Knowledge

မိဘတွေရဲ့တန်ဖိုးကို မိဘမဲ့နေသူတွေဆီကနေသင်ယူလိုက်ပါ

မိဘတွေရဲ့တန်ဖိုးကို မိဘမဲ့နေသူတွေဆီကနေသင်ယူလိုက်ပါ….

မကုန်လို့ သွန်ပစ်လိုက်တဲ့ထမင်းတွေရဲ့ တန်ဖိုးကို
ဆာလောင်နေသူတွေက လွဲလို့ကျွန်တော်တို့ မသိနိုင်ဘူး။

မဝတ်ချင်တော့လို့ ချောင်ထိုးလိုက်တဲ့အင်္ကျီတွေရဲ့တန်ဖိုးကိုအဝတ်ထည်ရှားပါးနေသူတွေက လွဲလို့ကျွန်တော်တို့ မသိနိုင်ဘူး။

မပြတ်သေးပဲ စွန့်ပစ်လိုက်တဲ့ဖိနပ်တွေရဲ့တန်ဖိုးကိုဖိနပ်မပါပဲ သွားလာနေရသူတွေက လွဲလို့ကျွန်တော်တို့ မသိနိုင်ဘူး

ဒါလေးနဲ့ဖုန်းဘေလ်တစ်လစာ မလောက်ဘူးဆိုတဲ့
ပိုက်ဆံတွေရဲ့တန်ဖိုးကိုဒါလေးနဲ့တစ်လလုံးလောက်အောင် စားနေရသူတွေကလွဲလို့ကျွန်တော်တို့ မသိနိုင်ဘူး။

မိုးရွာလို့ ကျောင်းမသွားချင်ဘူးဆိုတဲ့အချိန်တွေရဲ့တန်ဖိုးကိုမိုးရွာထဲမှာ ငွေရှာနေသူတွေက လွဲလို့ကျွန်တော်တို့ မသိနိုင်ဘူး။

အဖေက တအားချုပ်ချယ်တယ်အမေက တအားဆူတယ် ဆိုတဲ့မိဘတွေရဲ့တန်ဖိုးကိုမိဘမဲ့နေသူတွေက လွဲလို့ကျွန်တော်တို့ မသိနိုင်ဘူး။

Unicode