Knowledge

ဘုရားကို ပိတ်ထားလို့ ရပေမဲ့ သဒ္ဓါတရားကိုတော့ ပိတ်ထားလို့မရဘူး

ရွှေတိဂုံဘုရား မုဂ်တံခါးက ဗုဒ္ဓဘာသာတို့ရဲ့ သဒ္ဓါတရားများရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။

မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သောအလောင်မင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလဲခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံဟု ခေါ်ဆိုကြသည်။

နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံလိုလို ဒဂုံလိုလိုဖြစ်နေသောစကားလုံးကိုလည်း တိဂုံဖြင့် အတည်ပြုပေးလိုက်ကြသည်။

ထိုအချိန်မှစ၍ ကျိုက်လဂုံသည် မြန်မာပြည်တွင်မှာသာမက ကမ္ဘာ့တဝှမ်းမှာ ရွှေတိဂုံဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ခရက်ဒစ်

Zawgyi

ဘုရားကို ပိတ်ထားလို့ ရပေမဲ့ သဒ္ဓါတရားကိုတော့ ပိတ်ထားလို့မရဘူး ရွှေတိဂုံဘုရား မုဂ်တံခါးက ဗုဒ္ဓဘာသာတို့ရဲ့ သဒ္ဓါတရားများရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။