အများသောက်သုံးနိုင်ရန် ၁၁ နှစ်တိတိ နေ့စဉ်မပြတ် သောက်ရေလာရောက်လှူတန်းနေတဲ့ အဖွား
ညောင်ဦးမြို့ တက်သိမ်းမြောက်ရွာမှာ နေတဲ့ အဖွားပါ။ ဆေးရုံအနီးအနားရှိ အများသောက်သုံးနိုင်ရန် သောက်ရေအိုးစင်လေးများကို နေ့စဉ်မပြတ်
သောက်ရေလာရောက်လှူတန်းတာ ယနေ့ ၂၈-၁၁-၂၀၂၀ ရက်မှာ ၁၁နှစ်ပြည့်ခဲ့ပါပီ။အဖွားဟာ သူ့အမျိုးသားမှရရှိသော ပင်စင်လစာ လေးများထဲမှ ရေသန့်လေးတွေကို တကူးတက ဝယ်ပီး ၇ ရက်သားသမီးများ သန့်ရှင်းစွာသောက်သုံးနိုင်ရန် ယခုလို ရေပုံးလေးနဲ့ လိုက်လံပီး
ရေအိုးစင်လေးတွေကို နေစဉ်ရေဖြည့်နေခြင်းဖြင့်ကုသိုလ်ယူနေတာ ဖြစ်ပါတယ်။ အဖွားရေ သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ခင်မျ။ ရေလှူခြင်းအကျိုးကျေးဇူးများစွာကိုအဖွား ရရှိပီး သက်ရှည်ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ပါစေလို့ အားလုံးကိုယ်စား ဆုမွန်ကောင်း
တောင်းပေးလိုက်ရပါသည်ခင်ဗျာ အဖွားရေ၊ ရေအကျိုးဆယ်ပါး အကျိုးများစေ ပေးငှဝေသည် ကောင်းကျိုးကိုယ်၌ တည်ပါစေ
Unicode