ခြိုးခြံ ချွေတာ စားရမယ့် ကာလ ဖြစ်တဲ့အတွက် တန်ဖိုးနည်းနည်းနဲ့ အာဟာရ ပြည့်အောင်
ကျွန်တော်တို့ အခု ရက်ပိုင်းက ခြိုးခြံ ချွေတာ စားရမယ့် ကာလ ဖြစ်တဲ့ အတွက်
တန်ဖိုးနည်းနည်းနဲ့ အာဟာရ ပြည့်အောင် ဘယ်လို စားရမလဲ အကြံပေးချင်ပါတယ်
၁။ ဆန် – အခုချိန် ပေါ်ဆန်းမွှေး ထက်၊ ဧမထ လို နည်းနည်း မာပြီး အဆာခံမယ့် ဆန် ကို ရွေးစေချင်ပါတယ်။ ရေငှဲ့ ချက်တာထက် ရေခမ်း ချက်တာ က ထမင်း ကုန် သက်သာစေပါတယ်။
၂။ ရေငှဲ့ ချက်ခဲ့ရင် လဲ ထမင်းရည် ကို မသွန်ပစ်ပါနဲ့၊ ထမင်းရည်ဟာ ကာဗိုဟိုဒရိတ် များတဲ့ အပြင် ဗီတာမင် သတ္တု တချို့လဲ ပါဝင်ပါတယ်။ ခြုံပြောရရင် အာဟာရ တန်ဖိုး များပါတယ်။ အကျိုးရှိပါတယ်။
၃။ ပဲ – အသားဓါတ် အတွက် တန်ဖိုး အသင့်ဆုံး ကတော့ ပဲ ပါပဲ။ ဗီတာမင်၊ သတ္တုဓါတ် များစွာ ပါဝင်ပါတယ်။ အထားခံတဲ့ အတွက် အခုချိန်မှာ
အသင့်တော်ဆုံးပါ
၄။ ကြက်ဥ – ဈေး အတော်အတန် သက်သာ ပါတယ်။ ပဲ လောက်တော့ မသက်ပါ။ ဒါပေမယ့် အသားဓါတ် ကြွယ်ဝပြီး အာဟာရဓါတ် စုံလင်ပါတယ်။ ကြာကြာတော့ အထားမခံပါ။
၅။ ကန်စွန်းဥ၊ အာလူး – အတော်အတန်တော့ အထားခံ ပါတယ်။ အာလူး က ပို အထားခံပါတယ်
၆။ မြေပဲ – အာဟာရ စုံလင်ပြီး၊ ဈေးလဲ အတော်အတန် သင့်ပါတယ်
၇။ ဆီ – စားအုံးဆီ က လှဲရငျ ကနြျ သင့ျတဲ့ ဆီ သုံးပါ၊ ၅၀ သား တဈဘူး ကို ၁၈၀၀-၂၀၀၀ တနျဆို မဆျိုးလောကျပါဘူး။
၈။ ငါးခြောက် – စားချင်လို့ ဝယ်ခဲ့ သည် ရှိသော်၊ ဆားပေါ့တဲ့ ငါးနီတူခြောက် လိုမျိုးသာ ဝယ်ပါ။ အာဟာရ မဖြစ်ပေမယ့်၊ ထမင်း နဲ့ စားလို့ အဆင်ပြေပြီး၊ အထားလဲ ခံလို့ပါ။
၉။ အရွက် ကတော့ အခု အခြေအနေမှာ စားဖြစ်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမယ့် ဝယ်ရ ခက်နေတဲ့ အခုလို အခြေ အနေမှာ နေ့တိုင်း စား
ဖြစ်ဖို့က ကျွန်တော် ကိုယ်တိုင်လဲ ခက်ခဲနေလို့ပါ
၁၀။ ဆီသွပ်ဗူး၊ ခေါက်ဆွဲခြောက် ကတော့ မရှိသုံးစားဖို့အတွက် ဆောင်ချင် ဆောင်ထားပါ။
၁၁။ ရေ များများ သောက်ပါ၊ ရာသီဥတု အရမ်းပူလို့ပါ။
အားလုံးပဲ ကျန်းကျန်းမာမာ နဲ့ အရာရာကို ကျော်လွှားနိုင်ကြပါစေ 🙏 🙏 🙏
Unicode
ခြိုးခြံ ချွေတာ စားရမယ့် ကာလ ဖြစ်တဲ့အတွက်
တန်ဖိုးနည်းနည်းနဲ့ အာဟာရ ပြည့်အောင်