Uncategorized

ဆားဝက်ခြံ နဲ့ အမဲစက်တွေကို လုံးဝပျောက်ကင်းသွားစေမယ့် နည်းလမ်း

အင်တာနက်မှာ ဆားဝက်ခြံပျောက်စေတဲ့ နည်းလမ်းကောင်းတွေ အများကြီးဖတ်ဖူးပါတယ် ။ တကယ်လုပ်ကြည့်တော့ သိပ်ပြီးအကျိုးမထူးတာတွေလည်း အများကြီးပါ ။ ဒါပေမဲ့ အခုနည်းလမ်းကို လုပ်ကြည့်ပြီးတဲ့အခါမှာတော့ သိသိသာသာကို အမဲစက်တွေလည်းကင်းပြီး ဆားဝက်ခြံတွေလည်း မရှိတော့ပါဘူး ။

လိုအပ်သောပါဝင်ပစ္စည်းများ

-သွားတိုက်ဆေး
-ဘရပ်ရှ် ( မျက်နှာသုံးရန်)
-ဆားအနည်းငယ်
-လက်ကိုင်ပုဝါ (သို့) ပတ်တီးပါးပါး
-ေရ
-ပလိန်းဒိန်ချဉ်အနည်းငယ်

လုပ်ဆောင်ရန်

ပထမဦးဆုံး မျက်နှာသန့်စင်ရန်အတွက် သွားတိုက်ဆေး နှင့် ဆားအနည်းငယ်ခန့်ကို ဘရပ်ရှ်သုံး၍ ရောမွှေပါ ။ ထိုအရောအနှောကို ဆားဝက်ခြံရှိရာ ၊ အမဲစက်ရှိရာ အရေပြားပေါ်သို့ ဘရပ်ရှ်ဖြင့် သုတ်လိမ်းပါ ။ စက္ကန့်၃၀ ခန့်ကြာလျှင် ရေနွေးလေးဖြင့် ဆေးကြောပါ ။ ထို့နောက် လက်ကိုင်ပုဝါ (သို့ )ပတ်တီး ခပ်ပါးပါးအရွယ်ကို ရေနွေးတွင်စိမ်ပါ ။ ထို့နောက် မျက်နှာပေါ်သို့ ၂၅မိနစ်ခန့် အုပ်ထားပါ ။

နောက်ဆုံးတွင် ဒိန်ချဉ်အနည်းငယ်ခန့်ကို အရေပြားပေါ်သို့ သုတ်လိမ်းပြီး ၁၀ မိနစ်ခန့် ထားပေးပါ ။ထို့နောက် ရေအေးဖြင့် ဆေးကြောလိုက်ခြင်းဖြင့် အမဲစက်များ သိသိသာသာလျော့ပါးသွားသည်ကို မြင်တွေ့ရမှာပါ ။ တစ်ပါတ်တစ်ခါ ပုံမှန်လုပ်ပေးခြင်းဖြင့် သင်လိုချင်တဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်မှာပါနော်.

Unicode