ေဆာင္းတြင္းလည္းေရာက္ေနၿပီျဖစ္တဲ့အတြက္ ကြၽန္မတို႔ေတြရဲ႕အသားေရေတြက ခ်မ္းေအးတဲ့ဒဏ္ေၾကာင့္ တျဖည္းျဖည္းနဲ႔ေျခာက္ေသြ႕အက္ကြဲတာေတြျဖစ္လာေတာ့မွာျဖစ္ပါတယ္။
တခ်ိဳ႕ဆိုရင္ နဂိုကတည္းက အသားေရေျခာက္ေသြ႕တတ္တဲ့အတြက္ ေဆာင္းရာသီမွာ အလြန္အမင္းေျခာက္ေသြ႕တာေတြျဖစ္လာႏိုင္ပါတယ္ အသားေရေျခာက္ေသြ႕လာမယ္ဆိုရင္ ယားယံတာ၊ အသားေရတင္းတင္းႀကီးျဖစ္ေနသလို ခံစားရမယ္အျပင္ အခ်ိန္ၾကာလာတာနဲ႔ အေရးအေၾကာင္းေတြျဖစ္ေပၚလာႏိုင္ပါတယ္။
ေဆာင္းရာသီမွာ သင္ဟာ အသားေရေျခာက္ေသြ႕တာကို အလြန္အမင္းခံစားရေတာ့မယ္ဆိုရင္ အသားေရကို ခါတိုင္းထက္ပိုၿပီး ဂ႐ုစိုက္ထိန္းသိမ္းေပးဖို႔ လိုအပ္ပါတယ္။ သင္ရဲ႕အသားေရက ေျခာက္ေသြ႕လာၿပီဆိုတဲ့ လကၡဏာျပတာနဲ႔ ဒီေရဓာတ္ျဖည့္ေပးတဲ့နည္းလမ္းတခ်ိဳ႕နဲ႔ ေျဖရွင္းၾကည့္ရေအာင္…။
ဓာတုပစၥည္းမပါတဲ့အေပ်ာ့စားမ်က္ႏွာသစ္ေဆးနဲ႔ မ်က္ႏွာသစ္ဆပ္ျပာတို႔ကို လိမ္းပါ
ဓာတုပစၥည္းမ်ားၿပီး ၾကမ္းတမ္းတဲ့မ်က္ႏွာသစ္ေဆးနဲ႔ မ်က္ႏွာသစ္ဆပ္ျပာေတြက သင့္မ်က္ႏွာရဲ႕သဘာဝအဆီအႏွစ္ေတြကို ဖယ္ရွားပစ္ႏိုင္ပါတယ္။ သင္က အသားေရေျခာက္ေသြ႕တတ္တယ္ဆိုရင္ ႏူးညံ့တဲ့မ်က္ႏွာသစ္ေဆးနဲ႔ ေရခ်ိဳးဆပ္ျပာတို႔ကို အသုံးျပဳေပးပါ။
မ်က္ႏွာသစ္ၿပီးသြားရင္ Moisturiser ေသခ်ာလိမ္းေပးပါ
သင္က မ်က္ႏွာသစ္ၿပီးတဲ့အခါ (သို႔) ေရခ်ိဳးၿပီးတဲ့အခါ ခ်က္ခ်င္းပဲ Moisturiser ကို လိမ္းေပးဖို႔ အေရးႀကီးပါတယ္။ ခႏၶာကိုယ္ကိုလည္း အလွဆီလိုမ်ိဳး ေရဓာတ္ျဖည့္ေပးတဲ့ပစၥည္းေတြပါဝင္တဲ့ ခရင္မ္ (ဒါမွမဟုတ္) လိုရွင္းတို႔ကို အသုံးျပဳေပးသင့္ပါတယ္။
Serum လိမ္းေပးပါ
သင့္မ်က္ႏွာက အရမ္းေျခာက္ေသြ႕ေနတယ္ဆိုရင္ သင့္အသားေရႏူးညံ့သြားဖို႔အတြက္ ကူညီေပးႏိုင္တဲ့ Serum ကို Moisturiser မလိမ္းခင္ လိမ္းေပးသင့္ပါတယ္။ ေကာင္းတဲ့ရလဒ္ရဖို႔အတြက္ တစ္ေန႔ (၂) ႀကိမ္ လိမ္းေပးလို႔ရပါတယ္။
Exfoliate လုပ္ဖို႔လည္း မေမ့ပါနဲ႔
