Knowledge

အမျိုးသမီးတွေရဲ့စိတ်ကို နားလည်ဖို့ အခက်ဆုံးပဲလို့ အမျိုးသားအများစုကပြောကြတယ်

အမျိုးသမီးတွေရဲ့စိတ်ကို နားလည်ဖို့ အခက်ဆုံးပဲလို့ အမျိုးသားအများစုကပြောကြတယ်။ တကယ်တော့လည်း ဟုတ်ပါတယ်။ အမျိုးသမီးတွေရဲ့စိတ်ဆိုတာကို အမျိုးသမီးအချင်းချင်းကပဲ ပိုနားလည်နိုင်ပါတယ်။တခါတလေကျတော့ အမျိုးသမီးအချင်းချင်းထက် သူမကို အရိပ်လိုကြည့်နေတတ်တဲ့ သူမရဲ့လက်တွဲဖော်က သူမရဲ့စိတ်ကို သူမထက်တောင် ပိုနားလည်တတ်တာမျိုးလည်းတွေ့ရတတ်တယ်။

အမျိုးသမီးတွေ ဟင့်အင်းပြောလို့ ဒါဟင့်အင်းလို့ ဆိုလိုတယ်ဆိုပြီး ယတိပြတ်ကောက်ချက်မချလိုက်နဲ့။ အဲဒီဟင့်အင်း ဟာအင်း ဆိုတဲ့ အဓိပ္ပါယ်ဆောင်နေတာမျိုးလည်းရှိတယ်။အင်း လို့ဆိုတိုင်းလည်း သူမကအင်းလို့ ဆိုလိုတာမဟုတ္ဘူး။တခါတေလ အရွဲ့တိုက်ချင်စိတ်ကြောင့်ပဲဖြစ်ဖြစ် ၊ လတ်တလောဖြစ်ပေါ်လာတဲ့ အကြောင်းကြောင်းတွေကြောင့် သူမက ဒီလိုစကားထြက္လာတာ ။ ဒါအတည်မဟုတ်ဘူး။ တခါတေလ သူမပြောစကားတွေကို ဆန့်ကျင်ဘက် သဘောကောက်လို့ ပြောဆို ၊ ပြုမူလုပ်ကိုင်ပါမှ သူမရဲ့ အဓိကဆိုလိုရင်းကို လုပ်ဆောင်တာ။ ဒီလိုမှမဟုတ်ရင် ကွိုင်ကြီးကြီးတက်နိုင်တယ်။

အမျိုးသမီးတွေရဲ့ ဆိုလိုရင်းကို နားလည်ဖို့ဆိုရင် အရင်ဆုံးသူမရဲ့မျက်နှာထား ၊ သူမရဲ့လေသံအနိမ့်အမြင့် ၊ ဆင်တူယိုးမှားဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ ၊ လတ္တေလာ သူမ ခံစားနေရတဲ့ ခံစားချက်နဲ့ အတွေးတွေကို အနီးစပ်ဆုံး နားလည်အောင် အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးပါမှ သူမဟာ တကယ်ဘာဆိုလိုတယ်လို့ နားလည်နိုင်မှာဖြစ်ပါတယ်။

ဥပမာ စားလက္စ အစားအစာကို သူမစားဖို့ချန်ထားရဦးမလားလို့ ကိုယ်ကမေးတယ်ထားပါတော့။ သူမကချန်မနေနဲ့ အကုန်စားလိုက်ပြောလို့ အကုန်မစားနဲ့။ အကုန်စားလိုက်ပြီဆိုရင် သူမနဲ့ ကွိုင်ကြီးကြီးတက်နိုင်တယ်။ သူမက ကိုယ်မစားခင်ကတည်းက သူမကို စားဦးမလားလို့ အလိုက္တသိမေးတာမျိုး ၊ သူမစားဖို့ အလိုက်တသိဖယ်ထားတာမျိုး လိုချင်ခဲ့တာ မရခဲ့တာမို့ ကိုယ်မမေးခင်ကတည်းကကောက်နေတာမျိုးဖြစ်နိုင်ပါတယ်။ မမေးခင်ကတည်းကကောက်နေတာမို့ ကိုယ်မေးတဲ့အချိန်မှာ ဒီလိုအဖြေမျိုးဖြေတာဖြစ်နိုင်တယ်။

