မင်္ဂလာပါ ပရိတ်သတ်ကြီးရေ လိမ္မော်သီးရောင်းပြီး ရွာမှာ စာသင်ကျောင်းတွေဆောက်ပေးခဲ့တဲ့ အိန္ဒိယအမျိုးသား ဆင်းရဲရင်လက်အောက်ခံနိုင်ငံဘဝ ရောက်တတ်ပါတယ်။ ပညာရေးဟာ နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ။
စာသင်ကျောင်းလှူတယ်ဆိုတာ နိုင်ငံရဲ့အနာဂါတ်အတွက်ပါ။ အိန္ဒိယနိုင်ငံ ကာနာတာကာ ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၆၈) နှစ်အရွယ် Harekala Hajabba က လိမ္မော်သီးရောင်းပြီး ဘဝကိုရပ်တည်နေသူ တစ်ယောက်ဖြစ်ပါတယ်။
သူဟာ အညတရ မိသားစု တစ်စုကနေ မွေးဖွား လာခဲ့တာ ဖြစ်ပြီး မိသားစု အခက်အခဲတွေကြောင့် သူ့ရဲ့တရားဝင် ပညာရေးကိုပြီး ဆုံးအောင် မသင်ခဲ့ရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
သို့ပေမယ့် ဘဝမှာ ပညာဟာ အဓိကအရေးပါတဲ့ နေရာမှာ ရှိနေတာကို သိတဲ့သူဟာ သူ့ရွာမှာရှိတဲ့ ကလေးတွေ ပညာ ဆက်လက် သင်ယူ နိုင်ဖို့ သူလုပ်ဆောင်ပေးမယ် ဆိုပြီး ဆုံးဖြတ်လာခဲ့ပါတယ်။
Harekala က Mangalore ဆိပ်ကမ်းမြို့အနီး Newpadapu ရွာလေးမှာ နေထိုင်ပြီး ဝင်ငွေ ထွက်ငွေ မျှတအောင်ပြုလုပ်ဖို့အတွက် မြို့ပေါ်တက်ပြီး လိမ္မော်သီး ရောင်းချတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
တစ်ရက်မှာတော့ နိုင်ငံခြားသား ခရီး သွားစုံတွဲ တစ်တွဲက Harekala ဆီကနေ လိမ္မော်သီး တစ်လုံးဘယ်လောက်လဲ လို့ အင်္ဂလိပ် လိုမေးတဲ့ အခါမှာ Harekala အနေနဲ့ နိုင်ငံခြားဘာ သာစကား မပြောတတ်တာကြောင့် သူတို့ကို ပြန်မပြာနိုင်ခဲ့ပါဘူး။
အဲ့ဒီ အချိန်မှာ သူဟာအကြီးအကျယ် စိတ်ထိခိုက်မှုတွေ ရရှိခဲ့ပြီး ပညာဟာ ဘယ်လောက်အထိ အရေးပါကြောင်း နားလည် သဘောပေါက်လာခဲ့ပါတယ်။
ထို့ကြောင့် သူ့ရွာမှာရှိတဲ့ ကလေးတွေကို ပညာသင်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ သူရင်ဆိုင်ရမယ့် အရာများစွာ ရှိနေခဲ့ပါတယ်။အဓိကကတော့ ရွာမှာ ကျောင်းတစ်ကျောင်းမှ မရှိတာပဲဖြစ်ပါတယ်။
Harekala ရွာမှာ ကျောင်းဆောက်လုပ်ဖို့အတွက် ပိုက်ဆံကို ကြိုးစား ရှာလာခဲ့ပါတယ်။ မူလတန်းကျောင်း တစ်ကျောင်းဖွင့်လှစ်နိုင်ဖို့အတွက် သူဟာ လိမ္မော်သီးရောင်းရငွေထဲမှ တစ်နေ့ကို ရူပီး (၁၅၀) စုလာခဲ့ပါတယ်။
(၂၀၀၀) ခုနှစ်မှာတော့ သူဟာ မူလတန်းကျောင်း တစ်ကျောင်းကိုတည်ဆောက်နိုင်ဖို့ လုံလောက်တဲ့ ပိုက်ဆံကို ရရှိခဲ့လာပါတယ်။ အဲ့ဒီကတည်းက ကလေးတွေဟာ ကျောင်းကို စတင်တက်ရောက်နိုင်ခဲ့ပြီး အခုဆိုရင် ကျောင်းသားဦးရေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။
သူဟာ ချေးငွေထုတ်ချေးပြီး ကျောင်းတည်ဆောက်မယ့် မြေကိုဝယ်ယူခဲ့တာ ဖြစ်တယ်လို့ NDTV သတင်း ဌာနကဖော်ပြလာခဲ့ပါတယ်။ ဒေသခံတွေ အာဏာပိုင်တွေဆီကနေ ထောက်ပံ့ကြေးတစ်ခုမှမယူပဲ မူလတန်းကျောင်း တစ်ကျောင်းကို သူ့ရဲ့ အင်အားနဲ့တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ပရဟိတအဖွဲ့အနည်းငယ်ဆီကနေ ထောက်ပံ့မှုကို လက်ခံခဲ့လာပါတယ်။ အဲ့ဒီနောက် ရန်ပုံငွေရှာဖွေဖို့အတွက် နေ့ရောညပါ အလုပ်လုပ်ပြီးနောက် နောက်ဆုံးမှာတော့ Harekala ဟာ အသက် (၁၀) နှစ်ကနေ (၁၄) နှစ် အတွင်းရှိတဲ့ ကျောင်းသားတွေအတွက် အထက်တန်းကျောင်း တစ်ကျောင်းကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။
Harekala ဟာ ကျောင်းအတွက် လိုအပ်တဲ့အရာအားလုံးကို တတ်နိုင်သမျှ သူ့တစ်ယောက်တည်းရဲ့အင်အားနဲ့ လုပ်ဆောင်လာခဲ့ပါတယ်။ အဲ့လို ကိုယ်ကျိုးမကြည့်ပဲ လုပ်ဆောင်ခဲ့လို့လည်း (၇၁) ကြိမ်မြောက် အမျိုးသားနေ့ မတိုင်ခင်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဖုန်းတစ်ခုကို လက်ခံရရှိခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒါကတော့ သူ့ကို (Padma Shri) ဆုချီးမြှင့် ခံရကြောင်း ဝန်ကြီးဌာနက အကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါဆုက အိန္ဒိယ အစိုးရကပေးတဲ့ အမြင့်ဆုံးအရပ်ဘက်ဆုပဲ ဖြစ်ပါတယ်။
အစိုးရကို ကျွန်တော်တို့ရွာမှာ ကောလိပ်တက်ခွင့်ရဖို့တောင်းဆိုခဲ့သလို ကောလိပ်ကျောင်း ဆောက်လုပ်နိုင်ဖို့လည်း ပိုက်ဆံ တွေကိုစတင်စုဆောင်းနေပြီ ဖြစ်တယ်လို့ Harekala ခုလိုပြောပြလာခဲ့ပါတယ်။ Credit