Uncategorized

ဘ၀အတွက် အကျိုးရှိအောင် ဘယ်လိုဂိမ်းဆော့မလဲ

ကျတော်တို့ဂိမ်းဆော့တဲ့ ညီအစ်ကိုတွေ အပြောခံရလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။အဲ့ဒါကတော့ “အဲ့ဂိမ်းတွေဆော့လို့ ပိုက်ဆံရလို့လား”ဆိုတာပါ။ပိုက်ဆံရတဲ့နာမည်ကြီး Streamer တွေ ရှိပါတယ်။အဲ့ဒါကလဲ လူနည်းစုပါ။အတော်များများကတော့ ဘာမှမရပါဘူး။

ပိုက်ဆံကုန်ပါတယ်။အချိန်ကုန်ပါတယ်။တစ်ချို့လဲရှိတယ်။ပြောင်းလဲသင့်ပြီတဲ့။ဘ၀အတွက်အရေးကြီးတာတွေပဲ လုပ်တော့မယ်ဆိုပြီး ဂိမ်းဖျက်ပစ်လိုက်တဲ့သူတွေ။သူတို့အတွက် ကျတော်တစ်ကယ် ၀မ်းသာမိပါတယ်။(သူတို့သာ တစ်ကယ်တန်ဖိုးရှိတာတွေ လုပ်တော့မယ်ဆိုရင်ပေါ့)

ဒါပေမယ့် ခင်‌ဗျားသိလား။ဂိမ်းဆော့တာက တစ်ကယ်လိုအပ်ပါတယ်။မရှိမဖြစ်ကို လိုအပ်ပါတယ်။အချိန်အတိုင်းအတာ တစ်ခုတော့ သတ်မှတ်ထားဖို့ လိုတာပေါ့။ဂိမ်းဆော့မှ ဖြစ်မှာလားဆိုတော့ မဟုတ်ပါဘူး။အဓိကက စိတ်အပန်းဖြေဖို့ပါ။ဂိမ်းဆော့လို့ ပိုက်ဆံရလို့လား မေးတဲ့သူတွေကို ပြန်မေးကြည့်ပါ။ကိုရီးယားကားတွေကြည့်တာ ပိုက်ဆံရလား။ပန်းခြံကို ရည်းစားနဲ့သွားတာ ပိုက်ဆံရလား။အပျော်တမ်း ဘောလုံးကန်တယ်၊ခြင်းခတ်တယ်၊လက်ဖက်ရည်ဆိုင်ထိုင်တယ် အဲ့ဒါတွေကရော ပိုက်ဆံရလား။

အဲ့ဒါတွေကို အပြစ်ပြောတာ မဟုတ်ဘူးနော်။အကုန်လုံးက လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ ကျတော်တို့က စား၀တ်နေရေးအတွက် အလုပ်လုပ်လိုက်၊စားလိုက်၊အိပ်လိုက် လုပ်ရုံပဲဆို ဘ၀က ဘာအဓိပ်ပါယ်ရှိဦးမလဲ။အများအကျိုးအတွက် လုပ်သင့်တာလုပ်။စိတ်ကိုလဲ အပန်းဖြေဖို့ လိုအပ်ပါတယ်။

စိတ်ကိုအပန်းဖြေတဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဗျာ။တစ်ချို့က ပန်းချီဆွဲမယ်၊တစ်ချို့က FB ပွတ်မယ်၊တစ်ချို့က ရုပ်ရှင်ကြည့်မယ်၊တစ်ချို့က ဖွန်ကြောင်မယ်၊ Game ချစ်သူတွေက ဂိမ်းဆော့မှာပဲ။ဒါပေမယ့် ဟန်ချက်ညီဖို့တော့ လိုတယ်ဗျ။တစ်ဖက်စောင်းနင်း မဖြစ်ဖို့ပေါ့။အပေါ်က ခေါင်းစဉ်လို ဘ၀အတွက် အကျိုးရှိအောင် ဂိမ်းဆော့ချင်ရင်တော့ “အသက်မွေး၀မ်းကြောင်းဖို့ အလုပ်လုပ်မယ်။တတ်သင့်တဲ့ ပညာတွေ ဆည်းပူးမယ်။

အများအကျိုးအတွက် ပရဟိတတွေ လုပ်မယ်။အဲ့ဒါတွေလုပ်လို့ ဦးနှောက်က ပင်ပန်းလာရင်တော့ ဂိမ်းဆော့လိုက်ပေါ့ဗျာ။”တစ်ခုသတိထားဖို့က ဖုန်း‌ထဲမှာပဲ အချိန်မကုန်စေနဲ့ဗျ။အပြင်လူမှုဆက်ဆံရေးအတွက် သူငယ်ချင်းတွေနဲ့လဲ စကားပြောရမယ်။ကောင်မလေးအတွက်လဲ အချိန်ပေးရမယ်။(FAတွေကတော့ ကျော်သွားပါ)။

အဓိက ပြောချင်တာကဗျာ ဟန်ချက်ညီနေဖို့ပဲ။ဂိမ်းဆော့တာ အချိန်ဖြုန်းရာရောက်တယ်ဆိုပြီး ဖျက်ပစ်လိုက်ဖို့ မလိုပါဘူး။အချိန်လေးတစ်ခု သတ်မှတ်ထားလိုက်ပါ။ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဆော့မယ်ပေါ့။ကိုယ့်ရဲ့အားလပ်ချိန်တွေက ပုံမှန်မရှိဘူးဆိုလဲ တစ်နေ့ကို ဘယ်နှစ်နာရီထိ အများဆုံးထားဆော့မယ် ဆိုတာမျိုးလေး သတ်မှတ်ထားပေါ့။ဒါမှမဟုတ် ကိုယ်က ဂိမ်းနဲ့ အောင်မြင်ဖို့ လုပ်မယ်။

Streamerကြီးလုပ်မယ် ရည်ရွယ်ထားတယ်ဆိုရင်တော့ ဆော့ရုံနဲ့မရဘူး။အချိန်ပေးရမယ်။Train ရမယ်။Gaming Conceptတွေ၊Knowledgeတွေ၊Tips and Tricks တွေ အပြင်၊စကားပြောနည်းတွေပါ လေ့လာဖို့ လေ့ကျင့်ဖို့လိုပါတယ်။

Unicode