ပရိသတ်ကြီးတို့အတွက် ကျန်းမာရေးသတင်းလေးတစ်ပုဒ်ပြောပြချင်ပါတယ်…အဲတာကတော့
ကြက်သွန်နီဟာ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ ရှိနေတဲ့အရာဖြစ်ပြီး ဟင်းတိုင်းလိုလိုမှာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။
အသုပ်တွေမှာလည်း ထည့်သုပ်ကြသလို ကြော်၍လည်း စားကြပါတယ်။
ကြက်သွန်ဟာ စားရုံသာမက ဆေးဘက်ဝင်တဲ့အရာလည်း ဖြစ်တာကြောင့် အိမ်သုံးဆေးဝါးအဖြစ်လည်း
အသုံးပြုလို့ရပါသေးတယ်။ တရုတ်ရိုးရာဆေးနည်းမှာတော့ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီး အိပ်စက်ခြင်းဟာ
ကောင်းကျိုးများစွာရှိတယ်လို့ ဆိုပါတယ်။
ခြေဖဝါးဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့ အာရုံကြောတွေ
စုဆုံရာအရပ်ဖြစ်ပါတယ်။ ခြေဖဝါးမှာရှိတဲ့ အကြောတွေကို ကောင်းမွန်အောင် လှုံ့ဆော်ပေးခြင်းဖြင့် ခန္ဓာကိုယ်က
ကျန်အစိတ်အပိုင်းတွေကို ကျန်းမာစေတယ်လို့ တရုတ်ဆေးပညာမှာ ဖော်ပြထားပါတယ်။
ကြက်သွန်နီက သဘာဝ ပဋိဇီဝဆေးဖြစ်ပါတယ်။ ခြေဖဝါးအောက်မှာထားပြီး အိပ်ရင် ခြေဖဝါး၊ ခြေသည်းက
အရေပြားမှိုစွဲတာတွေ ပျောက်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ကြက်သွန်နီမှာပါတဲ့
ဖော့စ်ဖောရစ် (phosphoric)အက်ဆစ်က သံလိုက်လိုစုပ်ယူပေးသွားဦးမှာပါ။
ရေဓာတ် ၉၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ကြက်သွန်နီကို အကြောဆုံရာနေရာဖြစ်တဲ့ ခြေဖဝါးမှာကပ်ထားရင် ခန္ဓာကိုယ်က
ရေဓာတ်လိုအပ်တဲ့နေရာတွေဆီ ထောက်ပံ့ပေးလိမ့်မယ်လို့ တရုတ်ဆေးပညာရှင်တွေက ယုံကြည်ပါတယ်။
ကြက်သွန်နီကို ခပ်ထူထူကွင်းတာဖြစ်စေ၊ ထက်ဝက်ခြမ်းတာဖြစ်စေ ခြေဖဝါးအောက်၊ ခြေအိတ်ထဲထည့်ပြီး
အိပ်စက်ခြင်းဟာ သွေးကိုသန့်စင်စေပြီး အိပ်စက်မှုကို အထောက်အကူပြုစေတယ်လို့လည်း ဆိုကြပါတယ်။
ဒါကြောင့် အလွယ်တကူရနိုင်တဲ့ ကြက်သွန်နီလေးနဲ့ ကျန်းမာရေးအကျိုးရှိအောင် စမ်းလုပ်ကြည့်နော်…
Writer ; Lucky
Source ; Khinmglinn
Unicode
အံ့အားသင့်ဖို့ကောင်းတဲ့ ကြက်သွန်နီ ခြေဖဝါးကပ်ခြင်းအကျိုး