Knowledge

မေတ္တာသုတ် အဓိဋ္ဌာန်ဝင်ချင်သူများအတွက်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၁၀၈) ခေါက်အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ လျှောက်ထား ခွင့်ပန်ပါ။၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌ကတိပေး လျှောက်ထားပါ။၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး နတ်ဗြဟ္မာတို့အား ပရိတ်တရားနာ ကြွပါရန် ဖိတ်ကြားပါ။၅။ ကရဏီယမတ္ထကုသလေနမှစ၍ မေတ္တသုတ်ပရိတ်တော်ကို စတင် ရွတ်ဖတ် ပူဇော်ပါ။လိုက်နာ ဆောင်ရွက်ရန်နေ့စဉ် (၁၀၈) ခေါက်နှုန်းဖြင့် ရက်ပေါင်း (၁၀၈) ရက်အဓိဋ္ဌာန် ဝင်ရမည် ဖြစ်ပါသည်။နေ့စဉ် (၁၀၈) ခေါက်ကို ဘုရားရှေ့၌ တစ်ထိုင်တည်း အချိန်မပေးနိုင်ပါကနောက်နေ့မကူးမီ( တစ်နေ့တာအတွင်း ရသော အချိန်များတွင်) ရွတ်ဖတ်ပူဇော်နိုင်ပါသည်။ဥပမာ-နံက်စောစော ဘုရားရှေ့၌ အနည်းဆုံး (၉) ခေါက် ရွတ်ဆိုပူဇော်ပြီး ကျန်သော အရေအတွက်ကို လမ်းသွားရင်း အလုပ်လုပ်ရင်း ရွတ်ဖတ်နိုင်ပါသည်။သို့သော် အဆုံးသတ်၊(၉) ခေါက်ကိုမူ ဘုရားရှေ့၌သာ ရွတ်ဆိုပူဇော်ရန် ဖြစ်ပါသည်။ နေ့စဉ် (၁၀၈) ခေါက် အဓိဋ္ဌာန်အောင်မြင်သွားတိုင်း မေတ္တာပို့ရမည် ဖြစ်ပါသည်။မေတ္တာပို့သည့်အခါ … မေတ္တာပို့ရမည့် ပုဂ္ဂိုလ်များတွင်အမုန်းဆုံးပုဂ္ဂိုလ်နှင့် အချစ်ဆုံးပုဂ္ဂိုလ်(ရည်းစား၊ခင်ပွန်းဇနီးနှင့် ကွယ်လွန်သူ) တို့ကို နောက်ဆုံးမှသာ မေတ္တာပို့ရပါမည်။ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရုက္ခစိုးနတ် ဘုမ္မစိုးနတ်အာကာသစိုးနတ် သာသနာတော်စောင့်နတ်များကို လည်းကောင်း၊ ဥစ္စာစောင့်များနှင့် ပြိတ္တာများကို လည်းကောင်း အစဉ်အတိုင်း မေတ္တာပို့ရမည်။ပြီးလျှင် ကျေးဇူးရှင် မိဘများ ကျေးဇူးရှိဖူးသော ပုဂ္ဂိုလ်များကိုလည်း အစဉ်အတိုင်း မေတ္တာပို့ရမည်။အဆိုပါ ပုဂ္ဂိုလ်တို့အား အာရုံထဲပေါ်လာတဲ့အထိ စူးစိုက်၍အောက်ပါနည်းဖြင့် မေတ္တာပို့နိုင်ပါသည်။ဥပမာ-ကိုယ်စောင့်နတ် ကျောင်းစောင့်နတ် အိမ်စောင့်နတ်ရုက္ခစိုး ဘုမ္မစိုး အာကာသစိုးနတ်မင်းနှင့်တကွ သာသနာတော်စောင့် နတ်မင်းအပေါင်းတို့သည် …ဘေးရန်ကင်း၍ ချမ်းသာကြပါစေ။ ကြောင့်ကြကင်း၍ ဝမ်းသာကြပါစေ။လိုတိုင်းရ၍ တတိုင်းပြည့်နိုင်ကြပါစေ ဟူ၍ မေတ္တာပို့ပေးရပါမည်။၆။ ယင်းနည်းလမ်းအတိုင်း အစဉ်လိုက် မေတ္တာပို့ပြီးသွားသောအခါ ဝေနေယျသတ္တဝါအားလုံးတို့ကို ထို့နေ့ပြုသမျှကုသိုလ်အဖို့ဘာဂကို အမျှပေးဝေရပါမည်။၇။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌ မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို တောင်းရမည်။ ( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော ဆုကိုသာ တောင်းရမည်)အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများအနေဖြင့်(၁၀၈)ခေါက် အဓိဋ္ဌာန် မဝင်နိုင်ပါက မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်ပူဇော်နိုင်ပါကလည်း အကျိုးထူးများ ရစေနိုင်မည် ဖြစ်ပါသည်။ဘဒ္ဒန္တ ကောသလ္လအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇတွဲဖက်အကျိုးတော်ဆောင်၊တိုင်းသံဃနာယကအဖွဲ့စံပြသာသနာပြုကျောင်းတိုက် မရမ်းကုန်းမြို့နယ် ၏မေတ္တာအဓိဋ္ဌာန် စာအုပ်လေးမှ ကောက်နှုတ်ဖော်ပြပါသည်။Unicodeမေတ္တာသုတ် အဓိဋ္ဌာန်ဝင်ချင်သူများအတွက်
၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၁၀၈) ခေါက်အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ လျှောက်ထား ခွင့်ပန်ပါ။၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌ကတိပေး လျှောက်ထားပါ။၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး နတ်ဗြဟ္မာတို့အား ပရိတ်တရားနာ ကြွပါရန် ဖိတ်ကြားပါ။၅။ ကရဏီယမတ္ထကုသလေနမှစ၍ မေတ္တသုတ်ပရိတ်တော်ကို စတင် ရွတ်ဖတ် ပူဇော်ပါ။လိုက်နာ ဆောင်ရွက်ရန်နေ့စဉ် (၁၀၈) ခေါက်နှုန်းဖြင့် ရက်ပေါင်း (၁၀၈) ရက်အဓိဋ္ဌာန် ဝင်ရမည် ဖြစ်ပါသည်။နေ့စဉ် (၁၀၈) ခေါက်ကို ဘုရားရှေ့၌ တစ်ထိုင်တည်း အချိန်မပေးနိုင်ပါကနောက်နေ့မကူးမီ( တစ်နေ့တာအတွင်း ရသော အချိန်များတွင်) ရွတ်ဖတ်ပူဇော်နိုင်ပါသည်။ဥပမာ-နံက်စောစော ဘုရားရှေ့၌ အနည်းဆုံး (၉) ခေါက် ရွတ်ဆိုပူဇော်ပြီး ကျန်သော အရေအတွက်ကို လမ်းသွားရင်း အလုပ်လုပ်ရင်း ရွတ်ဖတ်နိုင်ပါသည်။သို့သော် အဆုံးသတ်၊(၉) ခေါက်ကိုမူ ဘုရားရှေ့၌သာ ရွတ်ဆိုပူဇော်ရန် ဖြစ်ပါသည်။ နေ့စဉ် (၁၀၈) ခေါက် အဓိဋ္ဌာန်အောင်မြင်သွားတိုင်း မေတ္တာပို့ရမည် ဖြစ်ပါသည်။မေတ္တာပို့သည့်အခါ … မေတ္တာပို့ရမည့် ပုဂ္ဂိုလ်များတွင်အမုန်းဆုံးပုဂ္ဂိုလ်နှင့် အချစ်ဆုံးပုဂ္ဂိုလ်(ရည်းစား၊ခင်ပွန်းဇနီးနှင့် ကွယ်လွန်သူ) တို့ကို နောက်ဆုံးမှသာ မေတ္တာပို့ရပါမည်။ကိုယ်စောင့်နတ် အိမ်စောင့်နတ် ရုက္ခစိုးနတ် ဘုမ္မစိုးနတ်အာကာသစိုးနတ် သာသနာတော်စောင့်နတ်များကို လည်းကောင်း၊ ဥစ္စာစောင့်များနှင့် ပြိတ္တာများကို လည်းကောင်း အစဉ်အတိုင်း မေတ္တာပို့ရမည်။ပြီးလျှင် ကျေးဇူးရှင် မိဘများ ကျေးဇူးရှိဖူးသော ပုဂ္ဂိုလ်များကိုလည်း အစဉ်အတိုင်း မေတ္တာပို့ရမည်။အဆိုပါ ပုဂ္ဂိုလ်တို့အား အာရုံထဲပေါ်လာတဲ့အထိ စူးစိုက်၍အောက်ပါနည်းဖြင့် မေတ္တာပို့နိုင်ပါသည်။ဥပမာ-ကိုယ်စောင့်နတ် ကျောင်းစောင့်နတ် အိမ်စောင့်နတ်ရုက္ခစိုး ဘုမ္မစိုး အာကာသစိုးနတ်မင်းနှင့်တကွ သာသနာတော်စောင့် နတ်မင်းအပေါင်းတို့သည် …ဘေးရန်ကင်း၍ ချမ်းသာကြပါစေ။ ကြောင့်ကြကင်း၍ ဝမ်းသာကြပါစေ။လိုတိုင်းရ၍ တတိုင်းပြည့်နိုင်ကြပါစေ ဟူ၍ မေတ္တာပို့ပေးရပါမည်။၆။ ယင်းနည်းလမ်းအတိုင်း အစဉ်လိုက် မေတ္တာပို့ပြီးသွားသောအခါ ဝေနေယျသတ္တဝါအားလုံးတို့ကို ထို့နေ့ပြုသမျှကုသိုလ်အဖို့ဘာဂကို အမျှပေးဝေရပါမည်။၇။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌ မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို တောင်းရမည်။ ( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော ဆုကိုသာ တောင်းရမည်)အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများအနေဖြင့်(၁၀၈)ခေါက် အဓိဋ္ဌာန် မဝင်နိုင်ပါက မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်ပူဇော်နိုင်ပါကလည်း အကျိုးထူးများ ရစေနိုင်မည် ဖြစ်ပါသည်။ဘဒ္ဒန္တ ကောသလ္လအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇတွဲဖက်အကျိုးတော်ဆောင်၊တိုင်းသံဃနာယကအဖွဲ့စံပြသာသနာပြုကျောင်းတိုက် မရမ်းကုန်းမြို့နယ် ၏မေတ္တာအဓိဋ္ဌာန် စာအုပ်လေးမှ ကောက်နှုတ်ဖော်ပြပါသည်။