Knowledge

မိတ်ဆွေ အချိန်နှစ်မီနစ်ပေးပြီး ဖတ်ကြည့်ပါ ဘဝကုန်ဆုံးခါနီးမှာဖြစ်ပေါ်တတ်တဲ့စိတ်

သေခါနီး ဖြစ် တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ဒီအကြောင်း တရား ကိုမြတ်စွာ ဘုရားရှင်က ယခု လိုဟောကြား ခဲ့ပါတယ်နွား ကျောင်းသား ဟာ နေ၀င် လို့ နွားတွေကို ခြံထဲသွင်း တဲ့အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ်

ဒါပေမယ့် မသန် မစွမ်းတော့ တဲ့ ..နွားအိုကြီး တွေကတော့ ဘယ်လောက်ပဲ ရိုက်နှက် ခြောက်လှန့်သည်ဖြစ်စေ …ဖြည်းဖြည်း ချင်းပဲ နောက်ဆုံး ကနေ ၀င်ကြှတယ်နောက်ဆုံး နွားခြံကို ပိတ်လိုက် တဲ့ အချိန်မှာတော့ နွားအိုကြီး တွေကခြံ ပေါက် ၀ မှာပဲ အိပ်ကြရတယ်

ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲကပြန်ထုတ် တဲ့ အခါမှာ တော့ ခြံ၀မှာ အိပ်နေတဲ့ နွားအိုကြီး တွေကပဲ အရင်ထွက် ခွင့်ရပါတယ် နွားပျို နွားငယ် တွေက တော့နောက်ဆုံး မှပဲထွက် ကြရပါတယ်အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာ မဲ့ နေတဲ့ အချိန်မှာဖြစ် တဲ့ စိတ်ဟာအရင်ဆုံး အကျိုးပေးပါတယ်လို့ မြတ် စွာဘုရား ဟောကြား တော်မူခဲ့ပါတယ်

၀ိပူနာအသိ မရှိတဲ့ လူ့ပတ်၀န်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ်ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့ အရာတွေ ချည်းပါပဲအိမ်တွေ အသုံး အဆောင် တွေ အ၀တ် အစားတွေ သား သမီး လင်မယားတွေ အိမ်မွေး တိရစ္ဆာန်တွေကိုယ့်ပတ်၀န်းကျင်မှာ ရှိတာတွေ အကုန်လုံးက ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေ ချည်းပဲ

ဒါကြောင့် …တစ်ချို့ နားလည် သဘောပေါက် တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာ ဓါတ်လွှမ်းခြုံ တဲ့နေရာ ဆိတ်ငြိမ် တဲ့ နေရာ တွေမှာ ကြိုတင် စီစဉ်ပြီးသေဆုံးလေ့ ရှိကြပါတယ် သေမယ့် အချိန်ကို ကြိုမသိ နိုင်ပေမယ့် အဲ့လို နေရာမျိုး မှာပဲ ဘ၀ရဲ့ နောက် ဆုံးအချိန်တွေကို ဖြတ်သန်း သွားကြပါတယ်

ကြောက်လည်းကြောက်စရာပါပဲ အပါယ်ကျသွား လို့ ဘွာတေး လုပ်လို့ မရပါဘူးအကုသိုလ် အစွဲအလန်း တွေ အားကြီးလွန်းလို့ သေခါနီး ဝိဥာဉ် မချုပ်နိုင်ပဲဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်


ဒါကိုပဲ ဘေးက လူက ဟိုလူ့စောင့် သလိုလို ဒီလူ့ စောင့် သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲ မျှော်သလိုလို ထင်တော့ တာပါပဲ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီ ထကြည့်ပါဦး လို့ ဘေးကများ ..ကုန်း အော်လိုက် လို့ကတော့ သေတဲ့ သူတစ်ခါတည်း သွားရော့ ငရဲအိုးပဲ ..

အပါယ်လေး …ဘုံကို တန်းနေအောင် ပြေးပါတော့တယ်သေတဲ့ သူကို ဆွဲခါ လှုပ်ယမ်း ဖက်ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ကျလု ကျခင် ဖြစ်နေ တဲ့ သူကို ချစ်သလိုလို နဲ့ ဆောင့်ကန်ချ လိုက်တာပါပဲ

ဒါကြောင့် …ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့ငါ့ဘေးနားလည်း မနေကြ နဲ့ ငါ့တရား နဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်း ချမ်းချမ်း သေမယ်လို့အဲ့လို ကြိုတင်ပြီးမိသားစုကို မှာထားရမယ်…

အဖေရယ် အမေရယ် နိမိတ် မရှိသောစကားမပြောပါ နဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ …အဲ့လို ပြတ်ပြတ် သားသား မှာထားရမယ် လို့မိုးကုတ် ဆရာတော် ဘုရားကြီးက အထ

ပ်ထပ် အခါခါ သတိပေး သွားခဲ့တာပါ ။


စေတနာကို ပြန်စွဲမိရင် တောင်မှ အစွဲဖြစ်တဲ့ အတွက် ကံရှိ သလောက် အကျိုးပေးပြီး ကံကုန်တာ နဲ့ ပြန်ဆင်း ရမှာပါပဲ ဒါကြောင့် အပါယ် လွတ်ရာ လမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါ ကတော့ အသက်ရှင် နေထိုင် တုန်းမှာ ဝိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံ အားထုတ်ပြီး အသေ တတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာ တရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံ သွားနိုင် တဲ့ အရိယာ ပုဂ္ဂိုလ်က တော့ ပတ်၀န်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ် တော့ပါဘူးအရိယာ တို့ရဲ့ လားရာ သုဂတိဟာ မြဲသွားပြီ ဖြစ် တဲ့ အတွက် သူသွား ရမယ့် လမ်းကို ဖြောင့်ဖြောင့် တန်းတန်း ပဲ သွားပါတယ် ။

ဒါပေမယ့် အဲ့လို မှ မကျင့်ကြံနိုင် တဲ့ သာမာန် ပုဂ္ဂိုလ်များ အတွက် ကတော့ သေခါနီး အချိန်နဲ့ပတ်၀န်း ကျင်ဟာ ကိုယ့်အတွက် နောက်ဆုံး အခွင့်အရေး နောက်ဆုံးကျည်ဆန် ဖြစ်တဲ့အတွက်အလွန် အင်မတန် မှ အရေးကြီး လှပါတယ် လို့ စေတနာ အရင်းခံပြီးသတိပေးလိုက်ရပါတယ်
Unicode

အဖေရယ် အမေရယ် နိမိတ် မရှိသောစကားမပြောပါ နဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ …အဲ့လို ပြတ်ပြတ် သားသား မှာထားရမယ် လို့မိုးကုတ် ဆရာတော် ဘုရားကြီးက အထပ်ထပ် အခါခါ သတိပေး သွားခဲ့တာပါ ။