Knowledge

မိဘရဲ့ စည်းစိမ်တွေနဲ့ နေပြီး အစေခံ ကျွန်တစ်ယောက်လို ပစ်မထားပါနဲ့

မိဘရဲ့ စည်းစိမ်တွေနဲ့ နေပြီး အစေခံ ကျွန်တစ်ယောက်လို ပစ်မထားပါနဲ့

သားသမီးတွေဟာ မိဘနှစ်ပါးသေးသွားမှ
ရည်စူးပြီး ကောင်းမှု့ကုသိုလ်ပြုတာတွေထက်
ယခုပစ္စုပ္ပန် အချိန် ကျွေးတာက ပိုပြီးတန်ဖိုးရှိပါတယ် ။

အမျှဝေလို့ရတဲ့ ဘုံဟာ သုံးဆယ့်တစ်ဘုံမှာ
တစ်ဘုံဘဲရှိတယ် ။

ကိုယ့်မိဘဟာ ဒီဘုံကို ရောက်လိမ့်မယ်လို့
ဘယ်သူမှ တပ်အပ်သေချာ ပြောလို့မရပါဘူး ၊
စိတ်မချရပါဘူး။ဒါကြောင့်မသေချာတဲ့ အလုပ်ကိုမလုပ်ဘဲ သေချာတဲ့ အလုပ်ကို လုပ်ပါ ၊
သေချာတဲ့ အလုပ်နဲ့ပဲ ကျေးဇူးဆပ်ကြပါ။

မိဘနှစ်ပါးက အသက် ( ၆၀ ၊ ရ၀ ) အရွယ်ရောက်လာပြီဆိုတော့ သားသမီး မြေးမြစ်တွေက
အဘိုးကြီး အဘွားကြီးတွေနှင့် ထမင်းအတူစားရတာ
ရွံစရာကောင်းတယ်ဆိုပြီး အတူတူမစားကြပါဘူး….
ဒါကြောင့် မိအိုဖအိုနှစ်ပါးကို ထမင်းလေးတွေ ပန်းကန်ထဲထည့်ဟင်းလေးတွေပုံပြီး အရင်ကျွေးထားနှင့်ပါတယ် ။

မသိရင်တော့ ဦးဦးဖျားဖျားကျွေးတာပေါ့ အမှန်တော့ ထိုသို့ မဟုတ်ပါ။ကဲ ……. စဉ်းစားကြည့်ကြပါ ၊ကောင်းကြသေးရဲ့လား?နောက်ပြီး မိဘနှစ်ပါးဟာ သားသမီးတွေရဲ့ ထားရာနေ စေရာသွားရတဲ့ဘဝ အသက်အရွယ်ကလည်း ကြီးလာပြီဆိုတော့ အလုပ်ကလည်း မယ်မယ်ရရမလုပ်နိုင် ၊ ဒီသားသမီးတွေကိုဘဲ မှီခိုပြီး မိမိတို့ဘဝအသက်ရှင်ရေးအတွက် ကြိုးစားနေထိုင်ကြရပါတယ် ။

ဟို……….. တစ်ချိန်တုန်းက ဒီစီးပွားဥစ္စာ
စည်းစိမ်တွေကို ကိုယ်ရှာဖွေခဲ့တာ မှန်ပါသော်လည်းယခုအချိန်မှာတော့ သားသမီးတွေကို လွန်ဆန်လို့မရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရပြီဆိုတော့ သူတို့သဘော အတိုင်းပဲ နေထိုင်ပေးကြရပါတော့တယ် ။

ဒါကြောင့် ရှေးယခင်တုန်းက ပိုး ၊ ဖဲ ၊ ကတ္တီပါတွေဖြင့် နှစ်ခြိုက်စွာ အိပ်ခဲ့ရသော်လည်း ယခုအချိန်အခါမှာ နောက်ဖေးချောင်က အခန်းကျဉ်းလေးထဲမှာ
စောင်စုတ် ပုဆိုးစုတ်တို့ အထပ်ထပ်ခင်းပြီး
ကျင်ကြီး ကျင်ငယ်သွားလည်း ဒီနေရာ ၊ စားလဲ ဒီနေရာ ၊ အိပ်လဲဒီနေရာ ၊ ဝင်လေထွက်လေက မကောင်းတော့ အနံအသက်တွေနဲ့ညစ်ပတ်နံစော်နေတော့တာပေါ့ ။

သားသမီးများသည် အသက်အရွယ် အိုမင်းရင့်ရော်နေသော မိဘများအား မသေရုံတမယ် ကျွေးထားကြပေသည် တစ်ချို့ဆိုလျှင် ထားစရာနေရာမရှိသဖြင့်
ဘိုဘွားရိပ်သာကို မျက်နှာလွှဲခဲပစ် ပို့ ထားလိုက်ကြပြန်တော့တယ် ။တစ်ချို့ဆိုလျှင် ဘေးပတ်ဝန်းကျင် ပြောမှာစိုးသည့်အတွက်ကြောင့် မဖြစ်သာလို့အိမ်ပေါ်ခေါ်တင်ထားကြရတာပါ ။

သားသမီးဖြစ်သူက အမေအဖေကို တစ်လကြာလို့
တစ်ခါဝင်မကြည့် စကားမပြောဖြစ်
မိမိသားက ဒီလိုနေမှတော့ ချွေးမကလည်း
ဘယ်ပြောကောင်းတော့မလဲ ကျွေးမွေးတာကအစ
အကျန်မကျွေးယုံတမယ် ဆက်ဆံတာကလည်း
အိမ်ဖော်မတစ်ယောက်လို အိမ်ပေါ်မှာနေလို့
ဆိုပြီး ကျွန် တစ်ယောက်လို ပန်းကန်ခွက်ယောက်
ဆေးကြောခိုင်း ၊ ဒီလိုနဲ့ ကျေးဇူးဆပ်တယ်ဆိုပြီး
အိမ်ပေါ်ခေါ်ထားတာလား ၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ကြပါ ၊ ဒီအဖြစ်မျိုးက ဘယ်လိုမှ မထားကောင်းပါဘူးးး။

သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး
စဉ်းစား ဆင်ခြင် နိုင်ကြပါစေလို့

Crd #စိမ်း လန်းမေ