Uncategorized

ဟန်ဆောင်မပြုံးနိုင်တော့တဲ့တစ်နေ့ကျရင် .. ကျွန်မ ငိုမိမှာပါ …

ပျော်ချင်ယောင်ဆောင်ပြီး ပြုံးယောင်ဆောင်ထားတဲ့နှုတ်ခမ်းတွေ မောပန်းလာတဲ့တစ်နေ့ကျရင် ကျွန်မလဲ ငိုမိမှာပါ ။ ဘယ်သူနဲ့မှ ထူးမခြားတဲ့ ကျွန်မကလဲ လူသားပါပဲလေ .. နာကျင်စရာတွေကို ခံစားတတ်သလို ဝမ်းနည်းစရာတွေကိုလဲ မှတ်မိနေတတ်တယ် ။

နာကျင်စေတာကို ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာဆိုပြီး ဖြေသိမ့်ခဲ့ရတဲ့ညတွေလွန်ချင်ပြီ ဒါမှမဟုတ် ကိုယ့်ကို နားလည်ပေးနိုင်တဲ့ လူူတစ်ယောက်ဆီမှာ ဖွင့်ဟလိုက်ချင်ပြီ အရာရာကို သိမ်းထားရင်း ဖြတ်ကျော်နေရတဲ့ နေ့ရက်တွေတိုင်းဟာ ရှင်သန်နေတယ်ဆိုရုံပါ အသက်ပုံမှန်ရှုဖြစ်မရှုဖြစ် မသဲကွဲတော့ဘူး ။ ကိုယ့်အနားက လူတွေကို ငဲ့ရင်းပင်ပန်းလာတဲ့အခါ ဘယ်သူ့မျက်နှာမှ မကြည့်ပဲ နေဖြစ်ချင်နေဖြစ်သွားလိမ့်မယ် ဒါမှမဟုတ် မမြင်ကွယ်ရာအရပ်မှာပဲ ရပ်နေချင် ရပ်နေမိလိမ့်မယ် ကိုယ်ဘယ်လောက်ငဲ့ငဲ့ ကိုယ့်အတွက် တစ်ချက်မှ ပြန်မငဲ့ကြည့်တတ်တဲ့ လူတွေနဲ့တွေ့တဲ့အခါ ကျွန်မ ရှောင်ပုန်းချင် ပုန်းနေမိတော့မယ် ။

ကိုယ့်ကြောင့်ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူးဆိုတဲ့လူတွေက တခြားသူတွေကြောင့် ပိုပြီး နာကျင်ရတတ်သလားလို့တောင် မေးချင်မိတယ်။ ခုတော့ ကိုယ်ပြုံးနေနိုင်သလောက် ပြုံးနေပြီး ကိုယ် ပျော်ချင်ယောင်ဆောင်နိုင်သမျှတော့ ပျော်တယ်ပေါ့ ။ တစ်နေ့ ဟန်ဆောင်ပြုံးဖို့တောင် မစွမ်းနိုင်တော့တဲ့တစ်နေ့ကျရင်တော့ … အရင်က ဖြစ်ခဲ့တာကော အခုဖြစ်နေတာတွေကော အရာအားလုံးကို ပေါင်းပြီး ကျွန်မ ငိုချချင် ငိုချမိမှာပါပဲလေ ဘယ်နေ့ဖြစ်လေမလဲဆိုတာပဲ မသိသေးတာပါ တကယ်တမ်းကျတော့ ကျွန်မစိတ်တွေ သိပ်ကို ပင်ပန်းနေပါပြီ ။

Credit သျှင်ယွန်း

Zawgyi

Credit သျှင်ယွန်