Knowledge

ခင်ပွန်းကောင်းဆိုတာ

ခင်ပွန်းကောင်းဆိုတာ

နံနက်အိပ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊
ကျန်းမာရေးဂရုစိုက်နော် ” စိုးရိမ်စကား ပြောပေးတတ်သူ။

နံနက်စာစားတဲ့အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက်

တူတူသောက်ကြရအောင်ကွာ ” မျှဝေခံစားတတ်သူ။နံနက်စာ ပြင်ဆင် (သို့မဟုတ်) စားသောက်ပြီးတဲ့အခါပန်းကန်ခွက်ယောက်ကူသယ်/ကူသိမ်းပေးတတ်သူ။

ထမင်းစားတဲ့့အခါ “လက်ရာကတော့ရှယ်ပဲ…
ယောကျာ်း အကြိုက်သိ တဲ့ မိန်းမ..ငယ်ငယ်တုန်းက
စားခဲ့တဲ့ မေမေ့လက် ရာ အတိုင်းဘဲ” ချီးမွမ်းမြှောက်ပင့်ပြောတတ်သူ။အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာအလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကိုမတွေ့တွေ့အောင်ရှာပြီး “မေကြီးရေ.. အလုပ် သွားပြီကွာ” လို့ အရေးတယူနှုတ်ဆက်တတ်သူ
(လူလစ်ရင် အနမ်းဖြင့်နှုတ်ဆက် တတ်သူ)

နေ့လယ်ဘက် ထမင်းစားချိန် အားလပ်ချိန်မှာ
ဖုန်း (သို့မဟုတ်) ဖုန်းမတ်ဆေ့ခ်ျဖြင့် “မိန်းမရေ..
ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ ဇက်ကြောလေးလာဆွဲပေးပါဦး ” အရွှန်းဖောက်တတ်သူ။ အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေးဖြစ်ဖြစ် ၀ယ်လာတတ်သူ။

ညစာစားပြီး “ မင်းနားပါကွာ…ကိုယ် ပန်းကန်တွေဆေးလိုက် မယ်လေ” (တကယ်မဆေးဖြစ်ပေမယ့် ဆေးတော့မယ်ဟန် လုပ်ပြ လိုက်ပါဦး)ကလေးတွေ အိမ်စာလုပ်ပြီး/မပြီး စာကူစစ်ပေးတတ်သူ။
အလုပ်မှာ ဘယ်လောက်ပင်ပန်းပင်ပန်း ကလေးကို ညအိပ်ယာ ၀င်ပုံပြင် ပြောပြတတ်သူ။

မိမိအလုပ်နဲ့ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ဆိုး၏/ပျော်၏/စိတ်ညစ်၏… ရင်ဖွင့်ပြောပြတတ်သူ။ဇနီးသည်ကို စိတ်၀င်စားမှုရှိသူနွေးနွေးထွေးထွေးပွေ့ဖက်တတ်သူ (လင့်၀တ္တရားကျေသူ)

ဆွေမျိုးများ နဲ့ အပေါင်းသင်းမိတ်ဆွေတွေရှေ့မှာ
ဇနီးသည်ကို ဖေးဖေးမမ ဂရုစိုက်ပြတတ်သူ။သားသမီးတွေ ရှေ့မှာ “ မင်းတို့မေမေက
ကျေးဇူးရှိတယ်နော် မေမေ့စကားနားထောင်
မေမေ့ကို စိတ်ညစ်အောင် မလုပ် ရဘူး” လို့
မကြာခဏ ပြောပေးတတ်သူ။

ဇနီးသည် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကို
အဖော်ပြုပေးတတ်သူ။အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီး
အပြင်ထွက်လည်ပတ်ပေးတတ်သူ။နှစ်ယောက်ထဲရှိနေချိန်မှာ မိမိ ဇနီးကို မကြာခဏဆိုသလို “ မင်း ကတော့ ဒို့မိသားစုအတွက် မရှိမဖြစ်ဘဲကွာ၊ မင်းရှိလို့သာပေါ့၊ မင်းလည်းတော်တော် ပင်ပန်း နေပြီနော် ”

စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကားပြောပေးဖို့နှုတ်မနှေးကြပါနဲ့လို့ သုတေသီများက အကြံပြုထားပါတယ်။

ဒီလိုဂရုစိုက် စကားလေးတွေကြောင့် ဇနီးသည်အတွက်သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါအိမ်ထောင်ရေးသုခဖြစ်စေမှာပါတဲ့။အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ပိုင်ဆိုင်ကြပါစေလို့..

Credit#Original