Uncategorized

ဇက်ကျီးပေါင်း၊ ဇက်ကြောတက်၊ ဇက်လှည့်မရ စတဲ့ ဇက်ကြောရောဂါများ အတွက်ဆေးနည်းကောင်းများ

ရှေးအခါက ရုံးစာရေးများ စာရေးစာဖတ်များသူ အထိုင်များ သူများတွင် ဖြစ်လေ့ ရှိသော ဇက်ကြောတက်ရောဂါသည် ယခုအခါ FB ခေါ် ဖေ့စ်ဘွတ်ကြည့်ခြင်း၊ ဖုန်းပွတ်များခြင်းကြောင့် လူကြီး လူလတ်များ သာမက ဆယ်ကျော်သက် လူငယ်များတွင်ပါ အဖြစ်များလာ သည်ကို တွေ့ရသည်။

ဆယ်နှစ်ကျော်အရွယ် ငါးတန်းကျောင်းသားကလေးငယ် ဆေးခန်းလာပြသဖြင့် ဘာဖြစ်သလဲ မေးကြည့်သောအခါ ဇက်ကြောတက်လို့ဟုဖြေပါသည်။ ထိုကလေး၏ လက်ထဲတွင် မချတမ်းကိုင်ထား သောအရာမှာ အပြားကြီးကြီး ဟန်းဖုန်းတစ်လုံးဖြစ်ပါသည်။ တန်ဖိုး ဆယ်သိန်းအထက်ရှိသော အိုင်ဖုန်းကို ဝယ် ပေးထားသည့် မိဘများသည် ကလေးအတွက် ရောဂါကိုပါ ဝယ်ပေးလိုက်သည်နှင့် တူနေသည်ဟု စဉ်းစားမိပါသည်။

ဇက်ကြောတက်ခြင်း၏ နောက်ဆက်တွဲ ရောဂါမှာ ဇက်ကျီးပေါင်းတက်ခြင်းနှင့် မျက်စိအာရုံကြောများ အားနည်းခြင်းဖြစ် စေနိုင်သည်ကို သတိပြုသင့် သည်။ စောစီးစွာ ဆေးကုသမှု ခံယူသင့်သည်။ ထို့အပြင် အထိုင် များခြင်း၊ ခေါင်းငုံ့ အာရုံစိုက်ရသောအလုပ်များ အချိန်ကြာမြင့်စွာပြုလုပ်ခြင်းကိုပါ ဆင်ခြင်သင့်သည်။

လူငယ်၊ လူလတ်ပိုင်းအတော်များများမှာ ဖုန်းနှင့်အချိန်ကုန်နေသဖြင့် စာရေး၊ စာဖတ်ခြင်း အလေ့အထ နည်းလာသည်ကိုတွေ့ရ သည်။ စာကြည့်တိုက်နှင့် စာဖတ်ခန်းများ ထူထောင်ထားသော်လည်း ဂျာနယ်မှလွဲ၍ စာကြီး ပေကြီး၊ စာအုပ်အထူကြီးများမှာ ဖတ်ရှုသူ မရှိသလောက် ဖြစ်လာသည်ကို တွေ့ရသည်။

ဇက်ကြောတက်ရောဂါ၏ အခြေခံ အကြောင်းအရင်းတွင် ဝမ်းချုပ်ခြင်းသည် လည်း အကြောင်းတစ်ခုဖြစ်သည်။ အထိုင်များပြီး လမ်းလျှောက်နည်းသူများ ဝမ်းချုပ် လေ့ရှိသည်။ အလုပ်အသွားအပြန် ကားစီးနေရသူများ အတော်အ သင့်ခရီးကို လမ်းလျှောက်သွားခြင်းဖြင့် ကျန်းမာရေးကောင်း စေနိုင် သည်။

ရှေးဟောင်းဆေးကျမ်းများတွင် ‘ဇတ္တုထမ္ဘ’ ခေါ် ဇက်ခိုင်တောင့်တင်းရောဂါသည် ပရိယတ္တိစာပေများ သင်ကြားသည့် ရဟန်းတော် (စာဝါလိုက်သည့် သံဃာ)များတွင် အဖြစ်များသောကြောင့် သက်သာစေရန်ရည် ရွယ်ပြီး ခြေကျင်ဆွမ်းခံကြွစေခြင်း ဖြစ်သည်ဟုဆိုသည်။ အထိုင်နှင့် အသွားအလာ အရိယာပုဒ် မျှတခြင်းကြောင့် ရဟန်းတော်များ ကျန်းမာကြသည်ဟုဆိုသည်။

