ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ဥပါသကာမှန်ရင် ရတနာသုံးပါး၏ ပြင်ပအရာတွေကို အလေးအမြတ်မပြုအပ်ဘူး။
ရတနာသုံးပါးရဲ့အပြင်ပမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေကို…
နံပါတ် (၁) မိမိကိုယ်ကို အပ်နှင်းလှူဒါန်းခဲ့လျှင်…
နံပါတ် (၂) ကိုးကွယ် လဲလျောင်းပုန်းအောင်းမှီခိုရာ
အဖြစ်နဲ့ ဆည်းကပ်ခဲ့လျှင်
နံပါတ် (၃) ကိုးကွယ်အားထားရာအဖြစ် ဆရာအဖြစ်နဲ့ ရည်ညွှန်းပြီး မိမိကိုယ်ကို တပည့်အဖြစ်နဲ့ ခံယူဆောက်တည်ခဲ့လျှင်
နံပါတ် (၄) အလွန်အမင်းရိုသေစွာ ရှိခိုးခဲ့လျှင်
မူလဆောက်တည်ထားတဲ့ သရဏဂုံသည်
အလိုလိုပျက်တယ်။
ဒီလိုပျက်စီးနည်းသည် “သာဝဇ္ဇ” အပြစ်ရှိတဲ့ သရဏဂုံ ပျက်စီးနည်း ဖြစ်တယ်။
အပြစ်ရှိတဲ့ပျက်စီးနည်းဆိုတာ ဘာကိုပြောတာလဲ။
“သော စ အနိဋ္ဌဖလော ဟောတိ” နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်တဲ့။
ရတနာသုံးပါးရဲ့ အျပင္ဘက္က ျဖစ္တဲ့
ဆူးလေနတ်ကြီးတို့ ဘာတို့ပေါ့။
အဲဒီနတ်တွေကို အလွန်အမင်း ရိုသေစွာရှိခိုးလိုက်သည်နှင့် တစ်ပြိုင်နက်တည်းမူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။
ရွှေတိဂုံဘုရားမှာ ပန်းတွေ လှူတယ်။ ရေချမ်းတွေ လှူတယ်။လှူပြီးလို့ စေတီတော်ကို ရှိခိုးပြီးတာနဲ့ ဟိုဘက်လှည့်ပြီးတော့ နတ်ကို ရှိခိုးလိုက်တာနဲ့ မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလိုပျက်စီးသွားတယ်။
မိမိတို့ရဲ့ အင်မတန် အဖိုးတန်နေတဲ့သရဏဂုံကို မပျက်စီးစေသင့်ဘူ။ အသိအလိမ္မာလေးနဲ့ စောင့်ရှောက်သင့်တယ်။
မင်းကြီးတို့ မင်းကလေးတို့ကို သွားပြီး ကိုးကွယ်ဆည်းကပ် ခဲ့လျှင်…အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင်လည်းမူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ ပျက်စီးရုံတင် မဟုတ်ဘူး။
သူက “သာဝဇ္ဇော” အပြစ်လည်း ရှိတယ်။
နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း
ရနိုင်တယ်။
ဒီ မင်းကြီး မင်းကလေးဆိုတဲ့ ဟာတွေသည်
ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလား
ပြန်ဆန်းစစ်ကြည့်ပါ။
မင်းကြီးတို့ မင်းကလေးတို့ ဝင်လာပြီဆိုလို့ရှိလျှင် သူတို့ ဘာလုပ်သလဲ။အရက်သောက်တယ်။ ကလည်း ကတယ်။ ဒီလို အရက်သောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မိမိတို့က ကိုးကွယ်ဆည်းကပ်ပြီ ဆိုကြပါစို့။
မိမိအဆင့်က အရက်သမားကို ကိုးကွယ်ဆည်းကပ်တဲ့အဆင့် ရောက်မသွားဘူးလား။ အလိုလို ရောက်သွားတယ်။
နောက်တစ်ခု ဒကာကြီးတွေ စဉ်းစားကြည့်စမ်းပါ။
ဘုန်းကြီးတို့ မြန်မာပြည်မှာ ကျေးရွာပေါင်း
နှစ်သောင်းကျော် ရှိတယ်လို့ ဆိုတယ်။
နတ်တော် ပြာသို ဝန်းကျင်လောက် ရောက်လာပြီဆိုလို့ရှိရင် မြန်မာပြည်ရဲ့ အလေ့အထအရ ကျေးရွာတိုင်းလိုလိုမှာနတ်ပွဲဆိုတာ ရှိတတ်ပါတယ်။
ကျေးရွာနှစ်သောင်းကျော် ရှိတော့ တစ်နေ့ တစ်နေ့မှာ ပျမ်းမျှခြင်းနှုန်းနဲ့ တွက်မယ်ဆိုလျှင် ဆယ်ရွာမှာ နတ်ပွဲတစ်ပွဲလောက်တော့ ရှိနိုင်ပါတယ်။
