Knowledge

ကဆုန်လပြည့် ဗုဒ္ဓနေ့(သို့)မာရ်အောင်နေ့🙏🙏

ကဆုန်လပြည့် ဗုဒ္ဓနေ့(သို့)မာရ်အောင်နေ့🙏🙏

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့လို့
သတ်မှတ်ခဲ့ကြခြင်းအကြောင်း….

“ဗျာဒိတ် ဖွားမြင်
ဗောဓိပင် စံဝင်နိဗ္ဗာန်နန်း ဆိုတဲ့အတိုင်း´´

ဗုဒ္ဓမြတ်စွာဘုရားသည် ကဆုန်လပြည့်နေမှာ
၁။ ဗျာဒိတ်တော် ခံယူတော်မူခဲ့ခြင်း။
၂။ ဖွားမြင်တော်မူခဲ့ခြင်း။
၃။ ဗောဓိညောင်ပင်ရင်းမှာ ဘုရားအဖြစ်သို့
ရောက်တော်မူခဲ့ခြင်း။
၄။ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်း။

ထိုကဲ့သို့ ကဆုန်လပြည့်နေ့ဟာ
မြတ်စွာဘုရားရှင်နဲ့ပတ်သတ်ပြီး
တိုက်ဆိုင်မှု နေ့ထူးနေ့မြတ်များ ဖြစ်လို့
ကဆုန်လပြည့် ဗုဒ္ဓနေ့ ( ဗုဒ္ဓအခါတော်နေ့)ဟု
နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

မာရ်အောင်နေ့
မြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေမှာပဲ
မာရ်နတ်နဲ့ ရန်ကို အောင်မြင်တော်မူခဲ့လို့
မာန်အောင်နေ့လို့ သတ်မှတ်ခဲ့ကြသည်ဟု
မှတ်သားခဲ့ရပါတယ်။

နှစ်စဉ်ကဆုန်လပြည့်ရောက်တိုင်း
ဗောဓိပင်ကို ညောင်ရေသွန်းလောင်းရခြင်းအကြောင်း

၁။ မြတ်စွာဘုရားရှင်သည် ဗောဓိပင်ခြေရင်း၌
တရားကျင့်ကာ သဗ္ဗညုတဉာဏ်တော်ကို
ရရှိတော်မူပြီး ဘုရားအဖြစ်သို့
ရောက်ရှိတော်မူခဲ့ခြင်း။
၂။ ဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော်
(၇)ပါးတွင် ပါဝင်ခြင်း။

ထို့ကြောင့် ကဆုန်လပြည့်ရောက်တိုင်း
ဗောဓိပင်ကို ညောင်ရေသွန်းလောင်း
ပူဇော်ကြခြင်း ဖြစ်ပါတယ်။

ကဆုန်လပြည့်ရောက်တိုင်း
ဗုဒ္ဓဘာသာတို့၏ ကုသိုလ်ပြုကြခြင်း အစဉ်အလာ..

ကဆုန်လပြည့်ရောက်တိုင်း
ဗုဒ္ဓဘာသာဝင် သူတော်စင်အများ
ဘုရားသွား ကျောင်းတက်ကာ
ဒါန သီလ ဘာဝနာကုသိုလ်များ ပြုကြသလို
ရုပ်ပွားတော် စေတီတော်များကို
ဗုဒ္ဓါဘိသေက အနေကဇာတင်
ကုသိုလ်မင်္ဂလာများ ပြုလုပ်ကြသည်မှာ
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော
အစဉ်အလာဖြစ်ပါတယ်။

ထိုသို့သော နေ့ထူးနေ့မြတ်
အစဉ်အလာကောင်းများဖြစ်သော
ကဆုန်လပြည့်နေ့ကို
ကုသိုလ်ကောင်းမှုများ ပြုကြရင်း
ဘဝမြင့်သည်ထက်မြင်အောင်
ကြိုးစား ဖြတ်သန်းနိုင်ကြပါစေလို့
ပတ္ထနာပြု ရေးသားပူဇော်အပ်ပါသည်။

ရွှေမေတ္တာ- အရှင်သုမနသာရ
photo- crd

Unicode

ကဆုန်လပြည့် ဗုဒ္ဓနေ့(သို့)မာရ်အောင်နေ့🙏🙏

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့လို့
သတ်မှတ်ခဲ့ကြခြင်းအကြောင်း….

