Knowledge

အကုသိုလ်ရောင်ပြန်

ကျွန်တော်ဟာ ရန်ကုန်တိုင်းလသာမြို့နယ်မှာ
နေထိုင်ပါတယ်။ လသာမြို့နယ်မှာ ရပ်ကွက်
ပေါင်း ၁၀ ခုရှိပါတယ်။

အဲဒီအထဲမှာ အမှတ်
၉ ရပ်ကွက်နဲ့ အမှတ် ၁၀ ရပ်ကွက်ဟာ
ဆေးရုံကြီးဝင်းဖြစ်ပါတယ်။ အမှတ် ၁၀ ရပ်
ကွက်မှာ ဆေးရုံကြီးဝင်းအလုပ်သမားတွေနေ
ထိုင်တဲ့ နှစ်ထပ်ပျဉ်ထောင်အိမ် သွပ်မိုး တန်း
လျားတွေရှိပါတယ်။

အဲဒီတန်းလျားမှာအသက် ၄၀အရွယ်လောက်
ရှိတဲ့ မခင်မေဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိ
ပါတယ်။ မခင်မေဟာ နှစ်ထပ်ပျဉ်ထောင်အိမ်
အပေါ်ထပ်မှာ နေထိုင်ပါတယ်။ မခင်မေဟာ
သူ့အခန်းက ကျဉ်းလေတော့ ထမင်းချက်ရင်
အိမ်ရှေ့က သစ်ပင်အောက်မှာ သွားပြီး ချက်
လေ့ရှိပါတယ်။

တစ်နေ့မှာတော့ မခင်မေဟာ သူဟင်းအိုးချက်
ပြီး ထမင်းအိုးကို မီးဖိုပေါ်တင်ကာ တည်နေပါ
တယ်။ ဒီအချိန်မှာ ခွေးလေခွေးလွင့်ကြွက်နီဆို
တဲ့ခွေးမတစ်ကောင်ဟာ ဟင်းနံ့ရတာနဲ့မခင်မေ
ရှိရာသစ်ပင်အောက်ကို ရောက်ရှိလို့လာပါတယ်။
ပြီးတော့ မခင်မေချက်ပြီး ချထားတဲ့ ဟင်းအိုးကို
သူ့နှုတ်သီးနဲ့ အဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာ မခင်
မေကခွေးမကြွက်နီကို ချောက်လိုက် လှန့်လိုက်
ရင်လဲ ရပါရဲ့သားနဲ့ သူ့နဘေးက နှစ်တောင်
လောက်ရှိတဲ့ထင်းချောင်းကြီးနဲ့ ရိုက်ထည့်လိုက်
တာ ခွေးမကြွက်နီဟာ ခါးစောင်းသွားပြီး ဖင်သီ
ကာတအိုင်အိုင်နဲ့အော်ပြီးထွက်ပြေးသွားပါတော့
တယ်။

နောက်တော့ ခွေးမ ကြွက်နီဟာ မခင်မေလက်
ချက်နဲ့ ရက်ကွက်ထဲမှာခါးကြီးစောင်းငန်းစောင်း
ငန်းနဲ့ သွားလာနေပါတယ်။ တွေ့တဲ့သူတွေက
ဒုက္ခိတဖြစ်နေရှာတဲ့ ခွေးမကြွက်နီကို သနားကြ
လို့ ဟိုလူကကျွေး၊ ဒီလူကကျွေးနဲ့ တစ်ဝမ်းတစ်
ခါးကိုဖြည့်နေရရှာပါတယ်။ မခင်မေကတော့ခွေး
မကြွက်နီကို တစ်ခါမှထမင်းလည်းမကျွေးဘူး။
တွေ့တဲ့ နေရာမှာ အော်ငေါက်လွတ်လို့ ခွေးမ
ကြွက်နီဟာ မခင်မေကို တွေ့တဲ့ နေရာတိုင်း
ဟောင်ပါတယ်။

ဒီလိုနဲ့နောက်သုံးလလောက်ကြာတော့ မခင်မေ
က အိမ်ပေါ်ကအဆင်းမှာ လှေကားပေါ်က ခြေ
ချော်ပြီးလိမ့်ကျပါတယ်။ အောက်ကျတော့ ထိုင်
ရာကနေမထနိုင်ဘူး။ ခါးရိုးကျိုးသွားတယ်လို့ကို
ထင်မှတ်မိတယ်။ ယောက်ျားလုပ်သူက ဆေးရုံ
ကြီးဓါတ်မှန်ဌာနမှာအလုပ်လုပ်နေတော့ သူ့ဇနီး
မခင်မေကိုဓါတ်မှန်ရိုက်ကြည့်ပါတယ်။ ခါးဆစ်ရိုး
ဟာ ကျိုးလဲမကျိုးဘူး။ အက်လဲမအက်ဘူး။
ဒါပေမဲ့ လမ်းလျှောက်လို့ကို မရဘူး။ အိမ်ထဲမှာ
တောင်ဖင်ဒရွတ်ဆွဲပြီးသွားလာနေရပါတယ်။

