Knowledge

ဒီကာလကြီးမှာ ဈေးရင်းပြ.ုတ်ပြီး ဆက်မရောင်းနိုင်တော့တာကြောင့် ကျန်းမာရေးအတွက် လမ်းပေါ်ထွက်အလှူခံနေရတဲ့ သစ်သီးသည်အဘွားအို

အရင်းပြ.ုတ်သွားတာကြောင့်

သစ်သီးမရောင်းတော့ဘဲ လမ်းပေါ်ထွက်ပြီး ကျန်းမာရေးအတွက်အလှူခံနေရတဲ့အဘွားတစ်ဦး။ ပြည်သူလူထုကတော့ အခက်အခဲကြုံတွေ့နေရသူတိုင်းကို ကိုယ်ချင်းစာနာပြီး သနားညှာတာစိတ်နဲ့ဖေးမပေးကြတာဖြစ်ပါတယ်။ အခုလိုအချိန်မှာဆိုရင်

လူတိုင်းနီးပါးက အလှူအတန်းကိုပိုမိုလုပ်ဆောင်ကြပြီး ပြည်သူတွေစုပေါင်းအားနဲ့ အရာရာကိုရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာဆိုရင် ခိုးကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေကတော့ တစ်နေ့တာစားသောက်ဖို့အတွက်တောင်

ခက်ခဲနေရတာဖြစ်လို့ လမ်းပေါ်ထွက်ပြီး ဈေးရောင်းတဲ့သူကလည်းရောင်းနေကြသလို တချို့အဘိုး၊အဘွားတွေလည်း အလှူခံနေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘွားအိုတစ်ယောက်က အရင်တုန်းကဆိုရင်

ကျောက်မြောင်းစတိုးဘေးလမ်းမှာ ဖရဲသီး၊ သစ်သီးတွေရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုတာဖြစ်ပါတယ်။ အဘွားက အမြဲမျက်နှာပြုံးပြုံးနဲ့သဘောကောင်းတော့ အနီးနားဝန်းကျင်ကပြည်သူတွေလည်း သတိထားမိနေကြတာဖြစ်ပါတယ်။

အဘွားက အခုနောက်ပိုင်းမှာ အရင်းပြ.ုတ်သွားတာကြောင့် ဈေးမရောင်းတော့ဘဲ ကျန်းမာရေးအတွက် လမ်းပေါ်ထွက်ပြီး အလှူခံနေရတာဖြစ်ပါတယ်။ အဘွားက “ဒီလိုမျိုးအလှူခံမစားချင်ပါဘူး ဈေးပြန်ရောင်းချင်ပါတယ်”ဆိုပြီး ပြည်သူတစ်ဦးကို

ရင်ဖွင့်နေတာဖြစ်ပါတယ်။ ဒီလိုကာလကြီးမှာ ဒုက္ခအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အဘွားကတော့ အဆင်ပြေသလိုသာ ရပ်တည်နေရတာဖြစ်ပါတယ်။ အဘွားကိုကိုယ်ချင်းစာနာပြီး ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့ (09795129345)ကို

ဆက်သွယ်လို့ရပါတယ်။ အသောကဈေးဘက်ကိုရောက်တဲ့အခါ လမ်းပေါ်မှာအလှူခံနေတဲ့ဒီအဘွားကို တွေ့ခဲ့ရင် တတ်နိုင်သလောက်လှူဒါန်းပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Unicode