စင်္ကာပူက နာမည်ကျော် သူဌေးတွေထဲမှာ Vernon Kwek အမည်ရ အသက်(၄၈)နှစ်အရွယ် သူဌေးကြီးလည်း ပါဝင်ပါတယ်။ သူဟာ Primech Services & Engineering ကုမ္ပဏီရဲ့ CEO ရာထူးရယူထားသူဖြစ်ပြီး ဝန်ထမ်း(၃၀၀၀)ကျော်ကို အုပ်ချုပ်နေရသူပါ။
Vernon ဟာ ဆင်းရဲတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပြီး၊ မိဘအမွေကြောင့် ချမ်းသာလာတဲ့ တစ်ခြားသူဌေးတွေနဲ့ မတူညီပါဘူး။
သူဟာဘဝမှာ ကျရှုံးမှုတွေနဲ့ နလန်မထူနိုင်ခဲ့သူ ဖြစ်ခဲ့ဖူးပြီး၊ ဒေဝါလီခံ လူမွဲစာရင်း သွင်း ခံခဲ့ရဖူးသလို၊ ကျောင်းကနေ ထုတ်ပယ်ခံခဲ့ရဖူးသူပါ။
သူဟာ ရုံးသန့်ရှင်းရေးဝန်ဆောင်မှု ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ရာ၊ အလုပ်မဖြစ်လို့ ချစ်သူကတောင် ” ရှင်ကတော့ သန့်ရှင်းရေးဝန်ထမ်းဘဝက ဘယ်တော့မှ တက်မှာ မဟုတ်ဘူး”လို့ နှိမ်တာကို ခံခဲ့ရဖူးပါတယ်။
ဒါပေမယ့် နှစ်အနည်းငယ် တောင့်ခံလိုက်ချိန်မှာအခု သူရဲ့ကုမ္ပဏီဟာ တစ်နှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ သန်း(၈၀) ဝင်နေပါတယ်။
မြန်မာငွေနဲ့ဆိုရင်တော့ သန်းပေါင်း (၈၈၀၀၀)ကျော်လို့ ဆိုရမှာပါ။ Vernon ဟာ ဆင်းရဲလွန်းလို့ ချစ်သူရဲ့စွန့်ပစ်တာကို ခံခဲ့ရပေမယ့်၊ အခု ပိုင်ဆိုင်သမျှတွေဟာ ချစ်သူဟောင်
းကြောင့် မခံချင်စိတ်နဲ့ ရလာတဲ့ ငွေတွေပါတဲ့။
သူဟာ လူမွဲစာရင်း သွင်းခံရပြီးနောက်၊ တစ်လကို စင်္ကာပူဒေါ်လာ(၂၅၀၀၀)စားရတဲ့ဘဝကနေ စင်္ကာပူဒေါ်လာ (၁၃၀၀)နဲ့ သန့်ရှင်းရေးစူပါဗိုက်ဇာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။
သူ (၁၄)နှစ်မှာ ကျောင်းစာညံ့လို့ ကျောင်းက ထုတ်ပယ်ခံခဲ့ရပြီးအဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖခင်ဖြစ်သူက အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
နောက် ဖခင်က သန့်ရှင်းရေးဝန်ထမ်းလုပ်ချိန်မှာ သူကလည်း အဖေ့အလုပ်ကို ကူလုပ်ခဲ့ပါတယ်။ အဲဒီနောက် တဖြည်းဖြည်း လုပ်ငန်းမှ
ာဖြတ်ထိုးဉာဏ်တွေ သုံးလာခဲ့ပါတယ်။
(၂၅)နှစ်မှာ ရှိသမျှငွေကို အလုပ်ဟောင်းဖြစ်တဲ့ ကုမ္ပဏီမှာ ရင်းနီးမြှုပ်နှံခဲ့ရာ အရှုံးပေါ်ခဲ့ပါတယ်။ အဲဒီနောက် လူမွဲစာရင်း အသွင်းခံလိုက်ရပြီး၊ (၅)ရက်ကြာ ငိုခဲ့ရပါတယ်။ (၂၇)နှစ်မှာ သန့်ရှင်းရေးကုမ္ပဏီထောင်ခဲ့ရာ၊ တရားမဝင် နိုင်ငံခြားအလုပ်သမား ခန့်အပ်မှုကြောင့် အဖမ်းခံခဲ့ရပြီး ထောင် (၄)လ ကျခဲ့ပါတယ်။
ကျရှုံးမှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရလို့ စိတ်ဓာတ်ကျခဲ့တဲ့ Vernon ဟာ သူရဲ့ အလုပ်ကြိုးစားမှုက သူရဲ့ အောင်မြင်မှုတွေကို ပိတ်ပင်လို့ မရခဲ့ပါဘူး။ နောက်ဆုံးတော့ သူဟာ အများအားကျရတဲ့ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူက အတိတ်အကြောင်းကို ပြောပြဖို့ ဘယ်တုန်းကမှ မရှက်ပါဘူးတဲ့။ သူက အတိတ်ကို အလွန် ကျေးဇူးတင်နေတယ်လို့လည်း ပြောပါတယ်။