Knowledge

“ ပျံလွန်တော်မူရမည့် အချိန်ကို ကြိုသိနေခဲ့တဲ့ ကျောက်ဂူ ဆရာတော်ဘုရားကြီး ”

အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၉နာရီ ၁၀မိနစ်ခန့်တွင် နေပြည်တော်-မန္တလေးလမ်းတွင် ဆိုးရွားလှတဲ့ ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက် မှုကတော့ နေပြည်တော် -မန္တလေးလမ်း မိုင်တိုင် ၃၁၀/၃-၃၁၀/၄ ဖာလုံကြား တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူများပြားခဲ့ပြီး နာမည်ကြီးဆရာတော်ကြီးတပါးလည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်အဆိုပါ ဆရာတော်ကြီး ကတော့ ကျောက်ဂူ ဆရာတော် လို့လူသိများတဲ့ ပြည်တွင်းဒေသများစွာရှိ ဒကာ၊ ဒကာမများစွာရဲ့ ယုံကြည်လေးစားကိုးကွယ်နေတဲ့ ဆရာတော်တပါးလည်းြ ဖစ်တာတွေ့ရပါတယ်။

မကြာသေးမီက အဆိုတော် သရုပ်ဆောင် မင်းသွေးရဲ့ ရက်လည်တွင်လည်း ကြွရောက်တရားဟောကြားပေးခဲ့တဲ့ ဆရာတော်တပါလည်းဖြစ်ကြောင်းသိရပါတယ်ဆရာတော်ရဲ့ ဈာပန အခမ်းအနားအတွက် အစည်းအဝေး ထိုင်တဲ့ အခါ ပေါင်းလောင်းဆရာတော်က အောက်ပါအတိုင်း မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

တပည့်တော်က ဆရာတော်ရဲ့ လူဝတ်ဒကာလည်း ဖြစ်သလို ငယ်စဉ်ကတည်းက တပည့်လည်း ဖြစ်ပါတယ် ကျောက်ဂူဆရာတော် ပေါင်းလောင်မှ ပြန်ကြွပါးနီးတွင် တပည့်တော်ကို အခန်းတွင်းသို့ ခေါ်ဆောင်ပြီး မိန့်တော်မူတယ် ငါ့ကို ခန္ဓာဝန် ချခိုင်းတာ နှစ်ကြိမ်ရှိပြီ မချသေးဘူးလို့ နှစ်ကြိမ်လုံးကို ပြောနိုင်ခဲ့တယ်။

ယခု တတိယအကြိမ် ခန္ဓာဝန် ချခိုင်းပြန်ပြီ ယခု တစ်ကြိမ် ငါပါးစပ်က မထွက်ဆိုနိုင်ခဲ့ဘူးတပည့်တော်ကို မိန့်ခဲ့ပါတယ် ပေါင်းလောင်းဆရာတော်ရဲ့ ပြောကြားချက်အရ ကျောက်ဂူဆရာတော်ဟာ ပျံလွန်တော် မမူခင်ကတည်းက ခန္ဓာဝန်ချရတော့မယ်ဆိုတာကို ကြိုတင်သိနှင့်နေခဲ့ပါတယ်။

အလွန်ကိုပဲ တန်ခိုးတော် ကြီးမားလို့ ရှိခိုးဦးတင်မိပါတယ် အရှင်ဘုရား။

Credit : burmese asia

Unicode