ရှေးဟောင်းဆေးကျမ်းများတွင် ‘ဇတ္တုထမ္ဘ’ ခေါ် ဇက်ခိုင်တောင့်တင်းရောဂါသည် ပရိယတ္တိစာပေများ သင်ကြားသည့် ရဟန်းတော် (စာဝါလိုက်သည့် သံဃာ)များတွင် အဖြစ်များသောကြောင့် သက်သာစေရန်ရည်ရွယ်ပြီး ခြေကျင် ဆွမ်းခံကြွစေခြင်း ဖြစ်သည်ဟုဆိုသည်။ အထိုင်နှင့် အသွားအလာ အရိယာပုဒ် မျှတခြင်းကြောင့် ရဟန်းတော်များ ကျန်းမာကြသည်ဟုဆိုသည်။

ဇက်ကြောတက်ရောဂါ ရှိသူများသည် အကြောအခြင် တောင့်တင်းစေသည့် အသားအမျိုးမျိုးနှင့် ကုလားပဲကိုလည်း လျှော့စားသင့်သည်။ အသီးအရွက်နှင့် ငါးကို ပို၍စားသင့်သည်။ ချိုဆိမ့်အီသော အစားအစာများ နှင့် အချိုရည်များကိုရှောင်ပြီး သဘာဝသစ်သီး ကို စားသင့်သည်။ လမ်းလျှောက်ခြင်း သို့မဟုတ် အားကစားလေ့ကျင့်ခြင်းကို အချိန်ပေးပြီး နေ့စဉ်ပြုလုပ်သင့်သည်။

ဇက်ကြောတက်နေသူများအတွက် တိုင်းရင်းဆေး၊ မြန်မာ့ရိုးရာဆေးနည်းတို (ဆေးမြီးတို)များဖြင့် ကုသလိုလျှင် သင့်တော်သည့် နည်းများကို တင်ပြလိုပါသည်။ ဇက်ကျီး ပေါင်းရောဂါ၊ ဇက်ကြောတက်ရောဂါ၊ ဇက် လေးခြင်း၊ ဇက်ခိုင်ခြင်း၊ ဇက်လှည့်မရ (အုံး လွဲခြင်း) စသည်များအတွက် မိမိအိမ် မီးဖို ချောင်နှင့် အနီးတစ်ဝိုက်တွင် ရနိုင်သော အပင်၊ အရွက်၊ အခေါက်၊ အသီးများနှင့် ကုသနိုင်သည့်နည်းများဖြစ်သဖြင့် ဆေးခန်းသွားရန် အချိန်မပေးနိုင် သူများအတွက် အသုံးဝင်မည့် နည်းလမ်းများဖြစ်ပါသည်။

▄ ဇက်ကျီးပေါင်းရောဂါ ▄
မုန်ညင်းဆီတွင် ချင်းနှင့် မိဿလင်ကို ထုထောင်းထည့်၍ အပူပေးချက်ပြီး လိမ်းလျှင် သက်သာစေသည်။ ဇက်ကျီးပေါင်းရောဂါကြောင့် လက်ပြင်ငုပ်ပြီး လက်တစ်လျှောက်ကျဉ်လျှင် တောရှောက်မြစ်၊ ဝံအူမြစ်နှင့် ထင်းရှူး ဆီတို့ကို သွေးလိမ်းပေးပါ။

ကျီးပေါင်းရှိသောဇက်ပိုးတွင် သင်္ဘောရွက် ကို ပျော့အောင် ရေနွေးစိမ် (သို့မဟုတ်) မီးကင်ပြီး ကပ်ပေးပါ။ ဇက်ပိုးတွင် ကျီးပေါင်းအဖုထွက်နေလျှင် မုန်ညင်းဆီလိမ်း၍ ရဲယိုရွက်ကို မီးကင်ပြီးကပ် ပေးပါ။ ကျီးပေါင်းကိုက်လျှင် ချင်းခြောက် အမှုန့် နှစ်ဆ၊ လင်းလေမြစ်အမှုန့် တစ်ဆ ရောစပ်၍ ရေနွေးပူပူဖျော်ပြီး လိမ်းပေးလျှင် အကိုက်သက်သာစေသည်။ ကျီးပေါင်းကြောင့် ဇက်ကြောတက်လျှင် နနွင်းမှုန့်၊ သက်ရင်းကြီးအမြစ်မှုန့်၊ နလင်ကျော်အခေါက်မှုန့်တို့ကို မီးကျီးခဲပေါ်ဖြူး၍ မှိုင်းရှူပေးလျှင် သက်သာစေနိုင်သည်။

