ထူးထူးခြားခြားအကျိုးပေးပြီး ကံပွင့် လာဘ်ပွင့်ကာ ဝင်ငွေတိုးချင်တဲ့ ခုနှစ်ရက်သားသမီး မိတ်ဆွေများအတွက် အလျင်မြန်အကျိုးထူးကို ရရှိစေမည့်
နှင်းဆီ ဆယ်ခက် စီးပွားတက် အဓိဋ္ဌာန် စခမ်းဝင်နည်း။ နှင်းဆီပန်း (၁၀) ပွင့် (ဘာအရောင်ပဲဖြစ်ဖြစ်)ကို ဆူးမပါအောင် သေချာသန့်စင်ပြီး
အိမ်ရှိ ဘုရားကျောင်းဆောင်ရှေ့မှာ စာပွဲအမြင့်ပေါ်တင်ပြီး ကပ်လှူပါ။ ပြီးလျှင် သံဃာ့မဟာနယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးချီးမြှင့်သည့်
ဘုရားဂုဏ်တော်ဆယ်ပါးဂါထာကို ဂုဏ်တော်တစ်ပါးလျင် ပုတီး (၁)ပတ်စိပ်ရပါမည်။ ဂုဏ်တော်တစ်ပါးစီ၏ အရှေ့မှ သော ဘဂဝါ ဣတိပိ ကိုထည့်၍ ရွတ်ဆိုရပါမည်။
သော ဘဂဝါ ဣတိပိ အရဟ။ံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏသမ္မန္ဒော
သုဂတော
လောကဝိဒူ
အနုတ္တရော ပုရိသဒမ္မသာရထိ
သတ္ထာဒေဝမနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ
ကိုယ်လက်သန့်စင်ပြီး သန့်ပြန်တဲ့ အဝတ်အထည်ကိုလဲလှယ်ပါ အချိန်မှန်အောင်လည်းဂရုစိုက်ပါ။ စနေနေ့ မှ စတင်၍
ဆယ်ရက်တိတိ အဓိဋ္ဌာန်ဖြင့် စိပ်ပါ ဆယ်ရက်အတွင်း နှင်းဆီပန်းများညှိုးသွားလျှင် အသစ် ပြန်လဲပြီး ကပ်လှူပေးပါ။ခရက်ဒစ်
Unicode
နှင်းဆီ ဆယ်ခက် စီးပွားတက်