Health

ေသြးတိုးႏွင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအတြက္ ဒန႔္သလြန္အေစ့ေျခာက္အစြမ္း

(၁) ဒန႔္ သလြန္ ႐ြက္ ဟင္းခ်ိဳခ်က္ေသာက္ျခင္း၊ေၾကာ္စားျခင္းျဖင့္အစာေၾကေစသည္။ေသြးတိုးအမူးေရာဂါသက္သာေစသည္။

(၂) ဒန႔္သလြန္႐ြက္အစိမ္းကိုေထာင္းအရည္ညႇစ္ဆားအနည္းငယ္ခပ္၍တိုက္လွ်င္ေခ်ာင္းဆိုး။ကိုယ္ပူ အဖ်ားေရာဂါသက္သာေစသည္။

(၃) ဒန႔္သလြန္႐ြက္သတၱဳရည္ကိုမ်က္စဥ္းခပ္ေပးလွ်င္ေခါင္းႀကီးကိုက္ေရာဂါသက္သာေစသည္။

(၄) ဒန႔္သလြန္သီးမီးဖုတ္ အတြင္းမွအေစ့ႏွင့္အသားကိုျခစ္ယူၿပီး ၾကက္ဥႏွင့္ေရာေၾကာ္စားေသာ္ေသြးဝမ္း။လိပ္ေခါင္းေသြးက်ေရာဂါသက္သာေစသည္။

(၅) ဒန႔္သလြန္သီးအရင့္ကိုေနေျခာက္လွန္း အေစ့ေျခာက္ကိုဖန္ပုလင္းျဖင့္သိမ္းထားပါ။

ေသြးတိုးလွ်င္ႏွစ္ေစ့။သုံးေစ့ဝါးစားပါ။ေရအဝေသာက္ပါနာရီဝက္ အတြင္းေသြးတိုးက်ပါသည္။ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရွိလွ်င္ အေစ့ေျခာက္ကိုအမႈန႔္ေထာင္းၿပီးပ်ားရည္ႏွင့္ေန႔စဥ္ ဟင္းစားဇြန္းတစ္ဇြန္းခန႔္စားပါ။

ရင္ၾကပ္၊ေသြးတိုး၊ႏွလုံးေမာေရာဂါရွိလွ်င္ ဒန႔္သလြန္သီးအေစ့အေျခာက္အမႈန႔္ႏွင့္ ခ်င္း(ဂ်င္း)ေျခာက္မႈန႔္ဆတူေရာစပ္ၿပီးေရေႏြးႏွင့္ေသာက္ပါ။ဒန႔္သလြန္သီးအေစ့ေျခာက္ကိုေနလွန္းၿပီး သိမ္းထားလွ်င္ႏွစ္ၾကာသည္အထိအာနိသင္မပ်က္စီးပါ။

က်န္းမာေရးအေထြေထြဗဟုသုတ

Unicode

သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဒန့်သလွန်အစေ့ခြောက်အစွမ်း

(၁) ဒန့် သလွန် ရွက် ဟင်းချိုချက်သောက်ခြင်း၊ကြော်စားခြင်းဖြင့်အစာကြေစေသည်။သွေးတိုးအမူးရောဂါသက်သာစေသည်။

(၂) ဒန့်သလွန်ရွက်အစိမ်းကိုထောင်းအရည်ညှစ်ဆားအနည်းငယ်ခပ်၍တိုက်လျှင်ချောင်းဆိုး။ကိုယ်ပူ အဖျားရောဂါသက်သာစေသည်။

(၃) ဒန့်သလွန်ရွက်သတ္တုရည်ကိုမျက်စဉ်းခပ်ပေးလျှင်ခေါင်းကြီးကိုက်ရောဂါသက်သာစေသည်။

(၄) ဒန့်သလွန်သီးမီးဖုတ် အတွင်းမှအစေ့နှင့်အသားကိုခြစ်ယူပြီး ကြက်ဥနှင့်ရောကြော်စားသော်သွေးဝမ်း။လိပ်ခေါင်းသွေးကျရောဂါသက်သာစေသည်။

(၅) ဒန့်သလွန်သီးအရင့်ကိုနေခြောက်လှန်း အစေ့ခြောက်ကိုဖန်ပုလင်းဖြင့်သိမ်းထားပါ။

သွေးတိုးလျှင်နှစ်စေ့။သုံးစေ့ဝါးစားပါ။ရေအဝသောက်ပါနာရီဝက် အတွင်းသွေးတိုးကျပါသည်။နှလုံးသွေးကြောကျဉ်းရောဂါရှိလျှင် အစေ့ခြောက်ကိုအမှုန့်ထောင်းပြီးပျားရည်နှင့်နေ့စဉ် ဟင်းစားဇွန်းတစ်ဇွန်းခန့်စားပါ။

ရင်ကြပ်၊သွေးတိုး၊နှလုံးမောရောဂါရှိလျှင် ဒန့်သလွန်သီးအစေ့အခြောက်အမှုန့်နှင့် ချင်း(ဂျင်း)ခြောက်မှုန့်ဆတူရောစပ်ပြီးရေနွေးနှင့်သောက်ပါ။ဒန့်သလွန်သီးအစေ့ခြောက်ကိုနေလှန်းပြီး သိမ်းထားလျှင်နှစ်ကြာသည်အထိအာနိသင်မပျက်စီးပါ။

ကျန်းမာရေးအထွေထွေဗဟုသုတ