Knowledge

အဘိုးအဘွားတွေကိုရှာကျွေးနိုင်ဖို့ Lockdown ချထားတဲ့အချိန်မှာ ဈေးလိုက်ရောင်းနေရတဲ့ ကလေးငယ်ရဲ့အဖြစ်

Covid – 19 ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေပေမဲ့လည်း ထိုင်းနိုင်ငံ ၊ Songkhla မြို့မှာနေထိုင်တဲ့ Dong အမည်ရှိတဲ့ အသက် 10 နှစ်အရွယ် ကောင်လေးမှာတော့ သုံးဘီးစက်ဘီးလေးနဲ့ ဟက်းသီးဟင်းရွက် ထွက်ရောင်းနေရဆဲပါပဲ ။

Dong ဟာ သူ၏မိသားစုဝင်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ဟင်းသီးဟင်းရွက်အမြဲထွက်ရောင်းနေရတာဖြစ်ပြီး ၊ သူ၏မိသားစုဝင်တွေမှာတော့ အသက် 56 နှစ်အရွယ်အဘွားဖြစ်သူအပြင် ၊ အသက် 89နှစ်အရွယ် နှင့် အသက် 96 နှစ်အရွယ် အဘိုးအဘေးတို့ပါ ပါရှိပြီး အတူနေထိုင်လျက်ရှိကြောင်း သိရှိရပါတယ် ။

အဘွားဖြစ်သူမှာတော့ အသီးအနှံများကို စိုက်ပျိုးပေးပြီး ၊ Dong ဟာ ပထမတန်းစတက်တဲ့အချိန်ကတည်းက ဈေးရောင်းနေရတာဖြစ်တဲ့အတွက် ယခုလိုအချိန် ဈေးထွက်ရောင်းနေရတာ သူ့အတွက်တော့မထူးဆန်းနေတော့ပါဘူး ။

ယခုလို ရောဂါကူးစက်ပျံ့နှံနေမှုကြောင့် May လကုန်အထိ ထိုင်းနိုင်ငံတစ်ခုလုံး Lockdown ချမှတ်တဲ့အချိန်တိုးမြင့်ခဲ့ပေမဲ့လည်း Dong မှာတော့ လူသွားလူလာမရှိတဲ့ လမ်းမကြီးပေါ်မှာ အားမလျော့ဘဲ ဈေးဆက်ရောင်းနေရဆဲပါပဲ ။

Dong ရဲ့ဘဝအခြေအနေကို ထိုင်းဝန်ကြီးချုပ်ကြားသိခဲ့ချိန်မှာတော့ အစိုးရအဖွဲ့ကနေတစ်ဆင့် Dong တို့ရဲ့မိသားစုတစ်ခုလုံး ကပ်ရောဂါရပ်တန့်သွားတဲ့အထိ လုံလောက်တဲ့အထောက်အပံ့များကို သွားရောက်ထောက်ပံ့လှူတန်းခဲ့ပါတယ် ။

Dong ဟာ ငယ်ရွယ်သေးပေမဲ့လည်း သူ့ရဲ့အလုပ်ကြိုးစားမှု နှင့် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေဟာ အစိုးရဝန်ထမ်း နှင့် အခြားသောပြည်သူတွေရဲ့ နှလုံးသားကိုပါ တုန်လှုပ်သွားစေခဲ့ပါတယ် ။

Credit-Jasmine (Mckzone Daily)

Unicode

အဘိုးအဘွားတွေကိုရှာကျွေးနိုင်ဖို့ Lockdown ချထားတဲ့အချိန်မှာ ဈေးလိုက်ရောင်းနေရတဲ့ ကလေးငယ်ရဲ့အဖြစ်

Covid – 19 ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေပေမဲ့လည်း ထိုင်းနိုင်ငံ ၊ Songkhla မြို့မှာနေထိုင်တဲ့ Dong အမည်ရှိတဲ့ အသက် 10 နှစ်အရွယ် ကောင်လေးမှာတော့ သုံးဘီးစက်ဘီးလေးနဲ့ ဟက်းသီးဟင်းရွက် ထွက်ရောင်းနေရဆဲပါပဲ ။ Dong ဟာ သူ၏မိသားစုဝင်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ဟင်းသီးဟင်းရွက်အမြဲထွက်ရောင်းနေရတာဖြစ်ပြီး ၊ သူ၏မိသားစုဝင်တွေမှာတော့ အသက် 56 နှစ်အရွယ်အဘွားဖြစ်သူအပြင် ၊ အသက် 89နှစ်အရွယ် နှင့် အသက် 96 နှစ်အရွယ် အဘိုးအဘေးတို့ပါ ပါရှိပြီး အတူနေထိုင်လျက်ရှိကြောင်း သိရှိရပါတယ် ။ အဘွားဖြစ်သူမှာတော့ အသီးအနှံများကို စိုက်ပျိုးပေးပြီး ၊ Dong ဟာ ပထမတန်းစတက်တဲ့အချိန်ကတည်းက ဈေးရောင်းနေရတာဖြစ်တဲ့အတွက် ယခုလိုအချိန် ဈေးထွက်ရောင်းနေရတာ သူ့အတွက်တော့မထူးဆန်းနေတော့ပါဘူး ။

ယခုလို ရောဂါကူးစက်ပျံ့နှံနေမှုကြောင့် May လကုန်အထိ ထိုင်းနိုင်ငံတစ်ခုလုံး Lockdown ချမှတ်တဲ့အချိန်တိုးမြင့်ခဲ့ပေမဲ့လည်း Dong မှာတော့ လူသွားလူလာမရှိတဲ့ လမ်းမကြီးပေါ်မှာ အားမလျော့ဘဲ ဈေးဆက်ရောင်းနေရဆဲပါပဲ ။ Dong ရဲ့ဘဝအခြေအနေကို ထိုင်းဝန်ကြီးချုပ်ကြားသိခဲ့ချိန်မှာတော့ အစိုးရအဖွဲ့ကနေတစ်ဆင့် Dong တို့ရဲ့မိသားစုတစ်ခုလုံး ကပ်ရောဂါရပ်တန့်သွားတဲ့အထိ လုံလောက်တဲ့အထောက်အပံ့များကို သွားရောက်ထောက်ပံ့လှူတန်းခဲ့ပါတယ် ။

Dong ဟာ ငယ်ရွယ်သေးပေမဲ့လည်း သူ့ရဲ့အလုပ်ကြိုးစားမှု နှင့် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေဟာ အစိုးရဝန်ထမ်း နှင့် အခြားသောပြည်သူတွေရဲ့ နှလုံးသားကိုပါ တုန်လှုပ်သွားစေခဲ့ပါတယ် ။

Credit-Jasmine (Mckzone Daily)