ေဆာင္းတြင္းမွာလည္း အသားေရကို တစ္ပတ္ (၁) ႀကိမ္ေလာက္ျဖစ္ျဖစ္ Scrub (သို႔) exfoliate လုပ္ေပးသင့္ပါတယ္။ အသားေရမွာ မၾကမ္းတမ္းေစတဲ့ အာဟာရဓာတ္ျဖည့္ေပးတဲ့ Scrub တို႔ကို သုံးေပးပါ။ ဒါက အသားေရေျခာက္ေသြ႕ျခင္းမျဖစ္ေစတဲ့ ခရင္မ္ေတြကို အလြယ္တကူစုပ္ယူလို႔မရေအာင္ အေႏွာင့္အယွက္ေပးေနတဲ့ အေရျပားဆဲလ္အေသေတြကို ဖယ္ရွားေပးပါတယ္
ညဘက္ကို Moisturiser မ်ားမ်ားလိမ္းေပးပါ
မ်က္ႏွာကေန ေျခေထာက္အထိ အသားေရေျခာက္ေသြ႕အက္ကြဲေနတယ္ဆိုရင္ ေရဓာတ္ျဖည့္ေပးတဲ့ ခရင္မ္မ်ားမ်ားလိမ္းေပးဖို႔ လိုအပ္ပါတယ္။ အသားေရကို ႏူးညံ့ေစၿပီး ကပ္ေစးေစးမျဖစ္ေစတဲ့ထုတ္ကုန္ေတြကို ေ႐ြးခ်ယ္ဝယ္ယူလိမ္းေပးသင့္ပါတယ္။
ေရပူနဲ႔ေရခ်ိဳးတာကို ေရွာင္ပါ
ေဆာင္းရာသီမွာဆိုရင္ ေရေအးတဲ့အတြက္ ေရပူနဲ႔ ေရခ်ိဳးတတ္ၾကပါတယ္။ ေရပူနဲ႔ေရခ်ိဳးမယ့္အစား ေႏြး႐ုံေလာက္နဲ႔ ေရခ်ိဳးသင့္ပါတယ္။ ေရပူနဲ႔ အခ်ိန္အၾကာႀကီးေရခ်ိဳးတာ သင့္အသားေရကို ေျခာက္ေသြ႕ယားယံေစႏိုင္ပါတယ္။
Unicode
ဆောင်းတွင်းကာလ အလွန်အမင်းအသားရေခြောက်သွေ့တတ်သူတွေအတွက် ထိန်းသိမ်းနည်းများ
ဆောင်းတွင်းလည်းရောက်နေပြီဖြစ်တဲ့အတွက် ကျွန်မတို့တွေရဲ့အသားရေတွေက ချမ်းအေးတဲ့ဒဏ်ကြောင့် တဖြည်းဖြည်းနဲ့ခြောက်သွေ့အက်ကွဲတာတွေဖြစ်လာတော့မှာဖြစ်ပါတယ်။
တချို့ဆိုရင် နဂိုကတည်းက အသားရေခြောက်သွေ့တတ်တဲ့အတွက် ဆောင်းရာသီမှာ အလွန်အမင်းခြောက်သွေ့တာတွေဖြစ်လာနိုင်ပါတယ် အသားရေခြောက်သွေ့လာမယ်ဆိုရင် ယားယံတာ၊ အသားရေတင်းတင်းကြီးဖြစ်နေသလို ခံစားရမယ်အပြင် အချိန်ကြာလာတာနဲ့ အရေးအကြောင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။
ဆောင်းရာသီမှာ သင်ဟာ အသားရေခြောက်သွေ့တာကို အလွန်အမင်းခံစားရတော့မယ်ဆိုရင် အသားရေကို ခါတိုင်းထက်ပိုပြီး ဂရုစိုက်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ သင်ရဲ့အသားရေက ခြောက်သွေ့လာပြီဆိုတဲ့ လက္ခဏာပြတာနဲ့ ဒီရေဓာတ်ဖြည့်ပေးတဲ့နည်းလမ်းတချို့နဲ့ ဖြေရှင်းကြည့်ရအောင်…။
ဓာတုပစ္စည်းမပါတဲ့အပျော့စားမျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ဆပ်ပြာတို့ကို လိမ်းပါ