မခင်မေကို တရုတ်ဓါတ်အပ်စိုက်ပြီး ကုသကြည့်
ပါသေးတယ်။ ဒါပေမယ့် အကြောင်းကား မထူး
ခြားပါ။ အိမ်မှာအကြောကိုင် အနှိပ်သည်၊ မြန်မာ
ဗိန္ဓောဆေးဆရာ၊ ကျပ်ထုပ်ထိုးပြီးအမျိုးမျိုးကုသ
ကြည့်ပါတယ်။မခင်မေဟာမိမွေးတိုင်းဖမွေးတိုင်း
အခြေအနေကိုပြန်မရောက်တော့ဘူး။

လမ်းလျှောက်နိုင်ပေမယ့် မခင်မေ၏ ခါးဟာမြင်မ
ကောင်းအောင်ကို စောင်းလို့နေပါတယ်။ မခင်မေ
ဟာအနှိပ်သည်အပါအဝင် ဆေးဆရာပေါင်း ၂၀
ခန့်ခေါ်ပြီး ကုသပေမယ့် ခါးစောင်းနေတဲ့ ရောဂါ
ဝေဒနာဟာ သမားတော်ကောင်း ဆေးကောင်း
တွေနဲ့ကုသတာပျောက်သင့်နေပြီ။ မပျောက်သေး
တာဟာ ပယောဂများဖြစ်နေတာလားလို့သံသယ
ဖြစ်မိကြပါတယ်။

ဒါကြောင့်အလုံမြို့နယ်မှာရှိတဲ့ ဆရာကြီး ဦးရာမ
ဆီကို သွားပြပါတယ်။ ဆရာကြီးဦးရာမဟာ သတ်
သတ်လွတ်စားပါတယ်။ ပုတီးအဓိဋ္ဌာန်လည်းဝင်ပါ
တယ်။ ပိတ်ဖြူစင်ကြယ်ဝတ်ပြီး ရေမန်းတစ်ခွက်နဲ့
ဆေးကုသပေးလေ့ရှိပါတယ်။ အခါအခွင့် သင့်ရင်
လည်း ဘုရားအို ဘုရားဟောင်းများကိုပြုပြင်တည်
ဆောက်လေ့ရှိပါတယ်။ ဆရာကြီးဦးရာမရဲ့ကုသမှု
ကြောင့် ရိုးရိုးရောဂါဝေဒနာနဲ့ ပယောဂမှန်သမျှဟာ
တော်တော်များများပျောက်ကင်းချမ်းသာကြပါတယ်။

မခင်မေက သူ၏ ခါးစောင်းနေတဲ့ ရောဂါဝေဒနာ
အကြောင်းကို ဆရာကြီးဦးရာမအားပြောပြပြီး ကုသ
ပေးဖို့ ပြောကြားပါတယ်။ ဒီအခါမှာ ဆရာကြီးဦးရာမ
က

သမီး ခွေးတို့ ကြောင်တို့ ကျေးငှက်တ ိရစ္ဆာန်တို့ကို
ညှင်းပန်းနှိပ်စက်ဖူးသလား ပြန်ပြီးတော့စဉ်းစားစမ်း
လို့မေးပါတယ်။

ဒီတော့ မခင်မေက လွန်ခဲ့တဲ့ သုံးကကျော်လောက်
က ခွေးမကြွက်နီကို ထင်းချောင်းနဲ့ရိုက်ခဲ့မိကြောင်း
ခွေးမ ကြွက်နီဟာ ယခုထက်ထိ ခါးကြီးစောင်းနေ
ကြောင်း၊ ခွေးမကြွက်နီဟာ ယခုထက်ထိ ရပ်ကွက်
ထဲတွင်ရှိနေကြောင်းလို့ဆရာကြီးဦးရာမကိုပြန်လည်
ပြီး ပြောပြလိုက်ပါတယ်။

ဒီအခါမွာ ဆရာႀကီးဦးရာမက သမီးရိုက္လိုက္လို့ခါး
စောင်းနေတဲ့ ခွေးမကို ရှာပြီးတောင်းပန်ပါ.။ ထမင်း
ကောင်းဟင်းကောင်းနဲ့ အဲဒီခွေးမကိုကျွေးပါ။ တတ်
နိုင်ရင် ဒီခွေးမရဲ့ရောဂါဝေဒနာကို ဆေးကုသပေးပါ
လို့မှာလိုက်ပါတယ်။

