သေဘေးမှ လွတ်မြောက်လာသူတစ်ဦး၏ ခွေးလှေးယားသီးအနက်စေ့ ဆေးဖက်ဝင်ပုံအကြောင်း
ခွေးလှေးယားသီး အနက်စေ့ အစွမ်းကို ဆင်းရဲနွမ်းပါးသော လူနာရှင်များဖတ်မိ ကြားမိကြပါစေ ။ လက်တွေ့ သုံးစွဲပြီးပျောက်ကင်း ချမ်းသာသုခကို ရရှိသွားတဲ့ ရွာသာရွာက အောင်ငြိမ်းပြောတဲ့ သူဇနီး မခင်စေ အကြောင်း ကျွန်တော်၏အမည်မှာ ဦးအောင်ငြိမ်း ။ဇနီးအမည်က ဒေါ်ခင်စော ဖြစ်ပါသည် ။
တိုက်ကြီးမြို့နယ် ဖိုးခေါင်းအုပ်စု ရွာသာရွာမှာ နေပါတယ် ။ ခွေလှေးယားသီး အနက်စေ့အစွမ်းထက်ပုံကိုယ်တွေ့ ဖြစ်ရပ်ကို တင်ပြလိုပါတယ် ။ကျွန်တော်ကဲ့သို့ ဆင်းရဲ နွမ်းပါးသော လူနာရှင်များ ဖတ်မိ ကြားမိ ကြပါစေ ။ ဖတ်ကြားပြီး သူများကလည်း ဆင်းရဲနွမ်းပါးသူ လူနာရှင် များအား တဆင့် ပြောပြနိုင်ပါစေ လို့ ဆုတောင်း မျှော်လင့်ပါတယ် ။
ကျနော်၏ ဇနီး ဒေါ်ခင်စောသည် မကျန်းမာ၍ ဓါတ်မှန်ရိုက် သလိပ်စစ် အမျိုးမျိုး စမ်းသပ် ကုသခဲ့သော်လည်း သက်သာ ပျောက်ကင်းခြင်း မရှိပါ ။ တနေ့တခြား အားအင်ကုန်ခမ်းပြီး ၉ လအကြာမှာ ရောဂါ ပြင်းထန်ပြီး နီးစပ်ရာ ဆေးရုံသို့ တက်ခဲ့ရပါသည် ။ဆေးရုံ ရောက် ရောက်ချင်းမေ့မျော သွားတာ တနေ့နှင့် တညကြာပါသည် ။ လူအများကသေပြီ ဟုထင်မှတ်ကြသည် ။ သေလျှင် အဆင်သင့်ဖြစ်အောင် စီစဉ်နေစဉ် သတိပြန်ရလာပါသည် အဖြေရှာတွေ့သော ရောဂါမှာ အရိုးကျီးပေါင်းတက်ခြင်း အစာအိမ်ရောဂါ ဖြစ်ခြင်း လောက်သာ သိရသည် ။
ဆရာဝန် ညွန်ကြားသေ ာဆေးများကို ၁၂ လ ကြာသောက်သုံးပြီး ငွေကြေး အဆင်မပြေ၍ ဆက်မသုံးနိုင်တော့ပါ ။ ဆေးရုံက ပြန်ဆင်းလာပြီး မိတ်ဆွေ တော်တော်များများက ခွေးလေးယားသီး အနက်စေ့ကို စားပါ ။
ခွေးလေးယားသီး အနက်စေ့သည် ဆေးရုံမှပြန်လာသော လူနာများ ကျန်းမာ ဝဖြိုးနေခြင်း မြွေကိုက်ခံရသော လူနာများ ဆေးရုံ မတက်ရဘဲ ခွေးလေးယားသီး အနက်ကိုစားရုံမျဖြင့် ပျောက်ကင်းခြင်း အိပ်ပျော်ခြင်း အားရှိခြင်း ပန်းသေပန်းညိုး ရောဂါ များကို ပျောက်ကင်းခြင်း မဖြစ်အောင် ကာကွယ်နိုင်ခြင်း ဝမ်းတွင်း ကင်ဆာ ရောဂါ များကို မဖြစ်အောင် ကာကွယ်ပေး နိုင်ခြင်းစသည်တို့ကို လာပြောပေးကြပါသည် ။
ထိုအချိန်မှာ လူနာ ၏အခြေနေမှာ လူရုပ်ပျက်ပြီး အသက်ရှိသည်လို့ ပြောလို့ရ ရုံသာရှိသည် ။ မိတ်ဆွေများဖြစ်ကြသော ကျောက်ဖျာကုန်း ကျေးရွာမှ ဆရာထိန်ဝင်း ကံကလေးရွာမှ ဦးမောင်ခင် ဒေါ်နန်းတို့က ခွေးလေးယားသီး အနက်စေ့ ကို ယူဆောင်လာပြီး အမုှန့်ပြု လုပ်ကာ ပျားရည်နှင့်ရောပြီး လူနာအားကျွေးပါသည် ။
စားပြီး သုံးရက်မြောက် သောနေ့မှာ လူနာ မှာထူးထူးခြားခြား ဖြစ်လာတာကိုတွေ့ရပါတယ် ။ ဆေးစားပြီး ၂ နာရီခန့်မှာ အိပ်ချင်လာသည် နေ့တစေ့ ညတစေ့ စားကြည့်သောအခါ ညဘက်ပို၍ အိပ်ပျော်စေသည် အိပ်ယာ ထလျင် လည်း လန်းလန်းဆန်းဆန်း ဖြစ်ခါ ပေါ့ပေါ့ပါးပါး ရှိသည် ။ခါးနာ ဒူးနာ ဇက်ကြော တက်တာတွေလည်း ပျောက်သည် ။
ဒေါ်ခင်စောလည်း နဂိုကလိုကျန်းမာဝဖြိုး လျက်ရှိပါသည် ။ ဤ ဆေးစေ့ကိုစားသုံးခြင်းဖြင့် အိပ်ချင်တာကလွဲ၍ အခြား ဘာရောဂါမှမဖြစ်ပါ မတည့်သောအစားအစာ မတည့်သောဆေး ဟူ၍လည်း မရှိပါ ။ ပန်းသေ ပန်းညိုးဖြစ်ဘူးသော မိတ်ဆွေများသည်လည်း ပျောက်ကင်း၍ အကျိုးရှိကြောင်း ပြောပြ လာကြပါသည် ။
ခွေးလေးယားသီး အနက်စေ့ တစေ့၏ အာနိသင် ဟာ ဆေးတပြားထက် ပိုမိုကောင်းသည့်အပြင် ရောဂါကြီး ရောဂါသေးများ ကိုပါ ပျောက်ကင်း စေပါသည် အခြားသော ရောဂါများကိုပါ ပျောက်ကင်းသည့်ဆေးစွမ်းကောင်း တလက်ဖြစ်ပါသည် ။မသိသူကျော်သွား သိသူဖော်စားကြစေရန် ရည်ရွယ်ပြီး ခွေးလေးယားသီးပဲ အနက်စေ့ ရဲ့ အစွမ်းထက်ပုံကို လက်တွေ့နှင့် တကွ ဖော်ပြပေး လိုက်ပါသည် ။ လူသားအားလုံး ခံစားနေရသော ရောဂါ ဝေဒနာ များ ပျောက်ကင်းကြပါစေ ။
Credit: မူရင်