Knowledge

နဂါးမောက်သီးစားခြင်းရဲ့ကျန်းမာရေးကောင်းကျိုး ၅ ခု

နဂါးမောက်သီးကို အစာမစားခင် စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်

နဂါးမောက်သီးမှာပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး အစားအစာတွေမှာ ပါဝင်တဲ့ အဆီဓာတ်နဲ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေနဲ့ အထူးပဲ သင့်တော်ပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ

နဂါးမောက်သီးမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ကိုယ်ခံအားကို မြင့်တက်စေပတယ်။ဒါကြောင့်မို့လို့ နာတာရှည်လူမမာတွေနဲ့ မကြာခဏ ဖျားနာတတ်သူတွေအနေနဲ့ နဂါးမောက်သီးကို စားသုံးပေးသင့်ပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေတယ်

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် နဂါးမောက်သီးဟာ သဘာဝဆေးဝါးတမျိုးဖြစ်ပြီး အစာအိမ်တွင်းက အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးနိုင်တာကြောင့် အစာအိမ်ကျန်းမာရေးပြဿနာရှိသူတွေ ပုံမှန်စားသုံးပေးသင့်တဲ့ အသီးတမျိုးဖြစ်ပါတယ်။

သွေးအားကောင်းစေတယ်

နဂါးမောက်သီးမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်သည်အတွက် အထူးပဲ သင့်တော်ပါတယ်။

ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေတယ်

နဂါးမောက်သီးဟာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆီးလမ်းကြောင်းစနစ်ကို ကောင်းမွန်စေတာကြောင့်ကျောက်ကပ်ကျန်းမာရေး မကောင်းသူတွေနဲ့ ကျောက်ကပ်ရောဂါ ကာကွယ်လိုသူတွေအတွက် သင့်တော်ပါတယ်။

Unicode