ခေါင်းကိုက် တာလေးပဲဆိုပြီး ပေါ့ဆမိလိုက်လို့ အသက်ဆုံးရှုံးသွားတဲ့ ကောင်လေး…..
သင်ဟာ ခေါင်းကိုက် တတ်တဲ့သူ တစ်ယောက်လား၊ ဒါမှမဟုတ် ခေါင်း ထဲမှာ မကြည်မလင်နဲ့ တစ်ခုခုကို ထမ်းထားရသလိုကြီးဖြစ်နေလား။ ဒါဟာဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာတစ်ခုပါ။
တစ်ခါတလေ ခေါင်းကိုက်ပျောက်ဆေးလေးသောက်လိုက်၊ ဒါမှမဟုတ်လည်း ခဏလှောက်မှေးလိုက်ရင်ပဲဖြစ်ဖြစ် ပြန်ကောင်းသွားတာမျိုးလည်း ရှိပါတယ်။ ဒီလိုဆေးသောက်လိုက်ပြန်ကောင်းလိုက်နဲ့ လွယ်လွယ်ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်လို့ ခေါင်းကိုက်တယ်ဆိုတာလောက်ကို လူတော်တော်များများက သိပ်ပြီး မစိုးရိမ်ကြသလို၊ အထူးတလည်လုပ်ပြီးတော့လည်း ဆေးကုသမှုမခံယူကြပါဘူး။
ဒါကြောင့်ပဲ အကြာသေးခင်က ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ဟာ သူ့အသက်ကို ဆုံးရှုံးသွားခဲ့ရပါပြီ။ ပေါ့ပေါ့တန်တန်သဘောထားမိလိုက်တဲ့ အရာလေးတစ်ခုက အသက်ကိုပါနှုတ်ယူသွားခဲ့တာဖြစ်ပါတယ်။
အသက် ၁၄ နှစ်အရွယ် ကျောင်းသားလေး Christopher Bunch ဟာဆိုရင် အထက်တန်း ပထမနှစ်ကို စတင်တက်ရောက်ခဲ့ပြီး ဘောလုံးလေ့ကျင့်နေစဉ်မှာ ခေါင်းကိုက်လာတာဖြစ်ပါတယ်။ ကျောင်းသားလေးရဲ့ မိခင်ဖြစ်သူကတော့ သားလေးကို ရေသောက်နည်းလို့ ဖြစ်တာပဲထင်ပြီး အမှုမဲ့အမှတ်မဲ့ပဲ နေမိလိုက်တယ် လို့ဆိုပါတယ်။
ဒါပေမယ့်လည်း Christopher ဟာ ၄၈ နာရီလောက်အိပ်ပျော်သွားတဲ့အခါမှာတော့ ပုံမှန်မဟုတ်တော့ဘူးဆိုတာ မိဘတွေက ရိပ်မိသိရှိသွားပါတော့တယ်။ ဆေးရုံကို ချက်ချင်းပို့လိုက်တဲ့အခါမှာတော့ ဆရာဝန်က Christopher ဟာ ဦးနှောက်အမြှေးပါးရောင်တဲ့ ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့သတိပြန်မလည်လာတောတဲ့ Christopher ဟာ ဆေးရုံမှာကွယ်လွန်သွားခဲ့ပါတော့တယ်။ ဝမ်းနည်းကြေကွဲမဆုံးတဲ့ ကျောင်းသားလေးရဲ့ မိဘတွေကတော့ ယူကြုံးမရ ရင်ကွဲပက်လက်ဖြစ်နေရပါတော့တယ်။
စာဖတ်သူတွေအနေနဲ့လည်း ဝေဒနာတစ်ခုခုခံစားရတဲ့အခါ သေသေချာချာ အလေးအနက်ထားပြီး ဆရာဝန်ထံပြသကာ အချိန်မီကုသဖို့ တိုက်တွန်းလိုက်ရပါတယ်…။
Credit:Em
Unicode