Uncategorized

သူ့ရဲ့ Taxiပေါ်မှာ ခရီးသည်မေ့ကျန်ခဲ့တဲ့ သိန်း(၁၀၀)ကို ရိုးရိုးသားသားနဲ့ သွားရောက်ပြန်ပေးခဲ့တဲ့ ယာဉ်မောင်းကိုအောင်ကြီး

ဒီလိုအခြေအနေမှာ ပြည်သူတိုင်းနီးပါးကစီးပွါးရေးတွေကြပ်တည်းနေကြတာကြောင့်စားဝတ်နေရေးအတွက်မ နည်းရုန်းကန်နေရတာဖြစ်ပါတယ်။သာမာန်လက်လုပ် လက်စားပြည်သူတွေဆိုရင်အလုပ်အကိုင်အခွင့်အလ မ်းနည်းပါးမှုတွေနဲ့တောင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

လတ်တလောမှာတော့စားဝတ်နေရေးနဲ့လှူဒါန်းဖို့အတွ က်စီးပွါးရေးလေးတွေကိုအနည်းအကျဉ်းပြန်လည်လုပ် ဆောင်နေကြပြီဖြစ်ပါတယ်။သက်ကြီးရွယ်အိုအဘိုး၊အ ဘွားတွေလည်းလမ်းပေါ်ထွက်ပြီး ဝမ်းစာအတွက်ခက်ခက်ခဲခဲရှာဖွေနေကြရတာဖြစ်ပါတယ်။

လက်ရှိအခြေအနေကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကို စေတနာရှင်တွေကလည်းမေတ္တာတရားရှေ့ထားပြီးကြုံရင်ကြုံသလိုကူညီပေးနေကြတာဖြစ်ပါတယ်။

ဒီလိုကာလမှာ လူသားအချင်းချင်းစာနာထောက်ထားကြလို့ဘယ်သူ့ကိုမှအခက်အခဲတွေ့အောင်မလုပ်ဘဲကို ယ်ချင်းစာပေးကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း Taxi မောင်းတဲ့ကိုအောင်ကြီးကသူ့ရဲ့ကားကိုငှါးစီးတဲ့ခရီးသည်တစ်ယောက်မေ့ကျန်ခဲ့တဲ့ပို က်ဆံသိန်း(၁၀၀)ကို ရိုးရိုးသားသားနဲ့ သွားရောက်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

ပိုက်ဆံတွေဆုံးရှုံးလိုက်ရပြီအထင်နဲ့ သောကရောက်နေတဲ့ခရီးသည်ခမျာမှာလည်းအခုလိုပြန်လာပေးလို့ဝမ်သာသွားခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်လွန်းလို့မုန့်ဖိုး (၁)သိန်းပေးပေမယ့် ပိုင်ရှင်ဖြစ်သူကဝန်ထမ်းဖြစ်နေလို့ ကိုအောင်ကြီးကမယူခဲ့တာဖြစ်ပါတယ်။

ကိုအောင်ကြီးရဲ့စိတ်ဓာတ်ကိုပြည်သူလူထုကလည်းအ ရမ်းလေးစားပြီးချီးကျူးနေကြတာဖြစ်ပါတယ်။အခုလိုမျိုးအချောင်လိုချင်စိတ်မရှိဘဲတစ်ဖက်လူအပေါ်ကိုယ်ချင်းစာပေးတဲ့ကိုအောင်ကြီးရဲ့အကြောင်းလေးကိုပြန်ည်မျှဝေပေးလိုက်ပါတယ်။