ကိုယ်အကုန်စားလိုက်မိလို့ကတော့ မသိမသာကောက်နေတဲ့ သူမစိတ်ဟာ ပိုကောက်ကွေးပြီး အခြားမဆိုင်တဲ့အရာပေါ်မှာထွက်ပေါက်ပေးလို့ ဘာမဟုတ်တာလေးနဲ့ ကိုယ့်ရန်ရှာနိုင်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ ကွိုင်အကြီးကြီးရှာတတ်တယ်လို့မထင်နဲ့။ အဲဒီဘာမဟုတ်တာလေးမတိုင်မီကတည်းက သူမဟာ ကောက်ကွေးနေပြီးသားဖြစ်နေလို့သာ ဒီဘာမဟုတ်တာလေးနဲ့ ကွိုင်တက်နေတာပါ။

ဒါကြောင့် သူမနဲ့ အမေးအဖြေလုပ်တာမျိုး ၊ စကားပြောတာမျိုး ၊ သူမ စကားဦးသန်းတဲ့ စကားတွေမှာ အရင်ဆုံးသူမရဲ့မျက်နှာထား ၊ သူမရဲ့လေသံအနိမ့်အမြင့် ၊ ဆင်တူယိုးမှားဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ ၊ လတ္တေလာ သူမ ခံစားနေရတဲ့ ခံစားချက်နဲ့ အတွေးတွေကို အနီးစပ်ဆုံး နားလည်အောင် အပြန်ပြန်အလှန်လှန် သုံးသပ်ပြီး အကောင်းဆုံး တုန့်ပြန်ဖြေဆို လုပ်ကိုင်ပါမှ သူမရဲ့ စိတ်ကျေနပ်မှုကို ရနိုင်တယ်။

အမျိုးသမီးတွေအလိုချင်ဆုံးဆန္ဒက သူမအလေးထားသူရဲ့ အလိုက်တသိဂရုစိုက်မှုလေးတွေပါ။အဲဒီလိုပြောလို့ အကြင်နာပေးတာချည်းပဲလားလို့ မထင်လိုက်နဲ့။ အလိုက်တသိဂရုစိုက်မှုဆိုတဲ့အထဲမှာ ချိုသာစွာပြောဆိုဆက်ဆံတာ ၊ သူမကိုအမြဲသတိတရဖြစ်နေတတ်တာ ၊ ဒီလိုသတိရတာကိုလည်း သူမ သိစေဖို့ စာတိုပို့တာ ၊ တန်ဖိုးနည်းကနေ တန်ဖိုးကြီးတာတွေအထိ ဘာလေးပဲဖြစ်ဖြစ် အမှတ်တရလေးတွေ ဝယ်ပေးတတ်တာ ၊ အမှတ်တရလေးတွေ လုပ်ပေးတတ်တာ ၊ သူမနဲ့ သူမချစ်ခင်သူတွေကိုလည်း တန်ဖိုးထားဆက်ဆံတာတွေကအစ ပါဝင်နေပါတယ်။

ဒီလိုအလိုက်တသိဂရုစိုက်မှုလေးတွေပေးတာကို သူမက သမီးရည်းစားတွေ မဖြစ်ခင်ကတည်းက ခံစားချင်တာ ကလေးတွေရလို့ အိုသြားတဲ့အထိ ဒီလိုခံစားချင်တဲ့စိတ်ဟာပြောင်းလဲမသွားဘူး။ဒါကိုက အမျိုးသမီးတွေရဲ့ မပြောင်းလဲသောတောင့်တမှုမျိုးဖြစ်တယ်။ အရင်က ဒါတွေ သည်းသည်းလှုပ်လုပ်ပြခဲ့လို့ သူမရဲ့ချစ်ခြင်းမေတ္တာတွေ သိမ်းကျုံးယူထားနိုင်ခဲ့ပြီး လက်ထပ်ပေါင်းသင်းပြီးပြီ ၊ သားသမီးတွေလည်းရပြီ ၊ အိမ်ထောင်သက်လည်း ရပြီဆိုပြီး ဒါတွေမလိုတော့ပါဘူးလို့ မထင်လိုက်နဲ့။ ဒါတွေမရရှိတော့ရင် သူမကို သူမလက်တွဲဖော်က မချစ်တော့ဘူးဆိုတဲ့စိတ္တဇ သူမမွာ မသိမသာကေန အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ ဝင်လာပြီ။

ဒီထဲကမှလက်တွဲဖော်ဟာ အခေါ်အဝေါ်တွေပြောင်း ၊ အချိုးတွေပြောင်းနေတယ်ဆိုရင်တော့ သူမကိုအရင်လိုမချစ်တော့ဘူးလို့ ထင်နေတဲ့စိတ္တဇပိုခိုင်မာလာခဲ့ပြီ။ဒီလိုဆိုရင် အသစ်တွေ့နေလား ၊နောက်ကွယ်မှာဖောက်ပြန်နေသလားလို့ စစ်ဟယ်ဆေးဟယ်နဲ့ မသိမသာတမျိုး ၊ သိသိသာသာတမျိုး မျက်စိဒေါက်ထောက် ကြည့်လာတော့မှာ။


