Health

လူတစ်ယောက်ကျန်းမာချင်ရင်(ဆရာကြီးဦးရန်အောင်)

– ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။

– ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။

– အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။

ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။

ဒါကြောင့် –

– လေ သန့်ရမယ်။

– သွေး သန့်ရမယ်။

– ဆီး သန့်ရမယ်။

– ဝမ်း သန့်ရမယ်။

# လေသန့်အောင်စွမ်းဆောင်မယ်။

– ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။

– ညှော်နံ့တွေ ရှောင်ပါ။

– အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။

# သွေးသန့်အောင်ပြုပြင်မယ်

သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။

ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။

အဆိပ်မိလာတဲ့ခွေးလေးတွေကိုကန်စွန်းရိုးနီ သတ္တုရည်လေးနဲ့ထန်းလျက်လေးပါးစပ်ထဲထည့်ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင်အန်ထွက်လာမယ်။

နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။

ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ –

– ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။

– ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။

– ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။

– အဖတ်ကို စစ်ယူပါ။သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကိုထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီးမီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။

အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။

ဆီးသန့်အောင် ဆောင်ရွက်မယ်

– ဆီးအောင့်မထားပါနဲ့။

– အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါတယ်။

– ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။

– ဆေးကုလားမ ဖျော်ရည်သောက်ပါ။

– အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။

#ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။

– မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။

(ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။)

ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။

– ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။

– ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။

(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ

အထက်ကပြောခဲ့တဲ့သန့်လေးသန့်ဖြစ်အောင်(၂၁)ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။

#ထပ်မှာချင်ပါတယ်။

– အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။

– ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။

– ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။

ဦးမင်း-Credit; ဆရာကြီးဦးရန်အောင်