အနီးကပ်ရန်သူဆိုတာ အနားမှာရှိနေပေမယ့် သတိမထားမိကြဘဲ ကိုယ့်ကိုဒုက္ခပေးတဲ့ အခါမှသာ သိမြင်ကြရတာပါ။တကယ်တမ်းရန်သူမှန်းသိတဲ့အခါကျရင် အချိန်နှောင်းနေပါပြီ။အဲ့ဒီလို ကြောက်စရာကောင်းတဲ့ အနီးကပ်ရန်သူတွေဟာ အပင်တွေလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် အနီးနားမှာတွေ့နေရတဲ့ အဆိပ်ပြင်းလှတဲ့ ပန်းပွင့်လေးများကို ဖော်ပြပေးလိုက်ပါတယ်။
၁.မီးတောက်ပန်း
ဒီပန်းပွင့်လေးကတော့ လှလွန်းလို့ဆိုပြီး ကိုင်ကြည့်ဖို့တောင်စိတ်မကူးပါနဲ့။ မီးတောက်ပန်းတွေဟာထိတွေ့မိရုံလောက်နဲ့တောင် အရေပြားမှာ ယားယံတာ အရည်ကြည်ဖုထတာတွေဖြစ်နိုင်ပြီး စားသုံးမိလျှင် အသက်ဆုံးရှုံးနိုင်ပါတယ်။
၂.Deadly Shade(စုန်းမဦးထုပ်ပန်း)
ဒီအပင်ကတော့ ခရမ်းရောင်ပန်းပွင့်လေးတွေနဲ့ အသီးလေးတွေကြောင့် ချစ်စရာကောင်းပေမယ့် စားမိရင်တော့ ကြွက်သားထိန်းချုပ်မှုတွေလျော့နည်းလာပြီး အသက်ကလေးပါသွား နိုင်ပါတယ်
၃.English Yew(ထင်းရှူးနီပင်)
ဒီထင်းရှူးနီပင်ရဲ့ အစေ့နဲ့ အရွက်က စားမိတဲ့အခါ လူ့ခန္ဓါကိုယ်က အားနည်းလာမယ် ကြွက်သားတွေ ထိန်းချုပ်မှုလျော့နည်းလာပြီး နှလုံးပျက်စီးကာ မာလကီးယားတတ်ပါတယ်။
၎.နွယ်သာကီပင်
ဒီအပင်ရဲ့ အစေးတွေက ပါးစပ်ထဲရောက်သွားတာနဲ့ သွေးဆိပ်တက် အသည်းပါအဆိပ်မိပြီး နှလုံးရပ်ကာ ဂိသွားတတ်ပါတယ်။
၅.ရေနတ်သမီး
ပန်းလေးတွေက လှတယ်မို့လား သူရဲ့အမြစ်ဥက ကြက်သွန်နီနဲ့တူလို့ စားမိရင်တော့ အစာအိမ်သွေးကြောပေါက် နှလုံးခုန်ရပ်ပြီး အသက်ပါ သွားတတ်တယ်
၆.လီလီပန်း
လူအများစုက သိပ်ကြိုက်ကြတဲ့ ပန်းလေးတွေပါ။ပါးစပ်ထဲထည့်မိရင်တော့ ၁၈နာရီအတွင်း သင့်ကျောက်ကပ်က သုံးမရအောင်ပျက်စီးသွားစေမှာပါ
၇.မယ်တော်ဂမုန်း
ဒီအပင်ကို နေရာတော်တော်များများမှာတွေ့နေရပါတယ်။ဒါပေမယ့် ပါးစပ်ထဲ ထည့်မိသွားရင်တော့ ပါးစပ်လည်ချောင်း အကုန်ရောင်ရမ်းကာ အသက်ရှူလမ်းကြောင်းပိတ်ဆို့စေနိုင်တာပါ
ဒါကြောင့် အပင်တွေကို ကိုင်တွယ်စာသုံးတော့မယ်ဆိုရင် သတိပြုဆင်ခြင်ပြီးမှသာ လုပ်ဆောင်သင့်ပါတယ်
Unicode
သင့်အနီးအနားမှာမြင်နေရပြီး သတိမထားမိကြတဲ့အဆိပ်ထိပ်ခေါင်တင်အပင်များ