Knowledge

သာဓု ခေါ်ဆိုရခြင်း၏ အကျိုးကျေးဇူးများ

သာဓု ခေါ်ဆိုရခြင်း၏ အကျိုးကျေးဇူးများ

တချို့က သာဓု ခေါ်တဲ့ အကျိုးကိုပေါ့သေးသေး မှတ်နေကြတတ်တယ်။

သာဓု “တစ်ကြိမ်” ခေါ်ခဲ့ရင်တောင်နတ်ပြည်ထိ အကျိုးပေးပါတယ်။

ဝိမာနဝတ္တုမှာ နတ်ပြည်ရောက်ကြောင်း(၈၆)ခု ရှိတယ် လို့ ဟောကြား ထားပါတယ်။

သောတာပန် ဖြစ်ပြီး နတ်ပြည်ရောက်တာ (၅)ခု ၊ဘုရားကို ကြည်ညို၍ လက်အုပ်ချီယုံက (၂)ခု ၊ကျောင်းအလှူပွဲတွင် သာဓု ခေါ်ယုံမျှနှင့်(၂)ခု

သီလ သက်သက် ဖြည့်ကျင့်ယုံမျှဖြင့် (၂)ခု ၊ဒါန၊ သီလ ပူးတွဲကျင့်တာက (၇)ခု ၊ဒါန သက်သက်ဖြင့် (၆၈)ခု

ဗုဒ္ဓ ဘာသာ ဖြစ်ရခြင်း အကျိုးကိုပေါ့သေးသေး မမှတ်ကြပါနဲ့။

တသက်လုံး ကြိုးစားရှာဖွေလို့ ရရှိလာတဲ့လူ့စည်းစိမ်ကို ကြီးကျယ်ခမ်းနားတယ် ထင်နေကြတယ်။

သာဓု ခေါ်ယုံနဲ့တောင်နတ်ပြည် ရောက်စေနိုင်သည်ထိ အကျိုးပေးပါတယ်။

လူ့စည်းစိမ်ထက် သာတဲ့ နတ်စည်းစိမ်ကိုသာဓု ခေါ်ယုံနဲ့ ရတယ် ဆိုတော့ဗုဒ္ဓဘာသာဟာ ဘယ်လောက်ထိတန်ဖိုး ကြီးမားတယ် ဆိုတာ စဉ်းစားကြည့်ပေါ့။

ဒါကြောင့် သာဓု ခေါ်စရာ တွေ့တိုင်း၊ ကြုံတိုင်း ယုံယုံကြည်ကြည်နဲ့ သာဓု ခေါ်ကြဖို့ တိုက်တွန်းပါရစေ။

ခရစ်ပုံရိပ်

Unicode