Knowledge

ဘဝဆိုတဲ့ ဟင်းကောင်းတစ်ခွက်ရဖို့ ဆားနဲ့တူတဲ့ စေတနာ

ဘဝဆိုတဲ့ ဟင်းကောင်းတစ်ခွက်ရဖို့ ဆားနဲ့တူတဲ့ စေတနာ

ဟင်းကောင်းတစ်ခွက်စားရတဲ့အခါလူတိုင်းကချီးကျူးကြတယ်။ချက်တဲ့သူတော်လိုက်တာတဲ့။

တစ်ခါတလေငံသွားတဲ့အခါစေတနာမပါဘူးထင်တယ်။ဆားတွေဘယ်လောက်တောင်ထည့်လို့လဲမသိဘူးဆိုပြီး ဆားငံခြင်းကိုအပြစ်ဖွဲ့ကြတယ်။

တစ်ခါတလေကြပြန်တော့ ဆားပေါ့သွားပြန်တော့
ဆားမပါတဲ့ဟင်း ပေါ့ရွှတ်နေတာပဲ။စားရတာဆိုး

လိုက်တာတဲ့ဆားကိုတရားခံလုပ်ကြပြန်တယ်။

ဒါကြောင့် စေတနာဆိုတာ ဆားလိုပါပဲ။
စေတနာထားလုပ်ဆောင်ပေးလိုက်တဲ့ကိစ္စတစ်ခု
ပြီးမြောက်အောင်မြင်သွားတဲ့အခါ ကိုယ့်စေတနာက ပိုသွားရင်ဖြစ်စေ လိုခဲ့ရင်ဖြစ်စေ ခံယူသူဘက်ကအမျိုးမျိုးခံစားပြီးကောက်ချက်ချတတ်ကြတယ်။

တစ်ချို့ဆားလိုလူတွေကတော့ကျရာနေရာမှာ စေတနာထားပြီးအကုန်ကူညီကြပေမယ့် ပိုသွားတဲ့အခါ ဆရာကြီးလုပ်တယ်ပေါ့။လိုသွားပြန်တော့ အလကားတတ်ယောင်ကားပါကွာတဲ့။

ခံယူသူဘက်က ဝေဖန်ချက်တွေများလာတဲ့အခါ
စိတ်ဓာတ်တွေကျပြီး အားလျှော့သွားတတ်ကြတယ်။စေတနာတွေလူပေးမှားပြီဆိုပြီးစိတ်ပျက်သွားမိကြတယ်။

ဒါပေမယ့်လည်းဆားနဲ့တူတဲ့သူတွေဟာ
ဟင်းကောင်းတစ်ခွက်စားရဖို့ဘဝရဲ့တစ်နေရာမှာအဝေဖန်ခံအကဲ့ရဲ့ခံ အပြစ်တင်ခံရင်း တစ်နေရာကနေ ပါဝင်ပေးနေရဆဲပါ။

သူတို့ကိုလည်း လိုအပ်နေဆဲမဟုတ်လား?

Unicode

ဘဝဆိုတဲ့ ဟင်းကောင်းတစ်ခွက်ရဖို့ ဆားနဲ့တူတဲ့ စေတနာ

ဟင်းကောင်းတစ်ခွက်စားရတဲ့အခါလူတိုင်းကချီးကျူးကြတယ်။ချက်တဲ့သူတော်လိုက်တာတဲ့။

တစ်ခါတလေငံသွားတဲ့အခါစေတနာမပါဘူးထင်တယ်။ဆားတွေဘယ်လောက်တောင်ထည့်လို့လဲမသိဘူးဆိုပြီး ဆားငံခြင်းကိုအပြစ်ဖွဲ့ကြတယ်။

တစ်ခါတလေကြပြန်တော့ ဆားပေါ့သွားပြန်တော့
ဆားမပါတဲ့ဟင်း ပေါ့ရွှတ်နေတာပဲ။စားရတာဆိုးလိုက်တာတဲ့ဆားကိုတရားခံလုပ်ကြပြန်တယ်။

ဒါကြောင့် စေတနာဆိုတာ ဆားလိုပါပဲ။
စေတနာထားလုပ်ဆောင်ပေးလိုက်တဲ့ကိစ္စတစ်ခု
ပြီးမြောက်အောင်မြင်သွားတဲ့အခါ ကိုယ့်စေတနာက ပိုသွားရင်ဖြစ်စေ လိုခဲ့ရင်ဖြစ်စေ ခံယူသ

ဘက်ကအမျိုးမျိုးခံစားပြီးကောက်ချက်ချတတ်

ကြတယ်။