Knowledge

ဈေးမရောင်းရတဲ့အပြင် ဗိုက်ကပါဆာနေလို့ မခံနိုင်တော့တဲ့အဆုံး ထိုင်ငိုချပစ်ခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ မျှော်လင့်ချက်တွေ လုံးဝပျောက်ဆုံးသွားတဲ့အဆုံးမှာတော့ အိမ်နောက်ဖေးက လမ်းကြားလေးတစ်ခုမှာ ထိုင်ငိုခဲ့ပါတော့တယ် ။

Facebook စာမျက်နှာတစ်ခုမှာ ဖော်ပြထားချက်အရ ဗိုက်ကတအားဆာလောင်နေခဲ့ပြီး သူရောင်းချနေတဲ့ပစ္စည်းတွေကလည်း တစ်ခုမှရောင်းမရတဲ့အဆုံး ဝမ်းနည်းလွန်းလို့ငိုကြွေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါအမျိုးသားဟာ မုန့်အခြောက်ထုပ်လေးတွေကို ရောင်းချနေခဲ့တာဖြစ်ပေမဲ့လည်း ဈေးဦးလေးတောင် မပေါက်ခဲ့ပါဘူး ။ ဒါကြောင့် အနီးအနားဝန်းကျင့်မှ လူအချို့က အဆိုပါအမျိုးသားရဲ့ ဗိုက်ဆာနေပုံ ၊ ရေဆာလောင်နေပုံကိုမြင်ပြီးနောက် အဆိုပါအမျိုးသားကို သောက်ရေ တိုက်ခဲ့ကြပြီး ကူညီပေးခဲ့ကြပါတယ် ။

ထို့ကြောင့် ” အနီးအနားဝန်ကျင်မှာ ဈေးလှည့်ပတ်ရောင်းချနေကြသူတွေကို ကိုယ်တတ်နိုင်သလောက်ကူညီသင့်ပါတယ် ၊ အဝေးမှာရှိနေတဲ့ သူတွေကို ကူညီဖို့ထက် ကိုယ်အနီးအနားမှာ အကူအညီအများကြီးလိုနေတဲ့သူတွေရှိတယ်” ဆိုတာ ယခုအဖြစ်အပျက်က သတိရစေခဲ့သလိုပါပဲ ။

အချို့သောသူတွေကလည်း အဆိုပါအမျိုးသားဟာ ဘယ်လောက်ပဲ ဗိုက်ဆာနေပါစေ သူ့ရဲ့ရောင်းကုန်တွေကို လုံးဝမထိပဲ သစ္စာရှိရှိဈေးရောင်းချသူအဖြစ် အချို့လူတွေက ချီးကျူ းခဲ့ကြပါသေးတယ် ။

Credit-Jasmine (Mckzone Daily)

Unicode