Knowledge

“မယုံသူကျော်သွား၊ ယုံသူဖော်စားနိုင်တဲ့နည်း အလုပ်မရှိ ငွေမရှိ ရွှေမရှိ သူများအတွက်”

ငွေရ၊ အကြွေးရ၊ အလုပ်ရ

– အလုပ်အကိုင်တွေကောင်းသော်လည်းငွေကြေးလာဘ်လာဘတွေ ပိတ်ဆို့နေတာ။

– ရစရာရှိတဲ့ ငွေကြေး အကြွေးတွေမရတာ။

– အလုပ်တွေ တစ်ခုပြီးတစ်ခု လျှောက်ထားသော်လည်း အလုပ်မရဘဲ ကြန့်ကြာနေတာတွေအတွက်

– ကွမ်းရွက် အညှာပါတဲ့ နှစ်ရွက်ကို ကြေးလင်ဗန်းပေါ် တင်ပါ။ (ကြေးလင်ဗန်း မအားတဲ့အတွက်ကြွေပန်းကန်နဲ့ လုပ်ပြထားတာပါ။)

– ငွေရချင်တဲ့လူက ကွမ်းရွက်ပေါ်မှာ ငွေရ လို့ရေးပါ

– အကြွေးရချင်တဲ့လူက အကြွေးရ လို့ရေးပါ။

– အလုပ်ရချင်တဲ့လူက အလုပ်ရ လို့ရေးပါ။

– အကြွေးကျေ ချင်တဲ့ သူက အကြွေးကျေလို့ရေးပါ။

– ရေးတဲ့အခါမှာ ကွမ်းရွက် အချောဘက်ကရေးပါ

– စာရေးသားတဲ့အခါ ထုံးကို ညာဘက် လက်ညိုးနှင့် တို့၍ ရေးပါ။

– ထိုသို့ရေးပြီးလျှင် ကွမ်းရွက်ပေါ်သို့ ချောကလက်တင်ပါ။ (တစ်ရွက်ပေါ် တစ်ခဲပါ)

– ပြုလုပ်ရမည့် နေ့နှင့် အချိန်မှာ မိမိမွေးနေ့ ၉ နာရီတွင် စတင်ပြုလုပ်ပါ။

– အထက်ပါအတိုင်း အကုန်လုပ်ပြီးသွားရင် ဓာတ်ခဲနှင့် နေ့စဉ် ၇ ခေါက် ရိုက်ပေးရပါမယ်။ ရိုက်တဲ့အခါမှာ တစ်ခါရိုက်ရင် ပါးစပ်မှ ၇ ခေါက်ပြောရပါမယ်။

– ငွေဝင်ချင်တဲ့ သူက ငွေဝင်ပါစေ၊အလုပ်ရချင်တဲ့သူက အလုပ်ရပါစေ၊အကြွေးကျေချင်တဲ့သူက အကြွေးကျေပါစေ၊အကြွေးရချင်တဲ့

သူက ကိုယ်ရစရာ ရှိတဲ့လူနာမည်ခေါ်ပြီ အကြွေးရပါစေ (မောင်/မ) ငါအကြွေးအမြန်ပြန်ပေးဆိုပြီ တစ်ခါရိုက်တိုင်း ၇ ခေါက်ပြောပေါ့။

– ဘယ်နှစ်ရက် လုပ်ရမလည်းဆိုတော့ ၄၉ ရက်လုပ်ပါမိမိ အလုပ်၊ အကြွေးရတဲ့အခါ ထပ်လုပ်ဖို့ မလိုပေမဲ့ငွေဝင်ချင်တဲ့ လူကတော့ တစ်သက်လုံးလုပ်နိုင်ရင်လုပ်ပါ။

– ဘယ်လောက်ကြာနိုင်လည်းဆိုတာကတော့ တစ် ယောက်နဲ့ တစ်ယောက် သက်ရောက် ဇာတာမတူတဲ့အတွက် ကောင်းတဲ့ နှစ်ထဲ ရောက်တဲ့သူက မြန်နိုင်သလို၊ မကောင်းတဲ့နှစ်ထဲ ရောက်နေတဲ့ သူကအနည်းငယ်ကြာနိုင်ပါတယ်။

– ပိုက်ဆံမှ ပေးရတာမဟုတ်ဘဲဗျာ။ မိတ်ဆွေတို့ဘက်က ယုံကြည်စွာနဲ့ လေးလေးနက်နက် ဘဲ ပြုလုပ်ဖို့လိုပါတယ်။

အလကားရလို့ တန်ဖိုးမထားဘဲ ပေါ့ပျက်ပျက်လုပ်ရင်တော့ ထူးလာမှာမဟုတ်ဘူး။ယုံကြည်စွာလုပ်ရင် တန်ဖိုးထားရင် ထူးလာမှာပါ။

( ၇ ) ရက်သားသမီး အပေါင်း လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ…

Credit:မင်းသက္

Unicode