ဆယ်ရွာမှာ နတ်ပွဲတစ်ပွဲနှုန်းဖြင့် ကျေးရွာပေါင်း နှစ်သောင်းကျော်ဆိုတော့ တစ်နေ့မှာ နတ်ပွဲပေါင်းနှစ်ထောင်ဝန်းကျင်လောက် ရှိမယ်။
နတ်တော် ပြာသိုဝန်းကျင်လောက်ပြောတာပါ။ ဒီတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်လောက်ရှိတော့ …
ဟိုနတ်ပွဲမှာလည်း မင်းကြီး မင်းကလေးကို ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပင့်ပြန်ပြီ။ ဝင်ပူးပြန်ပြီ။
မင်းကြီးမင်းကလေးက ဝင်ပူးလာပြီဆိုလို့ရှိလျှင် အချိန်ကလည်း နည်းနည်းပေးရဦးမယ်။
အရက်သောက်ဖို့ အချိန်ကလည်း ပေးရသေးတယ်လေ။ကဖို့ ခုန်ဖို့ ဓားမြှောက်ပြဖို့အချိန်ကလည်း ပေးရသေးတယ်။ဒီတော့ နတ်ပွဲတစ်ပွဲကို သူက ငါးမိနစ်လောက် အချိန်ပေးမယ်ဆိုရင်ပေါ့ …သူ တစ်နေ့တစ်နေ့မှာ ကနိုင်တာ တစ်နာရီမှာ နတ်ပွဲ တစ်ဆယ့်နှစ်ပွဲ ရမယ်။
တစ်နေ့မှာ နတ်ပွဲတွေက များသောအားဖြင့်
နံနက် ၈-နာရီမှ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,တော့၊ ဆယ်နာရီပဲ ထားပါတော့။တစ်နေ့ ဆယ်နာရီဆိုတော့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်။
အခုဟာက နတ်ပွဲပေါင်း တစ်နေ့တစ်နေ့ပျှမ်းမျှအားဖြင့် နှစ်ထောင်ကျော်နေတော့ သူပေးနိုင်တဲ့အချိန်က တစ်နေ့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်လောက်အတွက်ပဲရှိတယ်။
ဟိုနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီး မင်းကလေး ပူးပြန်ပြီ။အဲဒါ ဝင်ပူးနေတာတွေ အကုန်လုံး မင်းကြီးမင်းကလေး ဟုတ်,မဟုတ် ဆိုတာကတော့ စဉ်းစားဖို့ မလိုဘူးလား။ လိုနေပါတယ်။
ဒါကြောင့် အနီးစခန်း ဆရာတော်ဘုရားကတော့ သူ့ရဲ့တရားတစ်ပုဒ်ထဲမှာ သူက ဘယ်လိုပြောထားသလဲ။“လူ့လောကမှာ အလိမ်ခံလူတန်းစားက အမြဲတမ်းရှိတယ်။ လိမ်မည့်လူသာ လိုတာ”တဲ့။
လိမ်မည့်သူကသာ ကျကျနနလိမ်။ အလိမ်ခံ
လူတန်းစားက အမြဲတမ်း ရှိပြီးသားဖြစ်တယ်။
ဒါက ဒကာကြီးတွေ တော်တော်လေး
လေးလေးနက်နက် စဉ်းစားဖို့ ကောင်းတယ်။
ဒီလောက်တောင် အဆင့်နိမ့်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားနဲ့ တန်းတူထားပြီးတော့ အိမ်မှာ ကိုးကွယ်ဆည်းကပ်နေ ကြတယ်။
အဲဒီလို ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ချို့လည်း
ပါနေကြပြန်တယ်။
သူတို့ကနေ ရှေ့ဆောင်ပြီးတော့ မင်းကြီး
မင်းကလေးကို ကိုးကွယ်ဆည်းကပ်တယ်။
ဆည်းကပ်လိုက်တော့ သူက ဘာအမိန့်ထုတ်သလဲ။
သူ့ကျောင်းထဲ ဝက်သား မသွင်းရဘူး။ ဘာဖြစ်လို့လဲ။
မင်းကြီး မင်းကလေးမကြိုက်လို့။
သူက ဘုရားမႀကိဳက္တဲ့ အလုပ္က်ေတာ့
သူရဲရဲလုပ်တယ်၊ အဝတ်ကတော့ သာသနာ့
ဝန်ထမ်း ရှင်ရဟန်း။
ဒါပေမဲ့လို့ သူက မင်းကြီး မင်းကလေး မကြိုက်တာကျတော့ ကျောင်းထဲ မသွင်းရဘူး။
ဘုရား မကြိုက်တာကျတော့ ကျောင်းဝင်းထဲသွင်းတယ်။ရှက်ဖို့ မကောင်းဘူးလား။ သိပ်ရှက်ဖို့ ကောင်းပါတယ်။နောက်လိုက် ဒကာဒကာမတွေအတွက်
သိပ်ပြီးတော့ ဝမ်းနည်းစရာကောင်းတယ်။
ဖားအောက်တောရဆရာတော်ဘုရားကြီ