Knowledge

စိတ်မနှံ့တဲ့မွေးစားသမီးကို စောင့်ရှောက်ဖို့ ရေထဲမှာ တစ်နေကုန်ဈေးရောင်းရတဲ့ အဖွားအို

လက်ရှိအချိန်မှာ အသက်(၈၅)ကိုတောင် ရောက်နေပြီဖြစ်တဲ့ အဖွား ငုရင်သီရိုဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ကလေးမရခဲ့တာကြောင့် မွေးစားသမီးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။ အဖွားငုရင်သီရိုရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက တိမ်းပါးသွားခဲ့တာမို့ အဖွားသီရိုတစ်ယောက် စိတ်ကျန်းမာရေးမကောင်းတဲ့ သမီးနဲ့ လူ့လောကအလယ်မှာ ရုန်းကန်နေရပါတယ်။

အခုဆိုရင် မွေးစားသမီးဖြစ်သူဟာ အသက်(၆၁)ကိုတောင် ရောက်နေပြီဖြစ်ပြီး၊ စိတ်ကျန်းမာရေး မကောင်းသူဖြစ်သည့်အလျှောက် အဖွား သီရိုအတွက်တော့ ကူဖော်လောင်ဘက် မရပါဘူး။ သို့သော်လည်း အဖွား သီရိုအနေနဲ့ သမီးအရင်းမဟုတ်သော်ငြားလည်း မိခင်အရင်းနဲ့မခြား၊ သမီးအရင်းနဲ့မခြား ပြုစုစောင့်ရှောက်ဖို့ တာဝန်ကို အပြည့်ယူထားပါတယ်။

အဖွားဟာ ပင်လယ်ရေတိမ်ပိုင်းမှာ ခရု၊ ယောက်သွား၊ ကမာ၊ ဂုံးစတဲ့ပင်လယ်စာတွေ မနက်စောစောပိုင်းကတည်းက နာရီပေါင်းများစွာ စုဆောင်းရပြီး၊ ခရီးသွားဧည့်သည်တွေကို ပင်လယ်ရေထဲကနေပဲ ဈေးရောင်းတဲ့ဓလေ့နဲ့ အသက်မွေးဝမ်းကြောင်း ပြုရပါတယ်။ အသက်အရွယ်အရ အနားယူရမယ့်အချိန်ကို ရောက်နေပေမယ့် သူမ မနားနိုင်ရှာပါဘူး။

လောလောဆယ် စိတ်သက်ရာ ရစေတဲ့အချက်ကတော့ ဒေသခံတွေပဲဖြစ်ဖြစ်၊ ခရီးသွားတွေကပဲဖြစ်ဖြစ် အဖွား သီရိုကို သနားပြီး သူမဆီကနေ ဈေးဝယ်အားပေးကြပါတယ်။ တစ်ခါတလေ ပိုက်ဆံလေးဘာလေး ပိုပိုသာသာ ပေးတာမျိုးရှိပြီး၊ တစ်ခါတလေ သူတို့မှာ ပိုလျှံနေတဲ့ စားစရာ သောက်စရာတွေ ရတတ်တာမျိုူးလည်း ရှိပါတယ်။

ဒီရတဲ့ငွေတွေဟာ သမီးအတွက် ဈေးဖိုးဝါးခကို ဦးစားပေးပြီး၊ ကျန်တာကိုမှ သူတို့သားအမိနှစ်ယောက် လောက်လိုက်၊ မလောက်လိုက်နဲ့ ဘဝတွေက လုံးခြာလည်နေတာပါ။ အဖွားသီရိုက ပင်လယ်ရေကို နှစ်ရှည်လများစိမ်ပြီး ဈေးရောင်းရသူမို့ ယားယံကြောင်း၊ အသားတွေ ပက်ကြောင်း၊ တစ်ခါတလေ အရေတွေ အလွှာလိုက်ကွာတယ်လို့ ပြောပါတယ်။

ဒီလို ဆိုးရွားတဲ့ အခြေအနေတွေဟာ နိစ္စဒူဝရင်းနီး ရုန်းကန်နေရသူတွေအဖို့ ပြောပလောက်တဲ့ အရာလို့တောင် ထင်ပုံမရပါဘူး။ ဒါမှမဟုတ် မဖြစ်မနေ ရေထဲဆင်းရမှ စားရမယ့် သောက်ရမယ့်ဘဝတွေမို့ ဒီဒုက္ခတွေကို မေ့ချင်ယောင်ဆောင်ထားတာလည်း ဖြစ်နိုင်ကောင်းပါတယ်။ လူမှုကွန်ရက်မှာ သူမအကြောင်း သနားစဖွယ် ပျံ့နှံ့နေပြီး လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေလည်း ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Unicode