Knowledge

အသက် ၈၈ နှစ်အရွယ်မှာ ဘွဲ့ယူပြီး လူငယ်တွေအတွက် inspire ဖြစ်စေခဲ့တဲ့ အဖွားအို

ထိုင်းနိုင်ငံရှိ Sathaporn Phrom Sri အမည်ရှိတဲ့အမျိုးသမီးဟာ လူမှုရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး အသက် ၈၀ အရွယ် မှာ Chiang Mai Rajabhat တက္ကသိုလ်ရှိအနုပညာအစီအစဉ်တစ်ခုမှာ ကျောင်းတက်ဖို့ စာရင်းသွင်းခဲ့ပါတယ်။Sathaporn ဟာ အသက် ၈၄ နှစ်မှာကျောင်းပြီးခဲ့ပြီး လက်ရှိအသက် ၈၈ နှစ်မှာတော့ တရားဝင်အသိအမှတ်ပြုဘွဲ့လက်မှတ် ရရှိသွားခဲ့တယ် လို့ အဆိုပါတက္ကသိုလ်မှ Thanaphat Nawakaew အမည်ရှိတဲ့ကျောင်းသူတစ်ဦး က Facebook မှာ ပြောပြထားခဲ့တာပါ။Sathaporn ဟာ စနေ ၊ တနင်္ဂနွေနေ့အတန်းဘဲ တက်ရောက်ခဲ့ပြီး တစ်ခါတစ်ရံ ဖျားနာခဲ့ဖူးပေမဲ့လည်း သူမဟာ ဘယ် lecture အတန်းကိုမှ အလွတ်မခံစေခဲ့ပါဘူး။Sathaporn ဟာ A’s ဘာသာရပ်နှစ်ခုဖြစ်တဲ့ ဂီတဗေဒ နှင့် အခြေခံစီးပွါးရေးလုပ်ငန်းများပါဝင်တဲ့ ဘာသာရပ်မှာ ၂.၂၄ တန်းပျမ်းမျှအမှတ် (GPA) ရရှိခဲ့ပါတယ်။Sathaporn ဟာ အဖွဲ့ထဲမှာ အသက်အကြီးဆုံးကျောင်းသူဖြစ်ပြီး အသက်အငယ်ဆုံးအတန်းဖော် က သူမထက် အနည်းဆုံး အနှစ် ၄၀ ငယ်တယ် လို့ MGR Online သတင်းက ဖော်ပြထားပါတယ်။ဘယ်လိုတွေဖြစ်နေပါစေ ဘွဲ့ရသွားတဲ့ Sathaporn ကတော့ သူ့ကိုယ်သူ ဂုဏ်ယူပြီး ဝမ်းမြောက်ကာ ဇွဲသတ္တိတွေ ရှိနေခဲ့ပါတယ်။” မင်းရဲ့အသက်က လုပ်သားအင်အား အသက်အရွယ်ရဲ့ စံချိန်ထက်ကျော်နေပေမဲ့ အသိပညာ နဲ့ အတွေ့အကြုံတွေကတော့ မင်းအတွက် အကန့်အသတ်မရှိပါဘူး ” လို့ Sathaporn က Smart Smart Thailand သတင်းကို ဖြေကြားပေးခဲ့ပါတယ်။ပညာသင်ယူလေ့လာနေစဉ်အတွင်း ကျောင်းသားများ နှင့် ဆရာဝန်များက သူမအား စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခဲ့ကြပါသေးတယ်။တစ်ကယ်လည်း Sathaporn ရဲ့အောင်မြင်မှုကို ဂုဏ်ယူမိသလို ပညာသည် အိုသည်မရှိဆိုတဲ့အတိုင်း သူမရဲ့စိတ်ဓာတ်ကိုလည်း လေးစားနေမိပါတယ်။12Mia (Mckzone Daily)Source : nextsharkUnicodeအသက် ၈၈ နှစ်အရွယ်မှာ ဘွဲ့ယူပြီး လူငယ်တွေအတွက် inspire ဖြစ်စေခဲ့တဲ့ အဖွားအို
ထိုင်းနိုင်ငံရှိ Sathaporn Phrom Sri အမည်ရှိတဲ့အမျိုးသမီးဟာ လူမှုရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး အသက် ၈၀ အရွယ် မှာ Chiang Mai Rajabhat တက္ကသိုလ်ရှိအနုပညာအစီအစဉ်တစ်ခုမှာ ကျောင်းတက်ဖို့ စာရင်းသွင်းခဲ့ပါတယ်။Sathaporn ဟာ အသက် ၈၄ နှစ်မှာကျောင်းပြီးခဲ့ပြီး လက်ရှိအသက် ၈၈ နှစ်မှာတော့ တရားဝင်အသိအမှတ်ပြုဘွဲ့လက်မှတ် ရရှိသွားခဲ့တယ် လို့ အဆိုပါတက္ကသိုလ်မှ Thanaphat Nawakaew အမည်ရှိတဲ့ကျောင်းသူတစ်ဦး က Facebook မှာ ပြောပြထားခဲ့တာပါ။ Sathaporn ဟာ စနေ ၊ တနင်္ဂနွေနေ့အတန်းဘဲ တက်ရောက်ခဲ့ပြီး တစ်ခါတစ်ရံ ဖျားနာခဲ့ဖူးပေမဲ့လည်း သူမဟာ ဘယ် lecture အတန်းကိုမှ အလွတ်မခံစေခဲ့ပါဘူး။Sathaporn ဟာ A’s ဘာသာရပ်နှစ်ခုဖြစ်တဲ့ ဂီတဗေဒ နှင့် အခြေခံစီးပွါးရေးလုပ်ငန်းများပါဝင်တဲ့ ဘာသာရပ်မှာ ၂.၂၄ တန်းပျမ်းမျှအမှတ် (GPA) ရရှိခဲ့ပါတယ်။Sathaporn ဟာ အဖွဲ့ထဲမှာ အသက်အကြီးဆုံးကျောင်းသူဖြစ်ပြီး အသက်အငယ်ဆုံးအတန်းဖော် က သူမထက် အနည်းဆုံး အနှစ် ၄၀ ငယ်တယ် လို့ MGR Online သတင်းက ဖော်ပြထားပါတယ်။ဘယ်လိုတွေဖြစ်နေပါစေ ဘွဲ့ရသွားတဲ့ Sathaporn ကတော့ သူ့ကိုယ်သူ ဂုဏ်ယူပြီး ဝမ်းမြောက်ကာ ဇွဲသတ္တိတွေ ရှိနေခဲ့ပါတယ်။” မင်းရဲ့အသက်က လုပ်သားအင်အား အသက်အရွယ်ရဲ့ စံချိန်ထက်ကျော်နေပေမဲ့ အသိပညာ နဲ့ အတွေ့အကြုံတွေကတော့ မင်းအတွက် အကန့်အသတ်မရှိပါဘူး ” လို့ Sathaporn က Smart Smart Thailand သတင်းကို ဖြေကြားပေးခဲ့ပါတယ်။ပညာသင်ယူလေ့လာနေစဉ်အတွင်း ကျောင်းသားများ နှင့် ဆရာဝန်များက သူမအား စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခဲ့ကြပါသေးတယ်။တစ်ကယ်လည်း Sathaporn ရဲ့အောင်မြင်မှုကို ဂုဏ်ယူမိသလို ပညာသည် အိုသည်မရှိဆိုတဲ့အတိုင်း သူမရဲ့စိတ်ဓာတ်ကိုလည်း လေးစားနေမိပါတယ်။12Mia (Mckzone Daily)Source : nextshark