Knowledge

လမ်းဘေးမှာ တောင်းရမ်းနေတဲ့ကောင်လေးကို လုပ်ငန်းအရင်းနှီးထောင်ပေးတဲ့ စေတနာရှင်

ယခုဖော်ပြထားတဲ့ ကောင်လေးနဲ့ပတ်သက်လို့ ပြည်သူတစ်ယောက်က သူ့ရဲ့ဖေ့ဘွတ်စ်မှာ အခုလိုရေးသားထားတာက …”ဒီကလေးလေးကို စသိတာ လွန်ခဲ့တဲ့ ၁၁ လပိုင်းလောက်ကပါ။..ကားနှစ်စင်းကြားထဲ ပုန်းလျှိုးကွယ်လျှိုးလေး တောင်းနေတော့ စိတ်ထဲမကောင်းဖြစ်တာနဲ့ ၊ ပိုက်ဆံပေးလိုက်ရင်လည်း အလုပ်လုပ်ချင်စိတ်မရှိမှာစိုးတာနဲ့ အနီးမှာရှိတဲ့ ကန်စွန်းဥပြုပ်လေး ဝယ်ပေးခဲ့လိုက်တယ်။..လူသံကြားမှ ကားကြားထဲက ရုတ်တရက် ထွက်လာရင် လူတွေ လန့်မှာစိုးလို့ အရှေ့လေးနည်းနည်းထွက်ပြီး တောင်းဖို့နည်းပါ သင်ပေးခဲ့လိုက်တယ်ပေါ့ ။နောက် ပိုင်း ကိုယ်လည်း မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး၊..မတ်လလယ်လောက်မှာ ပြန်တွေ့ပါတယ်။ ကြုံရင်ကြုံသလို ၅၀၀-၁၀၀၀ မုန့်ဖိုးလေးတွေ ပေးပါတယ်။တစ် ခါမတော့ မနေ့ကမှ ပေးထားတာကို နောက်နေ့ ထပ်တောင်းတာတော့ နည်းနည်း ဟောက်လိုက်မိတယ်။..အဲဒီအချိန် ဖြစ်သွားတဲ့ကလေးမျက်နှာကြည့်ပြီး စိတ်မကောင်းလွန်းလို့ သူ့အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစ ားရင်းနဲ့ ဒီစိတ်ကူးလေး ပေါ်လာတာပါ။မိဘ နှစ်ပါးလုံး ဆုံးပါးသွားပြီး ရန်ကုန်မှာ ဆွေမျိုးမရှိပါဘူး။..ပဲခူးဘက်က ရွာလေးတစ်ရွာကနေ လာပြီး စမ်းချောင်းမှာ သူငယ်ချင်းတစ်ယောက်နဲ့ အတူနေပြီး ရတာလေးတွေ ခွဲဝေစားသောက်ကြတယ်တဲ့။ အိပ်တာကတော့ ကြုံသလို လမ်းဘေးမှာတဲ့ အသက်ကတော့ ၁၂နှစ်ပါ။..လောလောဆယ်တော့ ကိုယ်လက်လှမ်းမှီသလောက် အရင်းအနှီးလေးနဲ့ ရှမ်းခေါက်ဆွဲထုပ်လေးတွေ ရောင်းခိုင်းထားပါတယ်။ တစ်ထုပ်ကို ၆၀၀ ပါ ။ အမြတ်က တော့ ၅၀ ယူထားပါတယ်။စမ်းချောင်းသူ/သားများ ငှက်ပျောတောလမ်းထိပ်မှာ လာရောက် အားပေးလို့ရပါတယ်”လို့ရေးသားထားပါတယ်။..ခရက်ဒစ်Zawgyiယခုဖော်ပြထားတဲ့ ကောင်လေးနဲ့ပတ်သက်လို့ ပြည်သူတစ်ယောက်က သူ့ရဲ့ဖေ့ဘွတ်စ်မှာ အခုလိုရေးသားထားတာက …”ဒီကလေးလေးကို စသိတာ လွန်ခဲ့တဲ့ ၁၁ လပိုင်းလောက်ကပါ။..ကားနှစ်စင်းကြားထဲ ပုန်းလျှိုးကွယ်လျှိုးလေး တောင်းနေတော့ စိတ်ထဲမကောင်းဖြစ်တာနဲ့ ၊ ပိုက်ဆံပေးလိုက်ရင်လည်း အလုပ်လုပ်ချင်စိတ်မရှိမှာစိုးတာနဲ့ အနီးမှာရှိတဲ့ ကန်စွန်းဥပြုပ်လေး ဝယ်ပေးခဲ့လိုက်တယ်။..လူသံကြားမှ ကားကြားထဲက ရုတ်တရက် ထွက်လာရင် လူတွေ လန့်မှာစိုးလို့ အရှေ့လေးနည်းနည်းထွက်ပြီး တောင်းဖို့နည်းပါ သင်ပေးခဲ့လိုက်တယ်ပေါ့ ။နောက် ပိုင်း ကိုယ်လည်း မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး၊..မတ်လလယ်လောက်မှာ ပြန်တွေ့ပါတယ်။ ကြုံရင်ကြုံသလို ၅၀၀-၁၀၀၀ မုန့်ဖိုးလေးတွေ ပေးပါတယ်။တစ် ခါမတော့ မနေ့ကမှ ပေးထားတာကို နောက်နေ့ ထပ်တောင်းတာတော့ နည်းနည်း ဟောက်လိုက်မိတယ်။..အဲဒီအချိန် ဖြစ်သွားတဲ့ကလေးမျက်နှာကြည့်ပြီး စိတ်မကောင်းလွန်းလို့ သူ့အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစ ားရင်းနဲ့ ဒီစိတ်ကူးလေး ပေါ်လာတာပါ။မိဘ နှစ်ပါးလုံး ဆုံးပါးသွားပြီး ရန်ကုန်မှာ ဆွေမျိုးမရှိပါဘူး။..ပဲခူးဘက်က ရွာလေးတစ်ရွာကနေ လာပြီး စမ်းချောင်းမှာ သူငယ်ချင်းတစ်ယောက်နဲ့ အတူနေပြီး ရတာလေးတွေ ခွဲဝေစားသောက်ကြတယ်တဲ့။ အိပ်တာကတော့ ကြုံသလို လမ်းဘေးမှာတဲ့ အသက်ကတော့ ၁၂နှစ်ပါ။..လောလောဆယ်တော့ ကိုယ်လက်လှမ်းမှီသလောက် အရင်းအနှီးလေးနဲ့ ရှမ်းခေါက်ဆွဲထုပ်လေးတွေ ရောင်းခိုင်းထားပါတယ်။ တစ်ထုပ်ကို ၆၀၀ ပါ ။ အမြတ်က တော့ ၅၀ ယူထားပါတယ်။စမ်းချောင်းသူ/သားများ ငှက်ပျောတောလမ်းထိပ်မှာ လာရောက် အားပေးလို့ရပါတယ်”လို့ရေးသားထားပါတယ်။..ခရက်ဒစ်