Knowledge

ကပ်ဘေးအမျိုးမျိုးတို့မှ လွတ်ကင်းကြစေရန် “အဋ္ဌာနမေတံ” ဂါထာတော် ရွတ်ပါ

ဤဂါထာတော်သည်ကား….

ဗုဒ္ဓမြတ်စွာဘုရားရှင်ကို အရှင်ဒေဝဒတ် ကျောက်မောင်းဆင်၍လုပ်ကြံပြီးကာစ ပုထုဇဉ်ရဟန်းတော်တို့က ဗုဒ္ဓမြတ်စွာဘုရားရှင်အတွက်စိုးရိမ်ကြသဖြင့် တုတ် တောင်ဝှေး စသည်တို့ဖြင့် ဗုဒ္ဓဘုရားရှင်ကိုအကာအကွယ်ပေးရန်စုဝေးရောက်ရှိလာကြရာ ဗုဒ္ဓမြတ်စွာဘုရားရှင်က ကာကွယ်ပေးရန်မလိုကြောင်း ရှင်းလင်းမိန့်ကြားတော်မူရာတွင်တစ်ကြိမ်။

နောက်နေ့မြို့တွင်းသို့ဆွမ်းခံကြွမည့်အချိန် နာဠာဂီရိ ဆင်ဆိုးကြီးကို အရက်တိုက်ပြီး ဗုဒ္ဓဘုရားရှင်ကို လုပ်ကြံမည်ဖြစ်ကြောင်း သိရှိတော်မူသဖြင့် ညီတော်အရှင်အာနန္ဒာက ဗုဒ္ဓဘုရားရှင်၏ရှေ့မှ ကြွသွားပြီး ဘုရားရှင်ကိုအကာအကွယ်ပြုမည်ကို မလိုအပ်ကြောင်း အရှင်အာနန္ဒာအား မိန့်ကြားတော်မူရာတွင် တစ်ကြိမ်။

နှစ်ကြိမ်တိုင် “ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏ သဘာဝ မည်သူကမျှ မည်သို့မျှ ဘုရားရှင်တို့၏ အသက်ကိုလုပ်ကြံသတ်ဖြတ်၍ မရကြောင်း ဘုရားရှင်တို့သည် အချိန်တန်မှသာ မိမိတို့အလိုလိုသာ ပရိနိဗ္ဗာန်ပြုကြရမြဲဖြစ်ကြောင်း” မိန့်ကြားတော်မူသော ဂါထာတော်ဖြစ်၏။

“အဋ္ဌာန မေတံ ဘိက္ခဝေ အနဝကာသော၊

ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။”

(ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ ဟောတုသဗ္ဗဒါ။)

ဤဂါထာတော်၏ တန်ခိုးတော်သည် သက်တော်ရှည်စံကင်းဆရာတော်ဘုရားကြီး အိမ်ခြေတစ်ထောင်ကျော်ရှိသည့် စံကင်းရွာကြီး ပလိပ်ရောဂါကျရောက်နေ ရာ အကျဉ်းအကြပ်ထဲမှ ရွာသူရွာသားတို့၏ အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူခဲ့ရာတွင် ထင်ရှားတော်မူခဲ့၏။

(ယ္ခု မ ဟ န ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးဘဒ္ဒန္တကုမာရ အရွယ်ကောင်းစဉ် ကလည်း စံကင်းဆရာတော်ဘုရားကြီးက ထိုအကြောင်းမိန့်ကြား၍ အဋ္ဌာနမေတံ ဂါ ထာတော်နှင့် လူသားတို့၏အသက်ကိုကယ်ခါ သာသနာပြုရာ ပြုကြောင်း မိန့်ကြားတော်မူခဲ့ဖူး၏။)

“အဋ္ဌာန မေတံ” ဂါထာတော်ကို အချို့ကလည်း “သဗ္ဗသိဒ္ဓိ “ဂါထာတော်ဟု အမည်ခေါ်ဝေါ်ကြ၏။

မည်သို့ဆိုစေ “အဋ္ဌာန မေတံ”ဂါထာတော် ကိုနေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ပုဒ် ပါဒ်အက္ခရာ မှန်ကန်စွာရေးသား၍အိမ်၏ ဘုရားကျောင်းဆောင် အိမ်၏ လေးဘက်လေးတန် အိမ်ဝင်ပေါက် အပေါ် စသည်တို့၌ရိုသေစွာ ကပ်ထားခြင်း။

မိမိ၏အိတ် ဦးထုပ် စသည်တို့၌ ရိုသေစွာ(ရိုသေစွာ) ဆောင်ထားခြင်း စသဖြင့် မိမိတို့ဉာဏ် ရှိသလို အကာအကွယ်ယူ ထားနိုင်ပါကြောင်း။

ထိုသို့ဂါထာတော်၏ အကာအကွယ်ကို ရိုသေ ယုံကြည်စွာယူထားခြင်းဖြင့် (ဝဋ်ကြွေးမှ မရှိလျှင်)လုံးဝ အန္တရာယ်ကင်းပါကြောင်း သူတော်ကောင်းတို့ခင်ဗျား။

(ကျွန်ပ််ကိုယ်တိုင်-“အဋ္ဌာန မေတံ”ဂါထာ တော်၏ တန်ခိုးတော်ကြောင့် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ရပုံကို သူရဇ္ဇမဂ္ဂဇင်းတွင် ၂၀၀၅ ခုနှစ်က တစ်ကြိမ် ၂၀၀၈ ခုနှစ်က တစ်ကြိမ် နှစ်ကြိမ်တိုင် ကိုယ်တွေ့အဖြစ်မှန်ဝတ္ထုတိုများအဖြစ်ရေးသားခဲ့ပါ၏။)

နေ့စဉ်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြပါ သူတော်ကောင်းတို့။ဦးကျော်စိန်ဝင်း / ဉာဏိန္ဒ-ရေနံချောင်း။ ခရက်ဒစ်

Unicode