သားသမီးတိုင်းအတွက် အဖေ့ရဲ့ ရင်တွင်းစကား(ဖတ်ရန်ပုံကိုနှိပ်ပါ)
သားသမီးတိုင်းအတွက် အဖေ့ရဲ့ ရင်တွင်းစကား
ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ အကြောင်းလေးပဲ ဖြစ်ပါတယ်။ အဖေတွေက
သားသမီးတွေနဲ့ ရင်း ရင်း နှီးနှီး မနေတတ်ကြပါဘူး။ ဒါကြောင့်လည်း သားသမီးတွေက ဖခင်တွေနဲ့ နည်းနည်းစိမ်းနေကြတာ အဆန်းမဟုတ်ပါဘူးနော်။ အိမ်တစ်အိမ်နဲ့ စီးပွားရေးမာန်တိုင်ဟာ ဖခင်တစ်ယောက်ရဲ့ လုပ်အားပါ။
ဖခင်အများစုဟာ နေ့ဘက်တွေမှာ အလုပ်သွားလုပ်ကြတဲ့အခါ သားသမီးတွေက မိခင်နဲ့ နေတာများတာအခါကျတော့ မိခင်နဲ့ပဲ တရင်းတနှီးရှိကြပြီး မိခင်ကိုသာ ချစ် ကြပါတယ်။ ဖခင်တွေက
သားသမီးတွေကို ချစ်ကြ ပေမယ့် ချစ်ကြော င်းကို ဖော်ပြလေ့မရှိပါဘူး။ သားသမီးတွေက မိဘတွေကို ချစ်ကြပေမယ့် မိခင်ကိုသာ ပိုချစ် ကြ တာ တွေ့ရပါတယ်။
သားသမီးဆိုတာ ရေချိုးပေးတဲ့အမေကိုကြတေ့ာ ချစ်တက်လိုက်ကြတာ စဉ့်အိုးထဲကို ရေအပြည့်ဖြည့်ပေးထားတဲ့ ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်း မသိကြပါ ဘူး။ သရက်သီးချိုချိုကို
အခွံလွှာ ခွဲခြမ်းစိတ်ဖြာပြီး ခွံ့ကျွေးတဲ့ သူ့အမေကိုတော့ ကျေးဇူးတင်လိုက်ကြတာ။ ချစ်လိုက်ကြတာ။ အမေ့ရဲ့ပါးပြင်လေးကိုတေ့ာဝိုင်းပြီး နမ်းလိုက်ကြတာ။
ဒီသရက်ပင်ကို မိုးထဲရေထဲ ရွှံ့တွေဗွက်တွေထဲမှာ အပင်ပန်းခံ အအေးမိခံပြီးစိုက်ပျိုးပေးခဲ့တာ ဟောဒီကအဖေပါ။ အဖေ့နှလုံးသာကိုတေ့ာ နားမလည်ကြဘူး။ သား သမီးတွေက အမေရဲ့နို့ဖိုး
ကိုသာမြင်လွယ်ကြတာ။ ဖခင်တွေရဲ့ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူး။ ထီးမိုးပြီးတေ့ာ ထမင်းချိုင့်ကြီးကိုဆွဲ ကျောင်း ကိုလိုက်ပို့ပေးတဲ့ အမေ့ရဲ့ အချစ်ကိုတော့ ရင်ထဲမှာ တစ်ဖွားဖွားနဲ့ပေ့ါ။ သိတက်လိုက်ကြတာ။
ထီးမိုး မပေးပေမယ့် ဟောဒီအိမ်ကြီး လုံခြုံနွေးထွေးတဲ့ဘဝကို ဖန်တီးပေးနေတာ ငါတို့ဖခင်တွေပါကွာ။ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုတော့ မသိကြဘူး။ မမြင်ကြဘူး။
အသိအမှတ်မပြုကြဘူး။ အဖေ့မှာလည်း နှလုံးသားနဲ့ပါ။ သောက်ရေအိုးထဲက ရေအေးအေးလေး ခပ်တိုက်တဲ့အမေ့ကိုတော့ချစ်လိုက်ကြတာ အဲဒီ သောက်ရေအိုးထဲကို ရေအပြည့်ဖြည့်ပေးထားတဲ့ အဖေ့စေတနာကိုတော့ လျစ်လျူရှုထားကြတယ်။
ပန်းပန်ပေးတဲ့ မိခင်ရဲ့ အချစ်ကိုသာ ခံစားတက်ကြတာ။ ပန်းကလေးတွေ ပွင့်လာအောင် ရေလောင်းပေါင်းသင်ပြီး ပျိုးပေးရတဲ့ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာကိုတော့ သူ တို့ လေးတွေ မခံစား
တက်ကြဘူး။ ဖခင်ဆိုတာ မိခင်တွေလို သားသမီးတွေကို ငါ့သားကြီးကို မေမေက ချစ်လိုက်တာ ငါ့သမီးလေးကို မေမေက ချစ်လိုက်တာလို့ ခရားရေလွှတ် တတွတ်တွတ် မပြော
တက်ကြပေမယ့် ရင်ထဲမျိုသိပ် ကျိတ်ပြီး ချစ်နေတက်တာလည်း ငါတို့ဖခင်တွေပါ။
လောက လူသားတွေက ပြောကြတယ်လေ။ သမီးမိန်းကလေးဆိုတာ ဘုန်းကံနိမ့်တယ်တဲ့။
ဒါပေမယ့်ကွယ် သားတို့ငယ်ငယ် သမီးတို့ငယ်ငယ် ရုပ်ရှင် ဇာတ်ပွဲအငြိမ့် ပွဲတွေမှာ သားတို့မြင်အောင် သမီးတို့မြင်အောင် ပုခုံးထက်မှာတင် အဖေပြခဲ့ဘူးတယ်လေ။ မိဘဆိုတာ သားသမီးယ
နဲ့ပတ်သက်လာရင် ဘုန်းနိမ့်တယ်ဆိုတာ မရှိပါဘူး ကွယ်။ အဖေ့မှာလည်း နှလုံးသားနဲ့ပါ။
သားတွေ သမီးတွေနဲ့ အနီးကပ်ပြုစု ယုယစောင့်ရှောက် ချင်ပေမယ့် သားတို့ သမီးတို့ အနာဂတ်
လှပဖို့အတွက် အဖေဟာ ကြိုးစားရမယ်လေ။အဖေ့ကိုနားလည်ပေး ကြပါ။ အဖေဟာ နှလုံးသားမရှိတာမဟုတ်ပါဘူး။ အဖေ့မှာလည်း နှလုံးသားနဲ့ပါ။ ဖခင်တွေဟာလည်း သားသ္မီးရဲ့ ချစ်ခြင်းကို ခံချင်ကြတယ်ဆိုတာကိုပါ။
ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကို ဖတ်ရှု့ပြီး အိမ်မှာရှိနေတဲ့ ဖခင်ကို အရမ်းကြီးမရင်းနှီးရင်တောင် ဖခင်ရှိတုန်းလေး ဂရုစိုက်ပေးပြီး ချစ် ခ င်ကြောင်း ပြပေးကြဖို့ တိုက်တွန်းပါရစေ။ ဖခင်တွေက သားသမီးတွေ
ရဲ့ အလိုက်သိမှုကိုပဲ လိုချင်ကြတာပါ။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း သာ ကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို မိသားစုလေးနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Unicode