Unicode
ကျောက်ကပ်ရောဂါမဖြစ်အောင် ဒီ(၃)ချက်ကို ရှောင်ပါ
အခုဆိုရင် လူငယ်တော်တော်များများ ကျောက်ကပ်ရောဂါ အဖြစ်များလာကြပြီ မပေါ့ဆသင့်တော့ဘူး။ ကျောက်ကပ်ရောဂါ မဖြစ်အောင် ဒီအချက်တွေကို လိုက်နာကြပါ။
၁။ ရေကို လုံလောက်စွာ သောက်ပါ။
၂။ နွားနို့၊ ဒိန်ချဉ် သောက်ပါ။
၃။ ဆား၊ အငံတို့ကို လျှော့စားပါ။
၁။ ရေဓါတ်ပြည့်ဝနေလျှင် ခန္ဓာကိုယ်ဟာ ကျန်းမာနေ မည်။ ရေကို လုံလောက်စွာ သောက်ပေးပါ။ သင်အများဆုံး နေလေ့ရှိတဲ့နေရာအနားမှာ ရေဗူးကို အမြဲထားပါ။ ရေဆာတိုင်း သောက်ပေး ပါ။ ရေဓါတ် ခန်းခြောက်နေတဲ့ ကိုယ်ဟာ ကျောက်ကပ်ဖြစ်နိုင်ခြေ ၂၀ % ရှိပြီး ရေဓါတ်လုံလောက်နေလျှင် ၆၀% ကာကွယ်ပေးနိုင်ပါတယ်။
၂။ နွားနို့နဲ့ ဒိန်ချဉ်မှာ ပါရှိတဲ့ ကာလ်စီယမ်ဓါတ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီး ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ ၂၀ % အထိကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို နွားနို့်တစ်ခွက်၊ သို့မဟုတ် ဒိန်ချဉ် နှစ်ခွက် သောက်ပေးနိုင်ပါတယ်။
၃။ ဆားနှင့်အငံဓါတ်တို့ဟာ ကယ်လ်စီယမ်ဓါတ်ကို စွန့်ထုတ်မှုပိုများစေပြီး အရိုးသန်မာမှုကို လျှော့နည်းစေတဲ့ အပြင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်စေနိုင်ခြေကိုလည်း ပိုများစေသည့်အတွက် ဆားကို လျှော့စား သင့်ပါတယ်။
Credit : စောနွဲ့နေဆိုင်(ပူတာအို)