▄ ဇက်ကြောတက်ရောဂါ ▄

ခေါင်းငုံ့အလုပ်လုပ်သူ၊ စာရေး စာဖတ်များ သူတို့တွင် ဖြစ်လေ့ရှိသည်။ မျက်နှာသစ်လျှင် ရေကိုလက်ခုပ်ဖြင့်ယူပြီး ဇက်ပိုးတွင်ရိုက် ပေးလျှင် သက်သာသည်ဟု ရှေးလူကြီးများ ဆိုသည်။ ကွမ်းရွက်ကို မီးကင်ပြီး ဇက်ကြောတွင်ကပ်ပေးပါ။ အာလူးကို ပါးပါးလှီးပြီး ဇက်ကြောတက်သည့်နေရာတွင် ကပ်ပေးပါ။

ဗာဒံရွက်ကို မီးကင်ပြီး ဇက်ကြောတက်သည့်နေရာတွင် ကပ်ပေးပါ။ ကြေးဇွန်းကို နွေးအောင်မီးကင်ပြီး ဇက်ကြောတက်သည့်နေရာတွင် ဖိကပ်ပေးပါ။ ကျီးပေါင်းကြောင့် ဇက်ကြောတက်လျှင် နနွင်းမှုန့်၊ သက်ရင်းကြီးအမြစ်မှုန့်၊ နလင်ကျော်အခေါက်မှုန့်တို့ကို မီးကျီးခဲပေါ်ဖြူး၍ မှိုင်းရှူပေးလျှင် သက်သာစေနိုင်သည်။

မိဿလင်အခြောက်မှုန့်ကို အဝတ်ဖြင့်ထုပ်ပြီး ရေနွေးငွေ့ခံကာ ဇက်ကြောတက်သည့်နေရာတွင် ကြပ်ထုပ်ထိုးပေးပါ။ လက်မနှင့် လက်ညှိုးခွကြားရှိ ကြွက်သားကို ကျန်လက်တစ်ဖက်၏ လက်ညှိုးလက်မဖြင့်ဖျစ်၍ ကိုယ်တိုင်နှိပ်ပေးလျှင် ဇက်ကြောတက် သက်သာသည်ဟု အနှိပ်ကျမ်း များကဆိုသည်။

▄ ဇက်လေးလျှင် ▄

မုန်ညင်းဆီနှင့် နှမ်းဆီကို မီးနွှေးပြီး ဇက်တွင်လိမ်း၍ ဘယ်ညာလှည့်ပေးပါက ဇက်လေး သက်သာစေသည်။

▄ ဇက်ခိုင်(ဇတ္တုထမ္ဘ)ရောဂါ ▄

တန်းလျားခုံတန်းများတွင် ဇက်တင်၍အိပ်သူများ၊ ခေါင်းအုံးအမာ အိပ်သူများတွင် ဖြစ်လေ့ရှိသည်။ ပရုတ်ဆီ၊ လေးညင်းဆီ၊ မင်သော်ဆီတို့ကို ပျားဖယောင်းနှင့် ရောစပ်ကျို ပြီး ဇက်တွင်လိမ်းပေးပါ။ ဆား ကို ရေနွေးနှင့် ဖျော်ပြီး မျက်နှာသုပ်ပဝါစိမ်၍ညှစ်ပြီး ဇက်ပေါ်တွင် တင်ပေးလျှင် ချက်ချင်းသက်သာ စေသည်။

▄ ဇက်လှည့်မရ(အုံးလွဲ) ▄

မုန်ညင်းဆီကို မီးနွေးပြီး ဇက်နှင့်လက် ပြင်တွင်လိမ်းပါ။ ဆားကို အဝတ်ဖြင့်ထုပ် အပူပေးပြီး ဆားကြပ်ထုပ် ထိုးပေးပါ။ ခေါင်းအုံးကို နေပူလှန်းပြီး တုတ်ဖြင့် (လက်ပြင်ငုပ်သူက) ရိုက်ပေးလျှင် သက်သာသည်။ (ရှေးထုံး) လက်ပြင်ပေါ်တွင် အဝတ်ပါးတင်ပြီး ကြောင်၏လက်သည်းဖြင့် အသားကို မထိအောင် ကုတ်ပေးလျှင် သက်သာသည်။ (ရှေးထုံး) ကြေးဖလားကို မီးကင်ပြီး ဇက်ပိုးတွင်အုပ်ပေး လျှင် အုံးလွဲ သက်သာစေသည်။

ဇက်ကြောတက် ရောဂါသည် အထိုင်များခြင်း၊ မျက်စိ အသုံးချများခြင်း၊ ဝမ်းချုပ်ခြင်း၊ လမ်းလျှောက်နည်းခြင်း စသည့်အကြောင်း အရာများ ကို ပြုပြင်ပေးနိုင်မှသာ သက်သာပျောက်ကင်း မည့် ရောဂါ မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ကြည်လွင်မြင့် (မုဒြာ)

Unicode