Uncategorized

ကလေး ရုတ်တရက် ဖျားရင် မိဘတွေ ကယောင်းကတမ်း လုပ်တတ်တဲ့ အမှား (၅) ခု

အရွယ်မရောက်သေးတဲ့ သားသမီးတွေကို အရိပ်တကြည့်ကြည့် ဂရုစိုက်ကြည့်နေတတ်တဲ့ မိဘတွေ (အထူးသဖြင့် မိခင်တွေ) ဟာ ကလေး ကိုယ်အပူချိန်တက်လာပြီး ဖျားသလို ဖြစ်လာတဲ့အခါ စိုးရိမ်စိတ်နဲ့ ကယောင်ကတမ်း လုပ်မိတတ်တဲ့ အမှားတွေရှိပါတယ်။ဒီလိုမျိုး အမှားမှန်းမသိပဲ လုပ်မိတတ်တာတွေကြောင့် ကလေးက မသက်သာပဲ အခြေအနေပိုဆိုးလာတာမျိုးထိ ဖြစ်တတ်ပါတယ်။

ကလေးအထူးကု ကျွမ်းကျင်သူများရဲ့ အဆိုအရ ကလေးတွေ ကိုယ်ပူရှိန်တက်လာခြင်းဟာ ပုံမှန်အားဖြင့် ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာသာဖြစ်ပြီး ရောဂါစစ်စစ် မဟုတ်သေးဘူးလို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် အခုလို ကိုယ်ပူတာဟာ ဗိုင်းရပ်ကူးစက်ခံရမှုကို ကလေးရဲ့ခန္ဓာကိုယ်က ပြန်လည်တွန်းလှန်တာဖြစ်လို့ ကောင်းမွန်တဲ့ တုံ့ပြန်မှုလက္ခဏာလို့တောင် ဆိုပါတယ်။

ကလေးဟာ ကိုယ်ပူနေလျက် စားမြဲတိုင်းစားနေတယ်၊ နေမြဲတိုင်းနေ နေတယ်ဆိုရင် မိဘတွေအနေနဲ့ အရမ်းစိုးရိမ်မကြီးဖို့ သတိပေးထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကူးစက်ခံနေရတာတွေကို ကလေးရဲ့ ခုခံအားကနေ ခပ်မြန်မြန်ပဲ အလိုလို မောင်းထုတ်နိုင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကလေးကိုယ်ပူလာတဲ့အခါ စိတ်ပူလွန်းသွားပြီး မိဘတွေအနေနဲ့ လုပ်လေ့ရှိတဲ့ (မလုပ်သင့်တဲ့) အချက် (၅)ချက် ကို မလုပ်ကြဖို့ ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်ပူကျ စတစ်ကာ/ပလာစတာကပ်ခြင်း

ကလေးကိုယ်ပူလာတဲ့အခါ ၉၉% သော မိခင်တွေ ပထမဦးဆုံး လုပ်လေ့ရှိတာက ကလေးရဲ့ နဖူးမှာ ကိုယ်ပူကျ စတစ်ကာကပ်ပေးတဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ ငွေကုန်တာပဲရှိပြီး လက်တွေ့မှာ ဘာအကျိုးမှမရှိဘူးဆိုတာ သိတဲ့သူ နည်းပါတယ်။ ဒီထက်ပိုတာက ကိုယ်ပူကျ စတစ်ကာတွေဟာ ကလေးအတွက် တစ်နည်းနည်းနဲ့ အန္တရာယ်ရှိကောင်း ရှိနိုင်တာပါပဲ။

