Knowledge

မင်္ဂလာပွဲမှာ သားဖြစ်သူရဲ့ သတို့သမီးက ငယ်ရွယ်စဉ်အချိန်ကပျောက်ဆုံးသွားခဲ့တဲ့ သမီးအရင်းမှန်းသိခဲ့ရတဲ့ မိခင်

ဒီအဖြစ်အပျက်ကတော့ အတော့်ကို မတွေးထင်ရက်ထားတဲ့ မိသားစုပြန်လည်ဆုံဆည်းမှုလို့ ပြောရမှာပါပဲ ။

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာဆိုရင် သူမသားဖြစ်သူရဲ့ မင်္ဂလာပွဲနေ့မှာ သတို့သမီးဟာ သူမအချိန်အတော်ကြာလိုက်လံရှာဖွေနေခဲ့တဲ့ သမီးအရင်းဖြစ်နေကြောင်း သိရှိခဲ့ရပါတယ် ။ အဖြစ်အပျက်ကတော့ မင်္ဂလာပွဲနေ့မှာ အဆိုပါအမျိုးသမီးဟာ သားဖြစ်သူရဲ့သတို့သမီးလက်မှ မွေးရာပါအမှတ်လေးကို တွေ့ရှိခဲ့ပါတယ် ။

အဆိုပါ မွေးရာပါအမှတ်လေးက သူမရဲ့သမီးလက်က အမှတ်နဲ့ တူညီနေခဲ့လို့ သတို့သမီးရဲ့မိဘတွေကို သူမကမွေးစားသမီးလားဆိုပြီး မေးမြန်းခဲ့ပါတယ် ။ နောက်ဆုံးမှ သတို့သမီးဖက်က မိဘတွေက လွန်ခဲ့တဲ့နှစ်ပေါင်း 20 ကျော်ခန့်က သူမကို လမ်းမဘေးမှာတွေ့ရှိခဲ့လို့ ခေါ်ယူမွေးစားထားခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ် ။

ထိုအချိန်မှ အမျိုးသမီးက သူမရဲ့သမီးလေးမှာလည်း အဆိုပါအချိန်ခန့်ကပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း ၊ လိုက်လံရှာဖွေခဲ့ပေမဲ့လည်း မတွေ့ရှိခဲ့ရကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ် ။ မောင်နှမတွေက လက်ထပ်လို့မရမှန်းသိလိုက်ရလို့ မင်္ဂလာပွဲပျက်လုနီးပါးဖြစ်ခဲ့ချိန်မှာတော့ သတို့သားရဲ့မိခင်က သူမရဲ့သားမှာလည်း မွေးစားသားဖြစ်ကြောင်း ၊ အချိန်အတော်ကြာ သမီးကိုရှာဖွေခဲ့ပေမဲ့ မတွေ့ရှိတဲ့အဆုံး သားလေးကိုမွေးစားခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ် ။

သတို့သမီးလည်း ဝမ်းနည်းပူဆွေးစွာငိုကြွေးပြီး သူမရဲ့မိခင်အရင်းကို ပွေ့ဖက်ကာ သူမရဲ့မင်္ဂလာပွဲထက်ပိုပျော်ရွှင်ရတဲ့ နေ့ရက်ဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။

တစ်ကယ့်ကို တိုက်ဆိုင်လွန်းတဲ့အချိန်အခိုက်အတန့် ဆုံဆည်းမှုလေးလို့ ပြောရမှာပါပဲ ။

Credit-Jasmine (Mckzone Daily)