ဓာတုပစ္စည်းများပြီး ကြမ်းတမ်းတဲ့မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ဆပ်ပြာတွေက သင့်မျက်နှာရဲ့သဘာဝအဆီအနှစ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ သင်က အသားရေခြောက်သွေ့တတ်တယ်ဆိုရင် နူးညံ့တဲ့မျက်နှာသစ်ဆေးနဲ့ ရေချိုးဆပ်ပြာတို့ကို အသုံးပြုပေးပါ။
မျက်နှာသစ်ပြီးသွားရင် Moisturiser သေချာလိမ်းပေးပါ
သင်က မျက်နှာသစ်ပြီးတဲ့အခါ (သို့) ရေချိုးပြီးတဲ့အခါ ချက်ချင်းပဲ Moisturiser ကို လိမ်းပေးဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကိုလည်း အလှဆီလိုမျိုး ရေဓာတ်ဖြည့်ပေးတဲ့ပစ္စည်းတွေပါဝင်တဲ့ ခရင်မ် (ဒါမှမဟုတ်) လိုရှင်းတို့ကို အသုံးပြုပေးသင့်ပါတယ်။
Serum လိမ်းပေးပါ
သင့်မျက်နှာက အရမ်းခြောက်သွေ့နေတယ်ဆိုရင် သင့်အသားရေနူးညံ့သွားဖို့အတွက် ကူညီပေးနိုင်တဲ့ Serum ကို Moisturiser မလိမ်းခင် လိမ်းပေးသင့်ပါတယ်။ ကောင်းတဲ့ရလဒ်ရဖို့အတွက် တစ်နေ့ (၂) ကြိမ် လိမ်းပေးလို့ရပါတယ်။
Exfoliate လုပ်ဖို့လည်း မမေ့ပါနဲ့
ဆောင်းတွင်းမှာလည်း အသားရေကို တစ်ပတ် (၁) ကြိမ်လောက်ဖြစ်ဖြစ် Scrub (သို့) exfoliate လုပ်ပေးသင့်ပါတယ်။ အသားရေမှာ မကြမ်းတမ်းစေတဲ့ အာဟာရဓာတ်ဖြည့်ပေးတဲ့ Scrub တို့ကို သုံးပေးပါ။ ဒါက အသားရေခြောက်သွေ့ခြင်းမဖြစ်စေတဲ့ ခရင်မ်တွေကို အလွယ်တကူစုပ်ယူလို့မရအောင် အနှောင့်အယှက်ပေးနေတဲ့ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်
ညဘက်ကို Moisturiser များများလိမ်းပေးပါ
မျက်နှာကနေ ခြေထောက်အထိ အသားရေခြောက်သွေ့အက်ကွဲနေတယ်ဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်များများလိမ်းပေးဖို့ လိုအပ်ပါတယ်။ အသားရေကို နူးညံ့စေပြီး ကပ်စေးစေးမဖြစ်စေတဲ့ထုတ်ကုန်တွေကို ရွေးချယ်ဝယ်ယူလိမ်းပေးသင့်ပါတယ်။
ရေပူနဲ့ရေချိုးတာကို ရှောင်ပါ
ဆောင်းရာသီမှာဆိုရင် ရေအေးတဲ့အတွက် ရေပူနဲ့ ရေချိုးတတ်ကြပါတယ်။ ရေပူနဲ့ရေချိုးမယ့်အစား နွေးရုံလောက်နဲ့ ရေချိုးသင့်ပါတယ်။ ရေပူနဲ့ အချိန်အကြာကြီးရေချိုးတာ သင့်အသားရေကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။