အမျိုးသမီးတွေရဲ့ စိတ်နှလုံးကိုအမြဲ သိမ်းကျုံးဆွဲဆောင်ပြီး ချစ်ခြင်းမေတ္တာတွေ ထိန်းသိမ်းထားဖို့ဆိုရင် သူမရဲ့ကောင်းကွက်တွေကိုရွေးပြောပြီး ဒါကြောင့် ပိုချစ်နေရတယ်လို့သာပြောပါ။အိမ်ထောင်သက်ရလာလို့ ၊ သားသမီးတွေရှိလာလို့ ပုံပျက်လာတဲ့သူမက သူမပုံပျက်လာတယ်ဆိုတာ ကိုယ့်ဆီက အတိအလင်းမပြောလည်း သူမကိုယ္သူမ သိပါတယ်။

မသိချင်ယောင်ဆောင်ပြီး သူမဝလာသလား ၊ ပုံပျက်လာသလား ၊ ဝလာပြီထင်တယ် ၊ အရင်လိုမလှတော့ဘူးစသဖြင့် စကားဦးသန်းလာရင် ဝိတ်လျှော့ပါဦးတို့ ၊ ဟုတ်တယ် ဝနေတယ်တို့ ၊ ကိုယ့်ကိုယ်ကိုသိရင်ဘာလုပ်သင့်တယ်တို့ သူမစကားနဲ့ လိုက်လျောညီထွေရှိအောင်တောင် နောက်နောက်ပြောင်ပြောင် မပြောမိစေနဲ့လေ။ သူမေဒါသူပုန္ထသြားတာ ၊ စိတ်ထဲကွေးကောက်သွားတာကို ချက်ချင်းတော့ ကိုယ်မြင်ရမှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ်တိုင်က သူမကို ဆိုက်ကိုဝင်သွားစေတယ်။

ဘယ်လိုဆိုက်ကိုလဲဆိုတော့ သူမပုံပျက်လာတာ ကိုယ်လက်ခံလိုက်ပြီမို့ အမိုက်စားလေးတွေနဲ့ သူမကွယ်ရာမှာ ကိုယ်ဖောက်ပြန်နေနိုင်တယ်ဆိုတဲ့ ဆိုက်ကိုပေးလိုက်တာပါ။ ဒီဆိုက်ကိုဝင်သွားရင်ဖျောက်ရခက်တယ်။ ဒီသံသယေတြကိုချေဖျက်ရခက်တာမို့ ဘယ်တော့မှ သူမပုံပျက်သွားတာကို ကိုယ်ကသိကြောင်း ၊ ဟုတ်ကြောင်း သံယောင်တောင်မလိုက်မိစေနဲ့လေ။

ဝလာတယ်လို့ သူမကိုယ်သူမပြောနေရင်တောင် ဝလာလည်း ကိုယ့်မိန်းမမို့ ချစ်ပြီးသားဆိုတာလေးနဲ့ သူမစိတ်နှလုံးကို သိမ်းသွင်းနိုင်ပါစေ ၊ ပုံပျက်လာတယ်လို့ သူမပြောပေမယ့် သူမရဲ့ ဟင်းလက်ရာတွေဟာ ကိုယ့်အတွက် တသက်စွဲမက်နေစေတာမို့ ဒီမယားဟာ အကောင်းဆုံးလို့ပြောဖြစ်ပါစေ ၊ အိုလာပြီလို့ သူမပြောရင်တောင် ဘယ္သူမွ ငယ်သွားတာမျိုးမရှိဘူးဆိုတာနဲ့ သူမကိုဖြေသိမ့်တတ်ပါစေလေ။


က္ကုတၳိယစိတ်အကြောင်းကိုပြောရမယ်ဆိုရင်တော့ အများကြီးပေါ့။ပြောလို့လည်းကုန်မှာမဟုတ်သလိုပြောလို့လည်းမပြီးနိုင်ဘူးလေ။ ဒါပေမယ့်အထက်ကအကြောင်းအရာလေးတွေကိုသာ သတိထားပြီး ကိုယ့်ချစ်သူ ၊ ကြင်သူ ၊ အိမ်သူသက်ထားနဲ့ ဆက်ဆံသွားမယ်ဆိုရင် သူမရဲ့နေ့စဉ်ပြောဆိုဆက်ဆံရေးတွေမှာ အထိုက်အလျောက် တိုးတက်ပြောင်းလဲပြီး သာယာတဲ့ဆက်ဆံရေးဘက်ကို ဦးတည်လာမှာပါ။

Credit -ရတု (Burmesehearts)