ကုသိုလ်နဲ့ နိုးထဖို့ အကျင့်လုပ်ပေးပါ
လောကကြီးမှာ ဘုရားပွင့်ဖို့ရယ်
ကိုယ့်စိတ်မှာ ဘုရားပွင့်ဖို့ရယ် ဘယ်ဟာလွယ်သလဲ..
မနက်မိုးလင်းတာနဲ့
လူက အိပ်နေရာက မလှုပ်နဲ့ဦးတော့
စိတ်ကလေး နိုးလိုက်တာနဲ့
“နမောတဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ” လို့ ဘုန်းဘုန်းက အမြဲရွတ်လေ့ရှိသလို မိုးလင်းတာနဲ့ ရွတ်တယ်..
ရှည်လို့ ၃-ခေါက် မရွတ်ဖြစ်ဘူးဆိုရင် ၁-ခေါက်တော့ ရွတ်ပါ..
၁-ခေါက်ရွတ်ဖို့တောင် ရှည်နေသေးတယ်ဆိုရင်
“သောဘဂဝါ ဣတိပိ အရဟံ” လို့ ရွတ်ပါ..
အဲဒါတောင် ရှည်နေသေးတယ်ဆိုရင်
“ဗုဒ္ဓေါ” လို့ ရွတ်ပါ..
ကိုယ့်စိတ်ထဲမှာ ဘုရားပွင့်ဖို့ အရေးကြီးပါတယ်..
ကြိုးစားပါ..အကျင့်လုပ်ပေးပါ..။
ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ
Unicode