၂။ ရေခဲပတ်တိုက်ပေးခြင်း

ရေခဲပတ်/ရေဝတ်တိုက်ပေးခြင်းဟာ ကလေးအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာ သိတဲ့ မိဘက နည်းနည်းပဲရှိပါတယ်။ ရေခဲပတ်တိုက်ပေးခြင်းကြောင့် ကလေးမှာ အအေးကိုက်ခံရနိုင်ပြီး အသက်ရှုရ ခက်ခဲလာနိုင်ပါတယ်။
ပိုဆိုးတာကတော့ အဆုတ်ရောင်ရောဂါလိုမျိုး အဖျားပိုးဝင်နေတာမျိုးဆိုရင် ရေခဲပတ်တိုက်ပေးခြင်းက ရောဂါပိုးကို အခြေနေပိုဆိုးအောင် ဆွပေးသလို ဖြစ်တတ်ပါတယ်။

၃။ ဆေးတွေ ကြိုမတိုက်ပါနဲ့

အကယ်၍ ကလေးရဲ့ ကိုယ်အပူချိန်ဟာ ၃၈.၅ ဒီဂရီအောက်မှာပဲ ရှိနေတယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးဖျားနာတဲ့အခါ သောက်တဲ့ဆေးတွေကို မိမိသဘောနဲ့ မတိုက်ပါနဲ့။ ဒီလိုမျိုး ဆေးတွေကြိုတိုက်တာဟာ ဆရာဝန်တွေအနေနဲ့ ကလေးကို ရောဂါရှာဖွေတဲ့အခါ အခက်ခဲတွေ့စေပါတယ်။

၄။ တံခါးတွေ၊ လေဝင်လေထွက်ပေါက်တွေ ပိတ်ထားခြင်း

ကလေး ကိုယ်ပူရှိန်မြင့်ပြီးဖျားနေတဲ့အခါ လေစိမ်းတွေ ထိမှာစိုးရိမ်ပြီး အလုံပိတ်ထားတတ်ကြပါတယ်။ ဒါဟာ လုံးဝ မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ခြုံစောင်နဲ့ အလုံထုတ်ပြီး ပတ်ထားတာ၊ ပြတင်းတွေ ပိတ်ထားတာတွေ မလုပ်ပါနဲ့။ အိမ်ထဲမှာ လေဝင်လေထွက်ကောင်းအောင် ဖန်တီးပါ။

ဒီလိုလုပ်ခြင်းဖြင့် ကလေးအအေးဓါတ်ရပြီး ကိုယ်အပူကျကာ ခန္ဓာကိုယ်နွေးထွေးလာပါလိမ့်မယ်၊ ဒီလိုမှမဟုတ်ပဲ ပြောင်းပြန်တွေ လုပ်မိမယ်ဆိုရင်တော့ ကလေးက အဖျား ပိုတက်လာနိုင်ပါတယ်။

၅။ အစာရှောင်ခြင်း

ကလေးနေပြန်ကောင်းလာဖို့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့ သင့်လျှော်တဲ့ အစားအစာတွေကို ဂရုတစိုက်ကျွေးဖို့ မိဘတွေမှာ တာဝန်ရှိပါတယ်။ ဖြစ်တတ်တာက ကလေးက မစားချင်ဘူးလို့ ငြင်းတဲ့အခါ မိဘတွေက အလိုလိုက်ပြီး အခြားအရာတွေ ကျွေးတာမျိုး ရှိတတ်ပါတယ်။

ဒါကြောင့် ကလေးမစားချင်တဲ့ အရာကို ဇွတ်အတင်းကျွေးတာမျိုး မလုပ်သော်လည်း အလားတူအဟာရပါတဲ့ အစားအစာမျိုးနဲ့ ကလေးစားချင်လာအောင် ပြန်လည်အစားထိုး ကျွေးဖို့လိုပါတယ်။ ဒါမှလည်း ကလေးက အမြန်ဆုံး ပုံမှန်ပြန်လည် ကျန်းမာလာမှာဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ကလေးရုတ်တရက် ကိုယ်ပူပြီး အဖျားဝင်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူလွန်သွားပြီး အမှားတွေမလုပ်မိပဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သာ စစ်ဆေးပြသဖို့ တိုက်တွန်းလိုက်ရပါတယ်။

(ပိုပိုလေး)

Unicode