“ဗျာဒိတ် ဖွားမြင်
ဗောဓိပင် စံဝင်နိဗ္ဗာန်နန်း ဆိုတဲ့အတိုင်း´´

ဗုဒ္ဓမြတ်စွာဘုရားသည် ကဆုန်လပြည့်နေမှာ
၁။ ဗျာဒိတ်တော် ခံယူတော်မူခဲ့ခြင်း။
၂။ ဖွားမြင်တော်မူခဲ့ခြင်း။
၃။ ဗောဓိညောင်ပင်ရင်းမှာ ဘုရားအဖြစ်သို့
ရောက်တော်မူခဲ့ခြင်း။
၄။ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်း။

ထိုကဲ့သို့ ကဆုန်လပြည့်နေ့ဟာ
မြတ်စွာဘုရားရှင်နဲ့ပတ်သတ်ပြီး
တိုက်ဆိုင်မှု နေ့ထူးနေ့မြတ်များ ဖြစ်လို့
ကဆုန်လပြည့် ဗုဒ္ဓနေ့ ( ဗုဒ္ဓအခါတော်နေ့)ဟု
နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

မာရ်အောင်နေ့
မြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေမှာပဲ
မာရ်နတ်နဲ့ ရန်ကို အောင်မြင်တော်မူခဲ့လို့
မာန်အောင်နေ့လို့ သတ်မှတ်ခဲ့ကြသည်ဟု
မှတ်သားခဲ့ရပါတယ်။

နှစ်စဉ်ကဆုန်လပြည့်ရောက်တိုင်း
ဗောဓိပင်ကို ညောင်ရေသွန်းလောင်းရခြင်းအကြောင်း

၁။ မြတ်စွာဘုရားရှင်သည် ဗောဓိပင်ခြေရင်း၌
တရားကျင့်ကာ သဗ္ဗညုတဉာဏ်တော်ကို
ရရှိတော်မူပြီး ဘုရားအဖြစ်သို့
ရောက်ရှိတော်မူခဲ့ခြင်း။
၂။ ဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော်
(၇)ပါးတွင် ပါဝင်ခြင်း။

ထို့ကြောင့် ကဆုန်လပြည့်ရောက်တိုင်း
ဗောဓိပင်ကို ညောင်ရေသွန်းလောင်း
ပူဇော်ကြခြင်း ဖြစ်ပါတယ်။

ကဆုန်လပြည့်ရောက်တိုင်း
ဗုဒ္ဓဘာသာတို့၏ ကုသိုလ်ပြုကြခြင်း အစဉ်အလာ..

ကဆုန်လပြည့်ရောက်တိုင်း
ဗုဒ္ဓဘာသာဝင် သူတော်စင်အများ
ဘုရားသွား ကျောင်းတက်ကာ
ဒါန သီလ ဘာဝနာကုသိုလ်များ ပြုကြသလို
ရုပ်ပွားတော် စေတီတော်များကို
ဗုဒ္ဓါဘိသေက အနေကဇာတင်
ကုသိုလ်မင်္ဂလာများ ပြုလုပ်ကြသည်မှာ
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော
အစဉ်အလာဖြစ်ပါတယ်။

ထိုသို့သော နေ့ထူးနေ့မြတ်
အစဉ်အလာကောင်းများဖြစ်သော
ကဆုန်လပြည့်နေ့ကို
ကုသိုလ်ကောင်းမှုများ ပြုကြရင်း
ဘဝမြင့်သည်ထက်မြင်အောင်
ကြိုးစား ဖြတ်သန်းနိုင်ကြပါစေလို့
ပတ္ထနာပြု ရေးသားပူဇော်အပ်ပါသည်။

ရွှေမေတ္တာ- အရှင်သုမနသာရ
photo- crd