဆိုပြီးရောင်းလိုက်တာတဲ့ မူဆယ် အလုပ်သွားရင်းလုပ်လာတာတဲ့။ ဒါနဲ့ အဲ့ဆိုင်ကို ဖုန်းဆက်လိုက်တယ်။ ကိုင်တယ်။ ဆိုင်ကလားဆိုတော့ဟုတ်တယ်တဲ့၊ မူဆယ်ကလားဆိုတော့ ဟုတ်တယ်တဲ့။ ဒါနဲ့

ခင်ဗျားတို့ဆိုင်ကဝယ်လာတာလို့ပြောတယ်။ အဲ့ရွှေက အတုကြီး ခင်ဗျားတို့ ဘယ်လိုလုပ်မှာလဲဆိုတော့။ ကျမတို့ရောင်းကတည်းကပြောတယ် ဒီရွှေက နမ့်ခမ်းရွှေ ရွှေညံ့တယ်တဲ့၊ သူတို့ကို ပြောလိုက်ပီးသားအပြင်မှာရောင်းလို့ ပေါင်လို့

မရဘူးလို့တဲ့။ ရွှေက ညံ့တာမဟုတ်ဘူး လုံးလုံးကိုအတုကြီး။ ဒါနဲ့ ခင်ဗျားတို့က အတုတွေရောင်းစားနေတာလားဆိုတော့ သူတို့က တစ်သိန်းပါလို့ ငွေစုပြီးသားဖြစ်အောင် ရောင်းပေးတာတဲ့။ ကျမတို့ဆိုင်မှာ ပြန်လာသွင်းလို့ရတယ်တဲ့။

၁၀ ရာခိုင်နှုန်းလျော့တဲ့။ကျမတို့တင်ရောင်းတာမဟုတ် တဈေးလုံး ဒီလိုပဲရောင်းနေတာတဲ့။ သူကပြောသေး သူတို့ငွေမပျောက်ပျက်အောင် ငွေစုပေးတဲ့သဘောတဲ့။ အောင်မယ် သူ့တောင်ကျေးဇူးတင်ရမယ့်သဘောဗျ။ ပါတဲ့ငွေနဲ့ ဖြစ်

သလိုရောင်းပေးတာ။ ဘောက်ချာပါ ပြန်ဝယ်မယ်ပေါ့၊ ရွှေရည်နေရာတွေမှာဖျက်ထားသေးတယ်။ ကဲ သေရာ။ ရွှေဆိုင်လောကမှာ ခုလို ဘာသိက္ခာ သမာဓိကျင့်ဝတ်မှမရှိကြပဲ မသိနားမလည်တဲ့သူတွေအပေါ်မှာ ထင်ရာစိုင်း လုပ်

ချင်သလိုလုပ်စားနေကြတာ ဘယ်လောက်တောင်များနေပီလဲ။ ရွှေရည်တွေဖြစ်ကတက်ဆန်း လုပ်ချင်သလိုလုပ်တယ်။အလျော့တွက်တွေ ယူချင်သလိုယူတယ်။ လုပ်ချင်တိုင်း လုပ်စားနေကြတာ။ ဒါတွေကို မသိနားမလည်တဲ့ ဆင်း

ရဲသားပြည်သူတွေက ခံနေကြရတယ်။ အကာကွယ်ပေးမယ့်သူမရှိဘူး။ ခုပုံစံက ရွှေအတုတရားဝင်ရောင်းနေတဲ့သဘောဖြစ်နေတယ်။ ဘယ်သူ့မှာတာဝန်ရှိလဲ။ဘယ်သူတာဝန်ယူဖြေရှင်းပေးကြမှာလဲ။ ရွှေလုပ်ငန်းရှင်များအသင်းတွေရှိပေ

မယ့် ရွှေဆိုင်တွေနဲ့ပတ်သက်ပြီး ထိန်းချုပ်ကွပ်ကဲမှု အင်မတန်နည်းတယ်။ မရှိသလောက်ပါပဲ။ တစ်ခါတလေစဉ်းစားမိတယ် ဘာ အတွက်ရှိမှန်းတောင် မသိဖြစ်နေတယ်။ စက်သုံးဆီအရည်အသွေးနဲ့အချိန်အတွယ်တွေတောင် စစ်

ဆေ းထိန်းချုပ်မယ့်သူရှိပီး ရွှေ၊ ရွှေဖြူ၊ စိန် ကျောက်မြတ်ရတနာဆိုင်တွေနဲ့ပတ်သက်ပြီး စစ်ဆေးထိန်းချုပ်တာ လုံးဝမရှိတာ အံ့သြစရာ မကောင်းဘူးလား။ ခုလိုပေါက်ကရဖြစ်ချင်တိုင်းဖြစ်နေတာတွေကို ရွေလောကသားတွေ အားလုံး

ဝိုင်းဝန်းဆွေးနွေးပြီးဖြေရှင်းသင့်တယ်၊ လက်ဝတ်ရတနာလောကနဲ့ပတ်သက် ပြောစရာတွေက အများကြီး အမြင်မတော်လို့ ပြောပြန် ရင်လည်း မကြိုက်ကြဘူး။ ကြားက ကိုယ့်ပဲ လူမုန်းများတယ် နေရာတကာပါတဲ့ ပွကြီး ဆူးလှည်းဖြစ်

လို့။ ကိုယ်မပြောလည်း ပြောမယ့်သူမရှိတော့ မနေနိုင်ဝင်ပြောဖြစ်နေပြန်ရော၊ မိတ်ဆွေများ ရွှေထည် လက်ဝတ်ရတနာဝယ်မယ်ဆိုရင် အရည်အသွေး၊ အလျော့တွက်သေချာမေးမြန်း စစ်ဆေးဝယ်ပါ။ ပြန်ရောင်းရင် ဘယ်လိုပြန်ဝယ်

တာလဲ သေချာမေးမြန်းဝယ်ပါ။

Unicode

ရွှေဝယ်စုတတ်သူများ ဒါတွေကို စစ်ဆေးပြီးမှ ဝယ်ကြပါဗျာ

တယ်။ ပစ္စည်းကြည့်လိုက်တော့ သိပ်မသင်္ကာဘူး။အစစ်နဲ့တော့ အတော်တူတယ်။ ဒါနဲ့ ပန်းတိမ်ဆရာကို ချိတ်လေးနားကို အဆိပ် ချခိုင်းလိုက်တာ့ အတုဖြစ်နေတယ်။ သေချာအောင် တံစဉ်းနဲ့တိုက်ချတော့ လုံးလုံးကိုအတုပဲ။