ဆရာကြီး ဦးရာမဆီက ပြန်လာကတည်းက မခင်မေ
ထမင်းကောင်း ဟင်းကောင်း ချက်ကာ ခွေးမကြွက်နီ
ကို နံနက်မှာတစ်ကြိမ် ညနေမှာတစ်ကြိမ်မှန်မှန်ကျွေး
ပါတယ်။ အဲဒီလို ခွေးမကြွက်နီကို ထမင်းကျွေးတိုင်း
သူ့အမှားကိုသူ တောင်းပန်ပါတယ်။ အကြိမ်ကြိမ်အခါ
ခါ ခွေးမကြွက်နီကို ကျွေးတော့ မခင်မေကို ခွေးမ
ကြွက်နီဟာ သိကျွမ်းပြီးခင်မင်လို့နေပါတယ်။ မခင်မေ
ကို အဝေးကတွေ့လိုက်တာနဲ့ ခွေးမကြွက်နီဟာအမြီး
နှန့်ပြီးပြပါတယ်။

မခင်မေဟာ တကယ့် စိတ် စေတနာ၊ မေတ္တာနဲ့ခွေးမ
ကြွက်နီကို တိရစ္ဆာန်ဆေးကုခန်းကို ခေါ်သွားပြီးဆေး
ဖိုးဝါးခ အကုန်အကျခံကာ ကုသပေးခဲ့ပါတယ်။ တစ်

ပတ်လောက်ကြာတော့ ခွေးမကြွက်နီရဲ့ ခါးစောင်းနေ
တဲ့ ရောဂါဝေဒနာ ပျောက်ကင်းချမ်းသာသွားချိန်မှာ
မခင်မေရဲ့ခါးစောင်းနေတဲ့ ရောဂါဝေဒနာဟာလည်း
ဘာဆေးနဲ့မှ မကုသလိုက်ရဘဲ သူ့အလိုလိုယူပစ်သ
လို ပျောက်ကင်း ချမ်းသာသွားပြီး ခါးစောင်းနေတဲ့
ရောဂါဝေဒနာဟာ အကောင်းပကတိ ဖြစ်လို့သွားပါ
တော့တယ်။

ဒီအချိန်ကစပြီး မခင်မေဟာ တစ်ချိန်ကထင်းချောင်း
နဲ့ ရိုက်နှက်ခဲ့တဲ့ ခွေးမကြွက်နီကို သူ့အိမ်မှာ ခေါ်ယူ
ထားပြီးတော့ မွေးထားလိုက်ပါတယ်။ အခုအခါမှာ
တော့ ခွေးမကြွက်နီဟာ အရင်ကလို တစ်ဝမ်းတစ်ခါး
အတွက် အိမ်တကာ လမ်းတကာကို လှည့်ပြီး အစာ
ရေစာအတွက် ရှာဖွေ စားသောက်ကာ မနေရတော့
ဘူး။ သူ့ကိုမှန်မှန်ထမင်းကျွေးနေတဲ့ သခင်မမခင်မေ
ရှိနေပြီလေ။။

ဒါကြောင့် ရှေးလူကြီးသူမတွေက ငရဲအပ ဝဋ်အမြဲလို့
ပြောတဲ့စကားဟာ သိပ်ကို မှန်တာပဲနော်။ ဝဋ်ဆိုတာ
မျိုးဟာ နောင်ဘ၀ နောင်အချိန်အထိကို မစောင့်ဘူး။
မျက်မှောက်ဘဝမှာတင် မသေခင် ဝဋ်ဆိုတာ လည်
တတ်တယ်။ လိုက်တတ်တယ်။ တစ်နည်း ပြောရရင်
တော့ အကုသိုလ်ရောင်ပြန်၊ အကုသိုလ်ပုံရိပ်လို့ ဆိုရ
မှာပေါ့နော်။ အကုသိုလ်တရားဟာ အလွန့်ကိုကြောက်
စရာကောင်းပါတယ်။ ကိုယ်ပြုခဲ့တဲ့အကုသိုလ်ဟာ လူ့
နောက်ကို အရိပ်ပမာ လိုက်နေသလို အစဉ်လိုက်လာ
တတ်ကြောင်းကိုတော့ လူတိုင်း သဘောပေါက်စေချင်
ပါတယ်။

အားလုံးသတ္တဝါတွေချမ်းသာပါစေ။
သုတေသီ ဘုန်းမြင့်သွေး
သီလ၀ ဘာသာရေးမဂ္ဂဇင်း
အတြဲ-၆၊ အမွတ္- ၇။ ၁၉၉၅၊ ဇူလိုင္လ။

XYZ